အကောင်းဆုံးဂိုးသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ မန်ဒီ၊ ဒွန်နာရမ်မာနဲ့ နာမည်ကျော်ကစားသမားတွေပါဝင်

 

နာမည်ကျော် ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်မယ့် ၂၀၂၁ ခုနှစ်ရဲ့အကောင်းဆုံးဂိုးသမားဆုအတွက် ဆန်ခါတင်(၁၀)ဦးစာရင်းမှာ

ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းနဲ့အတူချန်ပီယံဆုဖလားရယူနိုင်ခဲ့တဲ့ ဂိုးသမားမန်ဒီပါဝင်ခဲ့ပြီး ဆုရရှိဖို့ တခြားထိပ်သီးဂိုးသမားတွေနဲ့အပြိုင်ကြိုးပမ်းရမှာဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းဟာ ဆိုဗီယက်ယူနီယံ(ရုရှား)ဂန္ထဝင်ဂိုးသမားကြီးလက်ဗ်ယာရှင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၁၉ ခုနှစ်ကစတင်ပြီးတော့ Yashin Trophy ဆိုတဲ့နာမည်နဲ့ အကောင်းဆုံးဂိုးသမားဆုချီးမြှင့်ခဲ့တာဖြစ်ပြီး ဒီဆုကို Ballon d’Or ဆုပေးပွဲအခမ်းအနားမှာတစ်ပါတည်း ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ မန်ဒီကို ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလတုန်းက ရန်းစ်အသင်းကနေ ပေါင်(၂၂)သန်းနဲ့မထင်မှတ်ဘဲခေါ်ယူခဲ့တာဖြစ်ပြီး မန်ဒီဟာ အသင်းရဲ့ဂိုးပေါက်မှာလက်စွမ်းပြကာကွယ်နိုင်ခဲ့သလို ဆယ်စုနှစ်တစ်ခုကြာဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလားရရှိအောင်စွမ်းဆောင်နိုင်ခဲ့သူပါ။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့မန်ဒီရဲ့ကစားသမားဘဝမှာ ပထမဆုံးအဓိကဆုဖလားအဖြစ် ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့တဲ့အပြင် အခု တစ်ဦးချင်းအကောင်းဆုံးဆုဖြစ်တဲ့ Yashin Trophy ဆုကိုလည်း ပိုင်ဆိုင်နိုင်ဖို့မျှော်လင့်ချက်ရှိနေပါပြီ။ ဒါပေမဲ့လည်း မန်ဒီအနေနဲ့ ဒီဆုအတွက် တခြားနာမည်ကျော်ဂိုးသမားတွေနဲ့အပြိုင်ကြိုးပမ်းရမှာဖြစ်ပြီး အဓိကပြိုင်ဘက်ဖြစ်လာနိုင်တာက အီတလီအသင်းနာမည်ကျော်ဂိုးသမားဒွန်နာရမ်မာပဲဖြစ်ပါတယ်။

ဒွန်နာရမ်မာဟာ ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲတုန်းက အီတလီအသင်းဗိုလ်စွဲအောင်လက်စွမ်းပြခဲ့ပြီး ဗိုလ်လုပွဲတုန်းက အင်္ဂလန်အသင်းရဲ့ပယ်နယ်တီကန်ချက်တွေကို ကာကွယ်ခဲ့သလို ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားဆုရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒွန်နာရမ်မာဟာ ပြီးခဲ့တဲ့လတုန်းက မန်စီးတီးအသင်းကို(၂-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာလည်း အသင်းသစ် PSG အတွက် လက်စွမ်းပြကာကွယ်မှုတွေပြုလုပ်ခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုရယူခဲ့တဲ့အပြင် ရာသီတစ်လျှောက်လုံး (၃၂)ဂိုးသာပေးခဲ့ရတဲ့ ဘရာဇီးလ်လက်ရွေးစင်ဂိုးသမားအီဒါဆင်ဟာလည်း အခုဆန်ခါတင်(၁၀)ဦးစာရင်းထဲမှာပါဝင်ခဲ့သလို သူနဲ့အတူ ကတ်စ်ပါရှမိုက်ကယ်(လက်စတာ/ဒိန်းမတ်)၊ မာတီနက်ဇ်(ဗီလာ/အာဂျင်တီးနား)၊ နာဗတ်စ်(PSG/ကော်စတာရီကာ)၊ နူအာ(ဘိုင်ယန်မြူးနစ်/ဂျာမနီ)၊ ကော်တွာ(ရီးယဲလ်/ဘယ်လ်ဂျီယံ)၊ ဟန်ဒါနိုဗစ်(အင်တာမီလန်/ဆလိုဗေးနီးယား)၊ အိုဘလက်ခ်(အက်သလက်တီကို/ဆလိုဗေးနီးယား)တို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။

Yashin Trophy ဆုအတွက် Ballon d’Or ဆုရရှိခဲ့တဲ့ ကစားသမားဟောင်းတွေက မဲပေးကြမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်က လီဗာပူးလ်အသင်းရဲ့ဘရာဇီးလ်လက်ရွေးစင်ဂိုးသမားအယ်လစ်ဆင်က ဆုရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်မှာတော့ ကိုဗစ်ရောဂါဆိုးကြောင့် ဆုမချီးမြှင့်ခဲ့ပါဘူး။

zawgyi

အေကာင္းဆုံးဂိုးသမားဆုအတြက္ ဆန္ခါတင္စာရင္းမွာ မန္ဒီ၊ ဒြန္နာရမ္မာနဲ႔ နာမည္ေက်ာ္ကစားသမားေတြပါဝင္

နာမည္ေက်ာ္ ျပင္သစ္ေဘာလုံးမဂၢဇင္းက ခ်ီးျမႇင့္မယ့္ ၂၀၂၁ ခုႏွစ္ရဲ႕အေကာင္းဆုံးဂိုးသမားဆုအတြက္ ဆန္ခါတင္(၁၀)ဦးစာရင္းမွာ ၿပီးခဲ့တဲ့ရာသီက ခ်ယ္လ္ဆီးအသင္းနဲ႔အတူခ်န္ပီယံဆုဖလားရယူႏိုင္ခဲ့တဲ့ ဂိုးသမားမန္ဒီပါဝင္ခဲ့ၿပီး ဆုရရွိဖို႔ တျခားထိပ္သီးဂိုးသမားေတြနဲ႔အၿပိဳင္ႀကိဳးပမ္းရမွာျဖစ္ပါတယ္။

ျပင္သစ္ေဘာလုံးမဂၢဇင္းဟာ ဆိုဗီယက္ယူနီယံ(႐ုရွား)ဂႏၴဝင္ဂိုးသမားႀကီးလက္ဗ္ယာရွင္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ၂၀၁၉ ခုႏွစ္ကစတင္ၿပီးေတာ့ Yashin Trophy ဆိုတဲ့နာမည္နဲ႔ အေကာင္းဆုံးဂိုးသမားဆုခ်ီးျမႇင့္ခဲ့တာျဖစ္ၿပီး ဒီဆုကို Ballon d’Or ဆုေပးပြဲအခမ္းအနားမွာတစ္ပါတည္း ခ်ီးျမႇင့္သြားမွာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ မန္ဒီကို ၿပီးခဲ့တဲ့ႏွစ္၊ စက္တင္ဘာလတုန္းက ရန္းစ္အသင္းကေန ေပါင္(၂၂)သန္းနဲ႔မထင္မွတ္ဘဲေခၚယူခဲ့တာျဖစ္ၿပီး မန္ဒီဟာ အသင္းရဲ႕ဂိုးေပါက္မွာလက္စြမ္းျပကာကြယ္ႏိုင္ခဲ့သလို ဆယ္စုႏွစ္တစ္ခုၾကာေဝးကြာေနတဲ့ ခ်န္ပီယံလိဂ္ဖလားရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့သူပါ။

အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့မန္ဒီရဲ႕ကစားသမားဘဝမွာ ပထမဆုံးအဓိကဆုဖလားအျဖစ္ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခဲ့တဲ့အျပင္ အခု တစ္ဦးခ်င္းအေကာင္းဆုံးဆုျဖစ္တဲ့ Yashin Trophy ဆုကိုလည္း ပိုင္ဆိုင္ႏိုင္ဖို႔ေမွ်ာ္လင့္ခ်က္ရွိေနပါၿပီ။ ဒါေပမဲ့လည္း မန္ဒီအေနနဲ႔ ဒီဆုအတြက္ တျခားနာမည္ေက်ာ္ဂိုးသမားေတြနဲ႔အၿပိဳင္ႀကိဳးပမ္းရမွာျဖစ္ၿပီး အဓိကၿပိဳင္ဘက္ျဖစ္လာႏိုင္တာက အီတလီအသင္းနာမည္ေက်ာ္ဂိုးသမားဒြန္နာရမ္မာပဲျဖစ္ပါတယ္။

ဒြန္နာရမ္မာဟာ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝၿပိဳင္ပြဲတုန္းက အီတလီအသင္းဗိုလ္စြဲေအာင္လက္စြမ္းျပခဲ့ၿပီး ဗိုလ္လုပြဲတုန္းက အဂၤလန္အသင္းရဲ႕ပယ္နယ္တီကန္ခ်က္ေတြကို ကာကြယ္ခဲ့သလို ၿပိဳင္ပြဲတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားဆုရရွိခဲ့ပါတယ္။ ဒါ့အျပင္ ဒြန္နာရမ္မာဟာ ၿပီးခဲ့တဲ့လတုန္းက မန္စီးတီးအသင္းကို(၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာလည္း အသင္းသစ္ PSG အတြက္ လက္စြမ္းျပကာကြယ္မႈေတြျပဳလုပ္ခဲ့သူျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီက မန္စီးတီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဆုရယူခဲ့တဲ့အျပင္ ရာသီတစ္ေလွ်ာက္လုံး (၃၂)ဂိုးသာေပးခဲ့ရတဲ့ ဘရာဇီးလ္လက္ေ႐ြးစင္ဂိုးသမားအီဒါဆင္ဟာလည္း အခုဆန္ခါတင္(၁၀)ဦးစာရင္းထဲမွာပါဝင္ခဲ့သလို သူနဲ႔အတူ ကတ္စ္ပါရွမိုက္ကယ္(လက္စတာ/ဒိန္းမတ္)၊ မာတီနက္ဇ္(ဗီလာ/အာဂ်င္တီးနား)၊ နာဗတ္စ္(PSG/ေကာ္စတာရီကာ)၊ ႏူအာ(ဘိုင္ယန္ျမဴးနစ္/ဂ်ာမနီ)၊ ေကာ္တြာ(ရီးယဲလ္/ဘယ္လ္ဂ်ီယံ)၊ ဟန္ဒါႏိုဗစ္(အင္တာမီလန္/ဆလိုေဗးနီးယား)၊ အိုဘလက္ခ္(အက္သလက္တီကို/ဆလိုေဗးနီးယား)တို႔လည္း ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

Yashin Trophy ဆုအတြက္ Ballon d’Or ဆုရရွိခဲ့တဲ့ ကစားသမားေဟာင္းေတြက မဲေပးၾကမွာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္က လီဗာပူးလ္အသင္းရဲ႕ဘရာဇီးလ္လက္ေ႐ြးစင္ဂိုးသမားအယ္လစ္ဆင္က ဆုရရွိခဲ့ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္မွာေတာ့ ကိုဗစ္ေရာဂါဆိုးေၾကာင့္ ဆုမခ်ီးျမႇင့္ခဲ့ပါဘူး။