ဟိုတယ်ကနေ ယူစရာ ပစ္စည်း ဘယ်လောက်တောင်များလို့ တကယ်အရေးကြီးတဲ့ ပစ္စည်းကို မေ့ခဲ့ရတာလဲ စည်းကြပ်ဒိုင်

ချီလီနဲ့ အာဂျင်တီးနား အသင်းနှစ်သင်းတို့ဟာကြာသပတေးနေ့ညတုန်းက

အက်စတာဒီယိုဇော်ရို့စ်ဒယ်ဒီဆာတိုကွင်းတွင်ကစားစဉ်

အာဂျင်တီးနားက ဒီမာရီယာနှင့်လူသာရိုမာတီနက်ဇ်ရဲ့

ဂိုးဖြင့် ၂-၁ဂိုးအနိုင်ရရှိခဲ့ပါတယ်။

အာဂျင်တီးနားအသင်းအနေနဲ့ ခြေစစ်ပွဲအောင်ပြီးသားဖြစ်ပေမယ့်

ချီလီအသင်းကတော့ အဆင့်(၇)နေရာအထိရောက်ရှိနေတာကြောင့်

ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ဖို့ အတော်လေးရုန်းကန်ရတော့မှာပါ။

ချီလီအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ကစားခဲ့တဲ့ပွဲစဉ်ကိုကိုင်တွယ်ခဲ့တဲ့

စည်းကြပ်ဒိုင်လူကြီးတွေဟာ သူကိုင်ရမယ့်အလံတိုင်ကို

ဟိုတယ်မှာချန်ထားခဲ့မိတဲ့အတွက် တံမြက်စည်းရိုးမှာ

အသက်ကယ်ဂျာကင်ကိုတပ်ပြီး သုံးခဲ့ရပါတယ်။

ရုပ်သံမှတ်တမ်းတွေအရ အဆိုပါစည်းကြပ်ဒိုင်နှစ်ယောက်ဟာ

လက်လုပ်အလံတိုင်တွေကိုအသုံးပြုခဲ့ကြတာဖြစ်ပြီး

ပွဲကြည့်သူပရိသတ်တွေအဖို့ကတော့

ပြောစရာစကားမရှိလောက်အောင် ဖြစ်ခဲ့ကြရသလို၊

ရယ်စရာလည်း ဖြစ်ခဲ့ရတာပါ။

စည်းကြပ်ဒိုင်တွေဖြစ်တဲ့ ဘရာဇီးသားတွေဖြစ်ကြတဲ့

ဖာဘရီစီယိုဗီလာရင်ဟိုနဲ့ ရိုဒရီဂိုဖီဂူရီဒိုတို့ဟာ

ရှက်စရာကောင်းတဲ့အမှားမျိုးလုပ်မိကြောင်း

ကွင်းထဲရောက်မှသိတာဖြစ်ပြီး ပွဲကိုအဆင်ပြေစွာ

ကိုင်တွယ်နိုင်ဖို့အတွက် ဖြစ်သလိုဖြေရှင်းခဲ့ကြရတာပါ။

ဟိုတယ်ကနေ ယူစရာ ပစ္စည်း ဘယ်လောက်တောင်များလို့

တကယ်အရေးကြီးတဲ့ ပစ္စည်းကို မေ့ခဲ့ရတာပါလိမ့်။

zawgyi

ဟိုတယ္ကေန ယူစရာ ပစၥည္း ဘယ္ေလာက္ေတာင္မ်ားလို႔ တကယ္အေရးႀကီးတဲ့ ပစၥည္းကို ေမ့ခဲ့ရတာလဲ စည္းၾကပ္ဒိုင္

ခ်ီလီနဲ႔ အာဂ်င္တီးနား အသင္းႏွစ္သင္းတို႔ဟာၾကာသပေတးေန႔ညတုန္းက

အက္စတာဒီယိုေဇာ္႐ို႕စ္ဒယ္ဒီဆာတိုကြင္းတြင္ကစားစဥ္

အာဂ်င္တီးနားက ဒီမာရီယာႏွင့္လူသာ႐ိုမာတီနက္ဇ္ရဲ႕

ဂိုးျဖင့္ ၂-၁ဂိုးအႏိုင္ရရွိခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းအေနနဲ႔ ေျခစစ္ပြဲေအာင္ၿပီးသားျဖစ္ေပမယ့္

ခ်ီလီအသင္းကေတာ့ အဆင့္(၇)ေနရာအထိေရာက္ရွိေနတာေၾကာင့္

ေျခစစ္ပြဲတိုက္႐ိုက္ေအာင္ျမင္ဖို႔ အေတာ္ေလး႐ုန္းကန္ရေတာ့မွာပါ။

ခ်ီလီအသင္းနဲ႔ အာဂ်င္တီးနားအသင္းတို႔ကစားခဲ့တဲ့ပြဲစဥ္ကိုကိုင္တြယ္ခဲ့တဲ့

စည္းၾကပ္ဒိုင္လူႀကီးေတြဟာ သူကိုင္ရမယ့္အလံတိုင္ကို

ဟိုတယ္မွာခ်န္ထားခဲ့မိတဲ့အတြက္ တံျမက္စည္း႐ိုးမွာ

အသက္ကယ္ဂ်ာကင္ကိုတပ္ၿပီး သုံးခဲ့ရပါတယ္။

႐ုပ္သံမွတ္တမ္းေတြအရ အဆိုပါစည္းၾကပ္ဒိုင္ႏွစ္ေယာက္ဟာ

လက္လုပ္အလံတိုင္ေတြကိုအသုံးျပဳခဲ့ၾကတာျဖစ္ၿပီး

ပြဲၾကည့္သူပရိသတ္ေတြအဖို႔ကေတာ့

ေျပာစရာစကားမရွိေလာက္ေအာင္ ျဖစ္ခဲ့ၾကရသလို၊

ရယ္စရာလည္း ျဖစ္ခဲ့ရတာပါ။

စည္းၾကပ္ဒိုင္ေတြျဖစ္တဲ့ ဘရာဇီးသားေတြျဖစ္ၾကတဲ့

ဖာဘရီစီယိုဗီလာရင္ဟိုနဲ႔ ႐ိုဒရီဂိုဖီဂူရီဒိုတို႔ဟာ

ရွက္စရာေကာင္းတဲ့အမွားမ်ိဳးလုပ္မိေၾကာင္း

ကြင္းထဲေရာက္မွသိတာျဖစ္ၿပီး ပြဲကိုအဆင္ေျပစြာ

ကိုင္တြယ္ႏိုင္ဖို႔အတြက္ ျဖစ္သလိုေျဖရွင္းခဲ့ၾကရတာပါ။

ဟိုတယ္ကေန ယူစရာ ပစၥည္း ဘယ္ေလာက္ေတာင္မ်ားလို႔

တကယ္အေရးႀကီးတဲ့ ပစၥည္းကို ေမ့ခဲ့ရတာပါလိမ့္။