
ဖီဖာဥက္ကဌအင်ဖန်တီနိုက အနောက်နိုင်ငံတွေရဲ့ ကာတာအပေါ်လူ့အခွင့်အရေးအစီရင်ခံစာတွေဟာ ‘အရေခြုံသက်သက်’ သာဖြစ်တယ်လို့စွပ်စွဲလိုက်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ





အကောင်းဆုံးကမ္ဘာ့ဖလားကိုမြင်တွေ့ရစေမယ်လို့ ကတိပေးလိုက်ပါတယ်။ “ဒီနေ့တော့ ကျွန်တော့်ရဲ့ခံစားချက်တွေ ပြင်းပြနေတယ်။ ကာတာသားတစ်ယောက်လိုခံစားနေရတယ်၊ အာရပ်တစ်ယောက်လိုခံစားချက်ပါ။





အာဖရိကန်လိုခံစားရတယ်၊ ဂေးတစ်ယောက်လိုလည်းခံစားရတယ်၊ ဒုက္ခိတ တစ်ယောက်လိုလည်းခံစားရတယ်၊ ရွှေ့ပြောင်းလုပ်သားတစ်ယောက်လိုလည်းခံစားရတယ်” လို့ အင်ဖန်တီနိုကဆိုခဲ့ပါတယ်။
သူ့ရဲ့မှတ်ချက်တွေကတော့ နိုင်ငံတစ်ဝှမ်းဆောက်လုပ်ရေးအလုပ်သမားတွေ၊ ကာတာရဲ့ဆက်ဆံပုံ၊ မသန်စွမ်းသူတွေနဲ့ LGBTQ+ အသိုင်းအဝိုင်းတို့အပါအဝင် ပြိုင်ပွဲပတ်ပတ်လည်မှာရှိတဲ့အငြင်းပွားမှုတွေကို
ရည်ညွှန်းခဲ့တာဖြစ်တယ်။ ဆက်လက်ပြီး အင်ဖန်တီနိုဟာ အနောက်နိုင်ငံတွေဟာ ပင်လယ်ကွေ့နိုင်ငံကို မေးခွန်းထုတ်တာမျိုးတွေမရှိဘူးလို့ ဆိုခဲ့ပါတယ်။ “ကျွန်တော်က ဥရောပသားပါ။ ကမ္ဘာတစ်ဝှမ်းမှာ





နှစ်ပေါင်း ၃၀၀၀ လုံးလုံး ငါတို့လုပ်ခဲ့တဲ့အရာတွေအတွက် ကျင့်ဝတ်ဆိုင်ရာသင်ခန်းစာတွေ မပေးခင် နောက်နှစ်ပေါင်း ၃၀၀၀အတွက် တောင်းပန်သင့်ပါတယ်။ ဥရောပက ဒီလူတွေရဲ့ကံကြမ္မာကိုဂရုစိုက်ကြတယ်၊
သူတို့ဟာ ကာတာလိုတရားဝင်လမ်းကြောင်းတွေဖန်တီးနိုင်တယ်။ ဒီအလုပ်သမားအတော်များများက ဥရောပမှာအလုပ်လာလုပ်နိုင်ကြတယ်။ သူတို့ရဲ့အနာဂါတ်အတွက် မျှော်လင့်ချက်တစ်ခုပေးလိုက်ပါ။





ဝေဖန်တာကိုနားလည်ဖို့ဆိုတာ အခက်အခဲရှိတယ်။ ဒီလူတွေကိုကူညီဖို့၊ ပညာရေးမှာရင်းနှီးမြုပ်နှံပြီး အနာဂါတ်နဲ့မျှော်လင့်ချက်တွေပေးစွမ်းဖို့လိုပါတယ်။ ကျွန်တော်တို့အားလုံး ကိုယ့်ကိုကိုယ်ပညာပေးသင့်ပါတယ်၊
အရာရာတိုင်းကမပြည့်စုံပေမဲ့ ပြုပြင်ပြောင်းလဲဖို့အတွက်အချိန်ယူဖို့လိုပါတယ်။ တစ်ဖတ်သက်ကျင့်ဝတ်သင်ခန်းစာဟာ အရေခြုံသက်သက်ဖြစ်တယ်…ကာတာဟာ အဆင်သင့်ဖြစ်နေပြီ။ ဒါဟာ





အကောင်းဆုံးကမ္ဘာ့ဖလားဖြစ်လာပါလိမ့်မယ်” လို့ ဖီဖာဥက္ကဌက ပြောဆိုသွားပါတယ်။
(Zawgyi)





အေကာင္းဆုံးကမာၻ႔ဖလားျဖစ္လာရမယ္လို႔ ဖီဖာဥကၠဌအင္ဖန္တီႏို ကတိေပး
ဖီဖာဥကၠဌအင္ဖန္တီႏိုက အေနာက္ႏိုင္ငံေတြရဲ႕ ကာတာအေပၚလူ႔အခြင့္အေရးအစီရင္ခံစာေတြဟာ ‘အေရၿခဳံသက္သက္’ သာျဖစ္တယ္လို႔စြပ္စြဲလိုက္ၿပီး လာမယ့္ရက္ပိုင္းအတြင္းမွာ
အေကာင္းဆုံးကမာၻ႔ဖလားကိုျမင္ေတြ႕ရေစမယ္လို႔ ကတိေပးလိုက္ပါတယ္။ “ဒီေန႔ေတာ့ ကြၽန္ေတာ့္ရဲ႕ခံစားခ်က္ေတြျပင္းျပေနတယ္။ ကာတာသားတစ္ေယာက္လိုခံစားေနရတယ္၊





အာရပ္တစ္ေယာက္လိုခံစားခ်က္ပါ။ အာဖရိကန္လိုခံစားရတယ္၊ ေဂးလ္တစ္ေယာက္လိုလည္းခံစားရတယ္၊ ဒုကၡိတတစ္ေယာက္လိုလည္းခံစားရတယ္၊ ေ႐ႊ႕ေျပာင္းလုပ္သားတစ္ေယာက္လိုလည္းခံစားရတယ္” လို႔
အင္ဖန္တီႏိုကဆိုခဲ့ပါတယ္။ သူ႔ရဲ႕မွတ္ခ်က္ေတြကေတာ့ ႏိုင္ငံတစ္ဝွမ္းေဆာက္လုပ္ေရးအလုပ္သမားေတြ၊ ကာတာရဲ႕ဆက္ဆံပုံ၊ မသန္စြမ္းသူေတြနဲ႔ LGBTQ+ အသိုင္းအဝိုင္းတို႔အပါအဝင္





ၿပိဳင္ပြဲပတ္ပတ္လည္မွာရွိတဲ့အျငင္းပြားမႈေတြကို ရည္ၫႊန္းခဲ့တာျဖစ္တယ္။ ဆက္လက္ၿပီး အင္ဖန္တီႏိုဟာ အေနာက္ႏိုင္ငံေတြဟာ ပင္လယ္ေကြ႕ႏိုင္ငံကို ေမးခြန္းထုတ္တာမ်ိဳးေတြမရွိဘူးလို႔ ဆိုခဲ့ပါတယ္။
“ကြၽန္ေတာ္က ဥေရာပသားပါ။ ကမာၻတစ္ဝွမ္းမွာ ႏွစ္ေပါင္း ၃၀၀၀ လုံးလုံး ငါတို႔လုပ္ခဲ့တဲ့အရာေတြအတြက္ က်င့္ဝတ္ဆိုင္ရာသင္ခန္းစာေတြမေပးခင္ ေနာက္ႏွစ္ေပါင္း ၃၀၀၀အတြက္
ေတာင္းပန္သင့္ပါတယ္။ ဥေရာပက ဒီလူေတြရဲ႕ကံၾကမၼာကိုဂ႐ုစိုက္ၾကတယ္၊ သူတို႔ဟာ ကာတာလိုတရားဝင္လမ္းေၾကာင္းေတြဖန္တီးႏိုင္တယ္။ ဒီအလုပ္သမားအေတာ္မ်ားမ်ားက





ဥေရာပမွာအလုပ္လာလုပ္ႏိုင္ၾကတယ္။ သူတို႔ရဲ႕အနာဂါတ္အတြက္ ေမွ်ာ္လင့္ခ်က္တစ္ခုေပးလိုက္ပါ။ ေဝဖန္တာကိုနားလည္ဖို႔ဆိုတာ အခက္အခဲရွိတယ္။ ဒီလူေတြကိုကူညီဖို႔၊
ပညာေရးမွာရင္းႏွီးျမဳပ္ႏွံၿပီး အနာဂါတ္နဲ႔ေမွ်ာ္လင့္ခ်က္ေတြေပးစြမ္းဖို႔လိုပါတယ္။ ကြၽန္ေတာ္တို႔အားလုံး ကိုယ့္ကိုကိုယ္ပညာေပးသင့္ပါတယ္၊





အရာရာတိုင္းကမျပည့္စုံေပမဲ့ ျပဳျပင္ေျပာင္းလဲဖို႔အတြက္အခ်ိန္ယူဖို႔လိုပါတယ္။ တစ္ဖတ္သက္က်င့္ဝတ္သင္ခန္းစာဟာ အေရၿခဳံသက္သက္ျဖစ္တယ္…ကာတာဟာ အဆင္သင့္ျဖစ္ေနၿပီ။
ဒါဟာ အေကာင္းဆုံးကမာၻ႔ဖလားျဖစ္လာပါလိမ့္မယ္” လို႔ ဖီဖာဥကၠဌက ေျပာဆိုသြားပါတယ္။