အကောင်းဆုံးဆုရရှိခဲ့တဲ့အပြင် ဘောလုံးကျွမ်းကျင်သူတွေရဲ့ ချီးကျူးခြင်းကိုခံရတဲ့ ဂျိုးလင်တန်

နယူးကာဆယ်အသင်းရဲ့ဘရာဇီးကွင်းလယ်လူ ဂျိုးလင်တန်ဟာ

မန်ယူနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာခြေစွမ်းပြနိုင်ခဲ့ပြီး မန်ယူတစ် သင်းလုံးကို

သိမ်းပိုက်ထားနိုင်တဲ့အထိ စွမ်းဆောင်ပြခဲ့လို့ ဒီပွဲရဲ့အကောင်းဆုံးဆုရရှိခဲ့တဲ့အပြင်

ဘောလုံးကျွမ်းကျင်သူတွေရဲ့ ချီးကျူးခြင်းကိုခံနေရပါတယ်။

ဂျိုးလင်တန်ရဲ့ပုံမှန်ကစားနေကျနေရာဟာ တိုက်စစ်မှူးနေရာဖြစ်ပေမယ့်

နည်းပြသစ်အက်ဒီဟို ဝီက ကွင်းလယ်မှာနေရာချထားပြီး ကစားစေခဲ့ရာမှာ

သူကခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၂၀၁၉ တုန်းက ဟော် ဖန်ဟိမ်းကနေ

ပေါင်သန်း ၄၀ နဲ့ပြောင်းလာတဲ့သူဖြစ်ပြီး ခြေစွမ်းမပြနိုင်သလို ဂိုးတွေလည်း

ထင်သလေက်သွင်းယူနိုင်ခဲ့ခြင်းမရှိလို့ ဝေဖန်မှုတွေ ခံခဲ့ရသူဖြစ်ပါတယ်။

ဒါပေမယ့် ဟိုဝီရဲ့ပထမဆုံးပွဲဖြစ်တဲ့ နယူးကာဆယ်နဲ့ပွဲမှာ

တစ်ယောက်အထုတ်ခံရပြီးနောက် ဂျိုးလင်တန်ကို ကွင်းလယ်ဗဟိုဖြစ်တဲ့

ကျောနံပါတ် ၈ နေရာမှာကစားခိုင်းခဲ့ပြီး သူကလည်းခြေစွမ်းပြနိုင်ခဲ့တာပါ။

ဒါကြောင်လည်း မန်ယူနဲ့ပွဲ မှာ ကွင်းလယ်ဗဟို မှာဘဲကစားခဲ့ပြီး

သူ့ရဲ့နည်းစနစ်ပိုင်နိုင်မှု၊ နေရာလွတ်ရှာဖွေနိုင်မှု၊ အကျဥ်းအကျပ်ထဲမှာ

ဘောလုံးကိုထိန်း ချုပ်နိုင်ပြီးမန်ယူရဲ့တိုက်စစ်ပိုင်းကို

အကောင်းဆုံးဖျက်တောက်နိုင်ခဲ့လို့ အကောင်းဆုံးဆုကိုထိုက်တန်စွာရရှိခဲ့တာပါ။

ဂျိုးလင်တန်ဟာ ဒီပွဲမှာဘောလုံးထိချက် ၆၃ ကြိမ်၊ ဘောလုံးပေးပို့မှု

၃၃ ကြိမ်နဲ့ အောင်မြင်မှုနှုန်းက ၂၅ ကြိမ်၊ အခွင့်အရေးဖန်တီး မှုက ၃ ကြိမ်၊

ကြားဖျက်ဟန့်တားနိုင်မှု ၄ ကြိမ်၊ ဘောလုံးပြန်လည်ရယူနိုင်မှု ၁၁ ကြိမ်၊

တိုက်စစ်ကိုဘောလုံးနဲ့အတူလိုက်ပါမှု ၁၃ ကြိမ်ရှိခဲ့လို့ ကွင်းထဲမှာရှိတဲ့

ဘယ်ကစားသမားထက်မဆိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်လည်းပွဲအပြီး အင်တာဗျူးမှာသတင်းထောက်က

”ခင်ဗျားအဲ့ဒီလောက်ကောင်းလိမ့်မယ်မှန်း မသိခဲ့ဘူး” လို့ဝန်ခံခဲ့တဲ့ အထိဖြစ်ခဲ့သလို

ဘောလုံးဝေဖန်သုံးသပ်သူဖြစ်တဲ့ ကာရေဂါကလည်း

ကွင်းထဲမှာအကောင်းဆုံးကစားသမားက ဂျိုးလင်တန်သာ ဖြစ်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။

နယူးကာဆယ်ကွင်းလယ်လူ ရှိန်လောင်းစတက်ဖ်က”

ဂျိုးလင်တန်ဘယ်လောက်ကောင်းသလဲ ဆိုတာ ကျုပ်တို့ဘဲသိတယ်ဗျ။

ဒါကြောင့်သူ့ကိုစော်ကားဝေဖန်မှုတွေက ကျက်သရေမရှိပါဘူး။

သူသာခင်ဗျားရဲ့အသင်းမှာဆိုရင် သူ့အစွမ်းကြောင့်ခင်ဗျား စိတ်ပျက်နေရမယ်။

ဒီမှာရှိတဲ့သူတိုင်းက သူ့အစွမ်းကိုသိထားကြသူတွေချည်းဘဲ။

ဒါကြောင့်သူ့ကို အပြင်ကနေဝေဖန်သူတွေဟာ လေးစားမှုမရှိတာဘဲ” လို့ပြောသွားပါတယ်။

အသက် ၂၅ နှစ်ရှိတဲ့ ဂျိုးလင်တန်နဲ့ပတ်သက်လို့ နည်းပြဟိုဝီက

” နော်ဝစ်ချ်နဲ့ပွဲမှာကတည်းက သူအစွမ်းပြနိုင်တာပါ။ တကယ့်ကို

လက်ဖျားခါလောက်တဲ့သူပါဘဲ။ သူ့လုပ်အားနှုန်း နဲ့ ခံစစ်ကို ကူပေးနိုင်မှုတွေက

တကယ့်ကိုအံ့အားသင့်စရာကောင်းတယ်။ သူ့အတွက်

ဘယ်လိုဂုဏ်ပြုမှုမျိုးလုပ်ရမှန်းတောင် ကျွန်တော်မသိတော့ဘူး” လို့ပြောသွားပါတယ်။

zawgyi

အေကာင္းဆုံးဆုရရွိခဲ့တဲ့အျပင္ ေဘာလုံးကြၽမ္းက်င္သူေတြရဲ႕ ခ်ီးက်ဴးျခင္းကိုခံရတဲ့ ဂ်ိဳးလင္တန္

နယူးကာဆယ္အသင္းရဲ႕ဘရာဇီးကြင္းလယ္လူ ဂ်ိဳးလင္တန္ဟာ

မန္ယူနဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲမွာေျခစြမ္းျပႏိုင္ခဲ့ၿပီး မန္ယူတစ္ သင္းလုံးကို

သိမ္းပိုက္ထားႏိုင္တဲ့အထိ စြမ္းေဆာင္ျပခဲ့လို႔ ဒီပြဲရဲ႕အေကာင္းဆုံးဆုရရွိခဲ့တဲ့အျပင္

ေဘာလုံးကြၽမ္းက်င္သူေတြရဲ႕ ခ်ီးက်ဴးျခင္းကိုခံေနရပါတယ္။

ဂ်ိဳးလင္တန္ရဲ႕ပုံမွန္ကစားေနက်ေနရာဟာ တိုက္စစ္မႉးေနရာျဖစ္ေပမယ့္

နည္းျပသစ္အက္ဒီဟို ဝီက ကြင္းလယ္မွာေနရာခ်ထားၿပီး ကစားေစခဲ့ရာမွာ

သူကေျခစြမ္းျပႏိုင္ခဲ့တာျဖစ္ပါတယ္။ သူဟာ ၂၀၁၉ တုန္းက ေဟာ္ ဖန္ဟိမ္းကေန

ေပါင္သန္း ၄၀ နဲ႔ေျပာင္းလာတဲ့သူျဖစ္ၿပီး ေျခစြမ္းမျပႏိုင္သလို ဂိုးေတြလည္း

ထင္သေလက္သြင္းယူႏိုင္ခဲ့ျခင္းမရွိလို႔ ေဝဖန္မႈေတြ ခံခဲ့ရသူျဖစ္ပါတယ္။

ဒါေပမယ့္ ဟိုဝီရဲ႕ပထမဆုံးပြဲျဖစ္တဲ့ နယူးကာဆယ္နဲ႔ပြဲမွာ

တစ္ေယာက္အထုတ္ခံရၿပီးေနာက္ ဂ်ိဳးလင္တန္ကို ကြင္းလယ္ဗဟိုျဖစ္တဲ့

ေက်ာနံပါတ္ ၈ ေနရာမွာကစားခိုင္းခဲ့ၿပီး သူကလည္းေျခစြမ္းျပႏိုင္ခဲ့တာပါ။

ဒါေၾကာင္လည္း မန္ယူနဲ႔ပြဲ မွာ ကြင္းလယ္ဗဟို မွာဘဲကစားခဲ့ၿပီး

သူ႔ရဲ႕နည္းစနစ္ပိုင္ႏိုင္မႈ၊ ေနရာလြတ္ရွာေဖြႏိုင္မႈ၊ အက်ဥ္းအက်ပ္ထဲမွာ

ေဘာလုံးကိုထိန္း ခ်ဳပ္ႏိုင္ၿပီးမန္ယူရဲ႕တိုက္စစ္ပိုင္းကို

အေကာင္းဆုံးဖ်က္ေတာက္ႏိုင္ခဲ့လို႔ အေကာင္းဆုံးဆုကိုထိုက္တန္စြာရရွိခဲ့တာပါ။

ဂ်ိဳးလင္တန္ဟာ ဒီပြဲမွာေဘာလုံးထိခ်က္ ၆၃ ႀကိမ္၊ ေဘာလုံးေပးပို႔မႈ

၃၃ ႀကိမ္နဲ႔ ေအာင္ျမင္မႈႏႈန္းက ၂၅ ႀကိမ္၊ အခြင့္အေရးဖန္တီး မႈက ၃ ႀကိမ္၊

ၾကားဖ်က္ဟန႔္တားႏိုင္မႈ ၄ ႀကိမ္၊ ေဘာလုံးျပန္လည္ရယူႏိုင္မႈ ၁၁ ႀကိမ္၊

တိုက္စစ္ကိုေဘာလုံးနဲ႔အတူလိုက္ပါမႈ ၁၃ ႀကိမ္ရွိခဲ့လို႔ ကြင္းထဲမွာရွိတဲ့

ဘယ္ကစားသမားထက္မဆိုေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ျဖစ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းပြဲအၿပီး အင္တာဗ်ဴးမွာသတင္းေထာက္က

”ခင္ဗ်ားအဲ့ဒီေလာက္ေကာင္းလိမ့္မယ္မွန္း မသိခဲ့ဘူး” လို႔ဝန္ခံခဲ့တဲ့ အထိျဖစ္ခဲ့သလို

ေဘာလုံးေဝဖန္သုံးသပ္သူျဖစ္တဲ့ ကာေရဂါကလည္း

ကြင္းထဲမွာအေကာင္းဆုံးကစားသမားက ဂ်ိဳးလင္တန္သာ ျဖစ္ခဲ့တယ္လို႔

ခ်ီးက်ဴးခဲ့ပါတယ္။ နယူးကာဆယ္ကြင္းလယ္လူ ရွိန္ေလာင္းစတက္ဖ္က”

ဂ်ိဳးလင္တန္ဘယ္ေလာက္ေကာင္းသလဲ ဆိုတာ က်ဳပ္တို႔ဘဲသိတယ္ဗ်။

ဒါေၾကာင့္သူ႔ကိုေစာ္ကားေဝဖန္မႈေတြက က်က္သေရမရွိပါဘူး။

သူသာခင္ဗ်ားရဲ႕အသင္းမွာဆိုရင္ သူ႔အစြမ္းေၾကာင့္ခင္ဗ်ား စိတ္ပ်က္ေနရမယ္။

ဒီမွာရွိတဲ့သူတိုင္းက သူ႔အစြမ္းကိုသိထားၾကသူေတြခ်ည္းဘဲ။

ဒါေၾကာင့္သူ႔ကို အျပင္ကေနေဝဖန္သူေတြဟာ ေလးစားမႈမရွိတာဘဲ” လို႔ေျပာသြားပါတယ္။

အသက္ ၂၅ ႏွစ္ရွိတဲ့ ဂ်ိဳးလင္တန္နဲ႔ပတ္သက္လို႔ နည္းျပဟိုဝီက

” ေနာ္ဝစ္ခ်္နဲ႔ပြဲမွာကတည္းက သူအစြမ္းျပႏိုင္တာပါ။ တကယ့္ကို

လက္ဖ်ားခါေလာက္တဲ့သူပါဘဲ။ သူ႔လုပ္အားႏႈန္း နဲ႔ ခံစစ္ကို ကူေပးႏိုင္မႈေတြက

တကယ့္ကိုအံ့အားသင့္စရာေကာင္းတယ္။ သူ႔အတြက္

ဘယ္လိုဂုဏ္ျပဳမႈမ်ိဳးလုပ္ရမွန္းေတာင္ ကြၽန္ေတာ္မသိေတာ့ဘူး” လို႔ေျပာသြားပါတယ္။