ဟာလန်းအပြောင်းအရွှေ့နဲ့အတူ မန်စီးတီးရဲ့ရာသီသစ် လိဂ်ပွဲဦးထွက်ပွဲလည်း ပေါက်ကြားလာ

မန်စီးတီးအသင်းက တိုက်စစ်မှူးဟာလန်းကို

ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာချက်
ထုတ်ပြန်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်
တရားဝင်တွစ်တာစာမျက်နှာကနေ
မန်စီးတီးရဲ့ ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်
ပွဲဦးထွက်ပွဲကို မထင်မှတ်ဘဲ ဖော်ပြလိုက်သလိုဖြစ်သွားပါတယ်။

မန်စီးတီးဟာ ဟာလန်းကို ခေါ်ယူဖို့
လွန်ခဲ့တဲ့လက ဒေါ့မွန်နဲ့ သဘောတူညီခဲ့ပြီးနောက်
အခုကျမှ တရားဝင်ကြေညာနိုင်ခဲ့တာဖြစ်ပြီး
သတင်းတွေရဲ့ဖော်ပြချက်အရ
ပြောင်းရွှေ့ကြေး ပေါင် ၅၁ သန်းပေးချေခဲ့ရတယ်လို့ သိရပါတယ်။

အခု ပရီးမီးယားလိဂ်တွစ်တာရဲ့ပေါက်ကြားမှုအရ
ဟာလန်းအနေနဲ့ အသင်းသစ်မန်စီးတီးအတွက်
ပထမဆုံးလိဂ်ပွဲအဖြစ် တန်းတက်ဘုန်းမောက်နဲ့
ရင်ဆိုင်ရဖို့ ရာခိုင်နှုန်းများနေပါတယ်။
ပရီးမီးယားလိဂ်ရဲ့တရားဝင် တွစ်တာစာမျက်နှာက

ဟာလန်းရဲ့အပြောင်းအရွှေ့အကြောင်း
ကြေညာချက်ထုတ်ပြန်တဲ့ မန်စီးတီးရဲ့ပို့စ်ကို
ပြန်လည်ဝေမျှခဲ့တာဖြစ်ပြီး အဲဒီမှာ
”ဘုန်းမောက်”ဆိုတဲ့စာလုံးနဲ့အတူ
အချိန်ပြသင်္ကေတဖြစ်တဲ့ သဲနာရီအီမိုဂျီပုံလေးပါ တင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပရီးမီးယားလိဂ်တွစ်တာ
စာမျက်နှာက အဲဒီပို့စ်ကို ဖျက်လိုက်ပါတယ်။
ဘုန်းမောက်ဟာ ပြီးခဲ့တဲ့ရာသီက
ချန်ပီယံရှစ်မှာ ဒုတိယရခဲ့ပြီးနောက်
ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတာဖြစ်ပြီး

ပရီးမီးယားလိဂ်ရာသီသစ်
ပွဲစဉ်ဇယားကို ကြာသပတေးနေ့မှာ
ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။

Zawgyi

ဟာလန္းအေျပာင္းအေရႊ႕နဲ႔အတူ မန္စီးတီးရဲ႕ရာသီသစ္ လိဂ္ပြဲဦးထြက္ပြဲလည္း ေပါက္ၾကားလာ
မန္စီးတီးအသင္းက တုိက္စစ္မွဴးဟာလန္းကို
ေခၚယူႏုိင္ခဲ့ၿပီျဖစ္ေၾကာင္း ေၾကညာခ်က္
ထုတ္ျပန္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္

တရား၀င္တြစ္တာစာမ်က္ႏွာကေန
မန္စီးတီးရဲ႕ ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ္
ပြဲဦးထြက္ပြဲကို မထင္မွတ္ဘဲ ေဖာ္ျပလုိက္သလုိျဖစ္သြားပါတယ္။
မန္စီးတီးဟာ ဟာလန္းကို ေခၚယူဖို႔
လြန္ခဲ့တဲ့လက ေဒါ့မြန္နဲ႔ သေဘာတူညီခဲ့ၿပီးေနာက္

အခုက်မွ တရား၀င္ေၾကညာႏုိင္ခဲ့တာျဖစ္ၿပီး
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ
ေျပာင္းေရႊ႕ေၾကး ေပါင္ ၅၁ သန္းေပးေခ်ခဲ့ရတယ္လုိ႔ သိရပါတယ္။
အခု ပရီးမီးယားလိဂ္တြစ္တာရဲ႕ေပါက္ၾကားမႈအရ
ဟာလန္းအေနနဲ႔ အသင္းသစ္မန္စီးတီးအတြက္

ပထမဆုံးလိဂ္ပြဲအျဖစ္ တန္းတက္ဘုန္းေမာက္နဲ႔
ရင္ဆုိင္ရဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။
ပရီးမီးယားလိဂ္ရဲ႕တရား၀င္ တြစ္တာစာမ်က္ႏွာက
ဟာလန္းရဲ႕အေျပာင္းအေရႊ႕အေၾကာင္း
ေၾကညာခ်က္ထုတ္ျပန္တဲ့ မန္စီးတီးရဲ႕ပုိ႔စ္ကို

ျပန္လည္ေ၀မွ်ခဲ့တာျဖစ္ၿပီး အဲဒီမွာ
”ဘုန္းေမာက္”ဆုိတဲ့စာလုံးနဲ႔အတူ
အခ်ိန္ျပသေကၤတျဖစ္တဲ့ သဲနာရီအီမိုဂ်ီပုံေလးပါ တင္ခဲ့ပါတယ္။
အဲဒီေနာက္မွာေတာ့ ပရီးမီးယားလိဂ္တြစ္တာ
စာမ်က္ႏွာက အဲဒီပုိ႔စ္ကို ဖ်က္လုိက္ပါတယ္။

ဘုန္းေမာက္ဟာ ၿပီးခဲ့တဲ့ရာသီက
ခ်န္ပီယံရွစ္မွာ ဒုတိယရခဲ့ၿပီးေနာက္
ပရီးမီးယားလိဂ္ကို တန္းျပန္တက္လာတာျဖစ္ၿပီး
ပရီးမီးယားလိဂ္ရာသီသစ္
ပြဲစဥ္ဇယားကို ၾကာသပေတးေန႔မွာ

ထုတ္ျပန္ေၾကညာမွာျဖစ္ပါတယ္။