အကုန်လုံးက ကျွန်တော်တို့ အမှားကြောင့်ပါဆိုတဲ့ ဟန်ဆီဖလစ်

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု အဆင့်ကနေပြီး ထွက်ခဲ့ရတာနဲ့ ပတ်သက်ပြီး ဂျာမနီ အသင်းအနေနဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရမှာဖြစ်တယ်လို့ နည်းပြ ဟန်ဆီဖလစ်က ပြောဆိုလိုက်ပြီး

အိပ်မက်ဆိုးကနေ မကြာခင်အချိန်အတွင်း မှာ ရုန်းထနိုင်ဖို့ ယုံကြည်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ ကော်စတာရီကာ နဲ့ ကစားခဲ့တဲ့ အုပ်စု နောက်ဆုံးပွဲစဉ်မှာ ၄-၂ ဆိုတဲ့ ရလဒ်ကောင်းတစ်ခု ရခဲ့ပေမဲ့

တစ်ဖက်မှာ ဂျပန်က စပိန်ကို အနိုင်ယူပြီး အုပ်စု ထိပ်ဆုံးနေရာကို ရသွားခဲ့ တာကြောင့် ဂျာမနီဟာ စပိန်နဲ့ ရမှတ်ချင်း တူညီနေခဲ့ပေမဲ့ ဂိုးကွာခြားချက် ရှိတာကြောင့် နောက်တစ်ဆင့် မတက်နိုင်ခဲ့ပါဘူး။

ဒါပေမဲ့လည်း ကမ္ဘာ့ဖလား ကို ၄ ကြိမ် ရယူထားနိုင်တဲ့ ဂျာမနီအသင်းနည်းပြ ဟန်ဆီဖလစ်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ အကြောင်းတွေ အများကြီး ရှိနေပေမဲ့ လည်း ဆင်ခြေတော့ပေးမှာ

မဟုတ်ဘူးလို့ ကော်စတာရီကာနဲ့ ပွဲစဉ်အပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ ‘’တခြားအသင်းတွေအကြောင်း ကျွန်တော် အလေးမထားပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အပေါ်မှာပဲ မူတည်တာလေ။

ပြီးခဲ့တဲ့ ပွဲတွေနဲ့ ဂိုးတွေကို ကြည့်လိုက်လေ။ အကုန်လုံးက ကျွန်တော် တို့ အမှားကြောင့်ပဲ။ စပိန်ကို ကျော်ဖြတ်ပြီး အုပ်စုတက်နိုင်ဖို့အတွက် နောက် ဆုံးပွဲစဉ်မှာ ကျွန်တော်တို့ အခွင့်အရေး ရှိခဲ့တယ်လို့ ထင်ခဲ့တာပါ။

ဒါပေမဲ့ အဲဒီ လိုအခွင့်အရေးမျိုးကိုအရယူပြီး ဂိုးတွေ သွင်းရမှာပါ။ အဲဒီလိုဆိုရင်တော့ ကျွန် တော်တို့အတွက် မတူကွဲပြားတဲ့ အခြေအနေမျိုး ဖြစ်ပါလိမ့်မယ်။ ဂျာမနီ အသင်း ထွက်သွားရတဲ့အတွက်

အကြောင်းတရားတွေကတော့ အများကြီး ပါ။ ဒါပေမဲ့ ကျွန်တော် ဆင်ခြေတော့ ရှာမနေပါဘူးဗျာ။ လေ့ကျင့်ဖို့ အချိန် လည်း အများကြီး မရှိခဲ့ဘူး။ ဒါပေမဲ့ အဲဒီအတွက်တော့ မဟုတ်ပါဘူး။ ကျွန် တော်တို့

တာဝန်ကို ကျွန်တောတို့ ဒီနေ့မှာ လုပ်ခဲ့ပါတယ်။ အနိုင်ရလဒ်နဲ့အတူ ကွင်းထဲက ထွက်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ ပိုကောင်းတဲ့ ရလဒ်မျိုး မဟုတ်ခဲ့ တာပါပဲ’’ လို့ ဘိုင်ယန်မြူးနစ် နည်းပြဟောင်းက ပြောဆိုသွားခဲ့ပါတယ်။

အခုလိုမျိုး အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ ဂျာမနီအသင်းဟာ ကမ္ဘာ့ဖ လား ပြိုင်ပွဲ နှစ်ကြိမ်ဆက်တိုက် အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတဲ့အသင်းဖြစ် ပြီး နည်းပြ ဟန်ဆီဖလစ်ရဲ့ အနာဂတ်အပေါ်မှာလည်း

မေးခွန်းထုတ်မှုတွေ ရှိလာနေပြီဖြစ်ပါတယ်။

(Zawgyi)

အကုန္လုံးက ကြၽန္ေတာ္တို႔ အမွားေၾကာင့္ပါဆိုတဲ့ ဟန္ဆီဖလစ္

ကမာၻ႔ဖလားၿပိဳင္ပြဲ အုပ္စု အဆင့္ကေနၿပီး ထြက္ခဲ့ရတာနဲ႔ ပတ္သက္ၿပီး ဂ်ာမနီ အသင္းအေနနဲ႔ ကိုယ့္ကိုယ္ကိုယ္သာ အျပစ္တင္ရမွာျဖစ္တယ္လို႔ နည္းျပ ဟန္ဆီဖလစ္က ေျပာဆိုလိုက္ၿပီး အိပ္မက္ဆိုးကေန

မၾကာခင္အခ်ိန္အတြင္း မွာ ႐ုန္းထႏိုင္ဖို႔ ယုံၾကည္ထားတယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ေကာ္စတာရီကာ နဲ႔ ကစားခဲ့တဲ့ အုပ္စု ေနာက္ဆုံးပြဲစဥ္မွာ ၄-၂ ဆိုတဲ့ ရလဒ္ေကာင္းတစ္ခု ရခဲ့ေပ မဲ့ တစ္ဖက္မွာ ဂ်ပန္က

စပိန္ကို အႏိုင္ယူၿပီး အုပ္စု ထိပ္ဆုံးေနရာကို ရသြားခဲ့ တာေၾကာင့္ ဂ်ာမနီဟာ စပိန္နဲ႔ ရမွတ္ခ်င္း တူညီေနခဲ့ေပမဲ့ ဂိုးကြာျခားခ်က္ ရွိ တာေၾကာင့္ ေနာက္တစ္ဆင့္ မတက္ႏိုင္ခဲ့ပါဘူး။

ဒါေပမဲ့လည္း ကမာၻ႔ဖလား ကို ၄ ႀကိမ္ ရယူထားႏိုင္တဲ့ ဂ်ာမနီအသင္းနည္းျပ ဟန္ဆီဖလစ္ကေတာ့ ကမာၻ႔ဖလားၿပိဳင္ပြဲကေန ထြက္ခဲ့ရတဲ့ အေၾကာင္းေတြ အမ်ားႀကီး ရွိေနေပမဲ့လည္း

ဆင္ေျခေတာ့ ေပးမွာ မဟုတ္ဘူးလို႔ ေကာ္စတာရီကာနဲ႔ ပြဲစဥ္အၿပီးမွာ ေျပာဆိုသြားခဲ့ပါတယ္။ ‘’တျခားအသင္းေတြအေၾကာင္း ကြၽန္ေတာ္ အေလး မထားပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့

ကြၽန္ေတာ္တို႔အေပၚမွာပဲ မူတည္တာ ေလ။ ၿပီးခဲ့တဲ့ ပြဲေတြနဲ႔ ဂိုးေတြကို ၾကည့္လိုက္ေလ။ အကုန္လုံးက ကြၽန္ေတာ္ တို႔ အမွားေၾကာင့္ပဲ။ စပိန္ကို ေက်ာ္ျဖတ္ၿပီး အုပ္စုတက္ႏိုင္ဖို႔အတြက္

ေနာက္ ဆုံးပြဲစဥ္မွာ ကြၽန္ေတာ္တို႔ အခြင့္အေရး ရွိခဲ့တယ္လို႔ ထင္ခဲ့တာပါ။ ဒါေပမဲ့ အဲဒီ လိုအခြင့္အေရးမ်ိဳးကိုအရယူၿပီး ဂိုးေတြ သြင္းရမွာပါ။ အဲဒီလိုဆိုရင္ေတာ့ ကြၽန္ ေတာ္တို႔အတြက္

မတူကြဲျပားတဲ့ အေျခအေနမ်ိဳး ျဖစ္ပါလိမ့္မယ္။ ဂ်ာမနီ အသင္း ထြက္သြားရတဲ့အတြက္ အေၾကာင္းတရားေတြကေတာ့ အမ်ားႀကီး ပါ။ ဒါေပမဲ့ ကြၽန္ေတာ္ ဆင္ေျခေတာ့ ရွာမေနပါဘူးဗ်ာ။

ေလ့က်င့္ဖို႔ အခ်ိန္ လည္း အမ်ားႀကီး မရွိခဲ့ဘူး။ ဒါေပမဲ့ အဲဒီအတြက္ေတာ့ မဟုတ္ပါဘူး။ ကြၽန္ ေတာ္တို႔ တာဝန္ကို ကြၽန္ေတာတို႔ ဒီေန႔မွာ လုပ္ခဲ့ပါတယ္။ အႏိုင္ရလဒ္နဲ႔အတူ ကြင္းထဲက

ထြက္လာႏိုင္ခဲ့တယ္။ ဒါေပမဲ့ ပိုေကာင္းတဲ့ ရလဒ္မ်ိဳး မဟုတ္ခဲ့ တာပါပဲ’’ လို႔ ဘိုင္ယန္ျမဴးနစ္ နည္းျပေဟာင္းက ေျပာဆိုသြားခဲ့ပါတယ္။ အခုလိုမ်ိဳး အုပ္စုအဆင့္ကေန လွည့္ျပန္ခဲ့ရတဲ့ ဂ်ာမနီအသင္းဟာ

ကမာၻ႔ဖ လား ၿပိဳင္ပြဲ ႏွစ္ႀကိမ္ဆက္တိုက္ အုပ္စုအဆင့္ကေန ထြက္ခဲ့ရတဲ့အသင္းျဖစ္ ၿပီး နည္းျပ ဟန္ဆီဖလစ္ရဲ႕ အနာဂတ္အေပၚမွာလည္း ေမးခြန္းထုတ္မႈေတြ ရွိလာေနၿပီျဖစ္ပါတယ္။