အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ ဘရူနို ဖာနန်ဒက်စ် ပါဝင်ခွင့်မရတာကြောင့် တန်ဟက် ဘယ်သူကိုပွဲထုတ်လာမလဲ…?

ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ ရခဲ့တဲ့အဝါကဒ်ကြောင်း ဘရူနို ဖာနန်ဒက်စ်ဟာ

အက်စတွန်ဗီလာနဲ့ ကစားမယ့် ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ ဝက်စ်ဟမ်းကို ( ၁-၀ ) အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ

ဂျာရတ် ဘိုးဝင်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အဝါကတ် ပြခံခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဥပေဒအရ အဝါကဒ် (၅)ကဒ်ပြည့်ရင် တစ်ပွဲပယ်ပြစ်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီပေါ်တူဂီလက်ရွေးစင် ကွင်းလယ်လူဟာ

လာမယ့် အပတ် ဗီလာပါ့ခ်မှာ ကစားရမယ့် အူနိုင်း အမ်မရီရဲ့ အသင်းနဲ့

ပွဲစဉ်ကို လွဲချော်ရ တော့မှာပါ။

ဒီရာသီအတွင်း ယူနိုက်တက်အတွက် ( ၂ ) ဂိုးပဲ သွင်းယူထားနိုင်သေးပေမယ့်

ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်မှာ အဲရစ်တန်ဟက်ရဲ့ အသင်းအတွက် မိနစ်တိုင်း ကစားပေးထားသလို

ဒီရာသီ ပရီးမီးယားလိဂ်ကစားသမားတွေထဲက ပြိုင်ပွဲအားလုံးမှာ သွင်းဂိုးအများဆုံးရရှိအောင်

စွမ်းဆောင်ပေးထားသူ လည်းဖြစ်နေပါတယ်။

ဂိုးပေါက်ကန်ချက်၊ ဂိုးသွင်းခွင့် ဖန်တီးနိုင်စွမ်း၊ ဂိုးဖန်တီးမှု စတဲ့ ဂိုးရရအောင် စွမ်းဆောင်မှုတွေမှာ

သူဟာ ၁၂၈ ကြိမ်တောင် စွမ်းဆောင်ထားနိုင်ပြီး အများဆုံးအဖြစ်ရပ်တည်နေပါတယ်။

ဒါကြောင့် အဲရစ် တင်ဟာ့ခ်အနေနဲ့ ဗီလာနဲ့ ပွဲစဉ် ပွဲထွက်လူစာရင်းမှာ

သူ အလိုမရှိတဲ့ အပြောင်းအလဲ တစ်ခု ပြုလုပ်သွားရပါတော့မယ်။

zawgyi

အက္စတြန္ဗီလာနဲ႔ပြဲစဥ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ ပါဝင္ခြင့္မရတာေၾကာင့္ တန္ဟက္ ဘယ္သူကိုပြဲထုတ္လာမလဲ…?

ဝက္စ္ဟမ္းအသင္းနဲ႔ပြဲစဥ္မွာ ရခဲ့တဲ့အဝါကဒ္ေၾကာင္း ဘ႐ူႏို ဖာနန္ဒက္စ္ဟာ

အက္စတြန္ဗီလာနဲ႔ ကစားမယ့္ ယူႏိုက္တက္ရဲ႕ ပရီးမီးယားလိဂ္ အေဝးကြင္းပြဲစဥ္ကို လြဲေခ်ာ္မွာ ျဖစ္ပါတယ္။

ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ဝက္စ္ဟမ္းကို ( ၁-၀ ) အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ

ဂ်ာရတ္ ဘိုးဝင္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ အဝါကတ္ ျပခံခဲ့ရပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ဥေပဒအရ အဝါကဒ္ (၅)ကဒ္ျပည့္ရင္ တစ္ပြဲပယ္ျပစ္ဒဏ္က်ခံရမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီေပၚတူဂီလက္ေ႐ြးစင္ ကြင္းလယ္လူဟာ

လာမယ့္ အပတ္ ဗီလာပါ့ခ္မွာ ကစားရမယ့္ အူႏိုင္း အမ္မရီရဲ႕ အသင္းနဲ႔

ပြဲစဥ္ကို လြဲေခ်ာ္ရ ေတာ့မွာပါ။ ဒီရာသီအတြင္း ယူႏိုက္တက္အတြက္

( ၂ ) ဂိုးပဲ သြင္းယူထားႏိုင္ေသးေပမယ့္ ဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္မွာ

အဲရစ္တန္ဟက္ရဲ႕ အသင္းအတြက္ မိနစ္တိုင္း ကစားေပးထားသလို

ဒီရာသီ ပရီးမီးယားလိဂ္ကစားသမားေတြထဲက

ၿပိဳင္ပြဲအားလုံးမွာ သြင္းဂိုးအမ်ားဆုံးရရွိေအာင္ စြမ္းေဆာင္ေပးထားသူ လည္းျဖစ္ေနပါတယ္။

ဂိုးေပါက္ကန္ခ်က္၊ ဂိုးသြင္းခြင့္ ဖန္တီးႏိုင္စြမ္း၊ ဂိုးဖန္တီးမႈ စတဲ့ ဂိုးရရေအာင္ စြမ္းေဆာင္မႈေတြမွာ

သူဟာ ၁၂၈ ႀကိမ္ေတာင္ စြမ္းေဆာင္ထားႏိုင္ၿပီး အမ်ားဆုံးအျဖစ္ရပ္တည္ေနပါတယ္။

ဒါေၾကာင့္ အဲရစ္ တင္ဟာ့ခ္အေနနဲ႔ ဗီလာနဲ႔ ပြဲစဥ္ ပြဲထြက္လူစာရင္းမွာ

သူ အလိုမရွိတဲ့ အေျပာင္းအလဲ တစ္ခု ျပဳလုပ္သြားရပါေတာ့မယ္။