ဟာလန်းဟာ ဒဏ်ရာကြောင့် နောက်နှစ်မှ ပြန်ကစားနိုင်တော့မယ်

ဒေါ့မွန်အသင်းရဲ့ အဓိက တိုက်စစ်မှူးဟာလန်းဟာ ပြင်းထန်တဲ့

တင်ပါးကြွက်သားဒဏ်ရာ ရရှိထားတာကြောင့် ခွဲစိတ်မှု ပြုလုပ်ရဖို့ ရှိနေပြီး

ကာလရှည် အနားယူရတော့မယ်လို့ ဒေါ့မွန်အသင်းက

တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ နော်ဝေ တိုက်စစ်မှူး ဟာလန်းဟာ

ယခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၀ပွဲ ပါဝင်

ကစားပေးထားရာ သွင်းဂိုး ၁၃ဂိုး အထိ သွင်းယူထားနိုင်ကာ

ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်သူပါ။

Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟာလန်းဟာ တင်ပါးကြွက်သား

စုတ်ပြဲဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပြီး အဆိုပါဒဏ်ရာကို ကုသဖို့ အတွက်

၆ပတ်ကြာ အနားယူရဖို့ ရှိနေသလို ဒဏ်ရာကနေ ပြန်လည် သက်သာလာပါကလည်း

အပေါ့စား လေ့ကျင့်ခန်းတွေ ပြန်လည် ပြုလုပ်ရဖို့ ရှိတာကြောင့်

၂၀၂၂ခုနှစ် ရောက်မှသာ ဒေါ့မွန်အသင်း အတွက် ပြန်ကစားပေးနိုင်မယ်လို့ သိရပါတယ်။

ဟာလန်း မိသားစုနှင့် နီးစပ်တဲ့ မိတ်ဆွေတစ်ဦးက ” အေဂျက်စ်နဲ့ပွဲက

ဒီရာသီဟာလန်းရဲ့ နောက်ဆုံးပွဲ ဖြစ်သွားနိုင်ပါတယ်။ ဟာလန်းရဲ့

တင်ပါးဒဏ်ရာက ထင်တာထက် ပိုဆိုးနေပါတယ်။ ဒီဇင်ဘာမှာ

ပြန်ကစားနိုင်မယ်လို့ မှန်းထားပေမယ့် ဒါက အကောင်းမြင်တာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိ ဒေါ့မွန်အသင်းမှာ ဟာလန်းအပြင် အခြား တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့

မာလန် ၊ လူငယ် တောင်ပံ ကစားသမား ရေနာ ၊ လူငယ် တိုက်စစ်မှူး မူခိုခို စတဲ့

ကစားသမားတွေ အားလုံး ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတာကြောင့်

လာမယ့် ပွဲစဉ်တွေမှာ ဒေါ့မွန်အသင်းဟာ တိုက်စစ်ပိုင်း အားနည်းချက်တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

zawgyi

ဟာလန္းဟာ ဒဏ္ရာေၾကာင့္ ေနာက္ႏွစ္မွ ျပန္ကစားႏိုင္ေတာ့မယ္

ေဒါ့မြန္အသင္းရဲ႕ အဓိက တိုက္စစ္မႉးဟာလန္းဟာ ျပင္းထန္တဲ့

တင္ပါးႂကြက္သားဒဏ္ရာ ရရွိထားတာေၾကာင့္ ခြဲစိတ္မႈ ျပဳလုပ္ရဖို႔ ရွိေနၿပီး

ကာလရွည္ အနားယူရေတာ့မယ္လို႔ ေဒါ့မြန္အသင္းက

တရားဝင္ ထုတ္ျပန္ ေၾကညာသြားခဲ့ပါတယ္။

အသက္ ၂၁ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ ေနာ္ေဝ တိုက္စစ္မႉး ဟာလန္းဟာ

ယခုႏွစ္ ေဘာလုံးရာသီမွာ အသင္းအတြက္ ၿပိဳင္ပြဲစုံမွာ ၁၀ပြဲ ပါဝင္

ကစားေပးထားရာ သြင္းဂိုး ၁၃ဂိုး အထိ သြင္းယူထားႏိုင္ကာ

ဂိုးဖန္တီးမႈ ၄ႀကိမ္ ျပဳလုပ္ထားႏိုင္သူပါ။

Bild သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဟာလန္းဟာ တင္ပါးႂကြက္သား

စုတ္ၿပဲဒဏ္ရာကို ရရွိခဲ့တာ ျဖစ္ၿပီး အဆိုပါဒဏ္ရာကို ကုသဖို႔ အတြက္

၆ပတ္ၾကာ အနားယူရဖို႔ ရွိေနသလို ဒဏ္ရာကေန ျပန္လည္ သက္သာလာပါကလည္း

အေပါ့စား ေလ့က်င့္ခန္းေတြ ျပန္လည္ ျပဳလုပ္ရဖို႔ ရွိတာေၾကာင့္

၂၀၂၂ခုႏွစ္ ေရာက္မွသာ ေဒါ့မြန္အသင္း အတြက္ ျပန္ကစားေပးႏိုင္မယ္လို႔ သိရပါတယ္။

ဟာလန္း မိသားစုႏွင့္ နီးစပ္တဲ့ မိတ္ေဆြတစ္ဦးက ” ေအဂ်က္စ္နဲ႔ပြဲက

ဒီရာသီဟာလန္းရဲ႕ ေနာက္ဆုံးပြဲ ျဖစ္သြားႏိုင္ပါတယ္။ ဟာလန္းရဲ႕

တင္ပါးဒဏ္ရာက ထင္တာထက္ ပိုဆိုးေနပါတယ္။ ဒီဇင္ဘာမွာ

ျပန္ကစားႏိုင္မယ္လို႔ မွန္းထားေပမယ့္ ဒါက အေကာင္းျမင္တာပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

လက္ရွိ ေဒါ့မြန္အသင္းမွာ ဟာလန္းအျပင္ အျခား တိုက္စစ္မႉး တစ္ဦး ျဖစ္တဲ့

မာလန္ ၊ လူငယ္ ေတာင္ပံ ကစားသမား ေရနာ ၊ လူငယ္ တိုက္စစ္မႉး မူခိုခို စတဲ့

ကစားသမားေတြ အားလုံး ဒဏ္ရာျပႆနာေတြနဲ႔ ႀကဳံေတြ႕ေနရတာေၾကာင့္

လာမယ့္ ပြဲစဥ္ေတြမွာ ေဒါ့မြန္အသင္းဟာ တိုက္စစ္ပိုင္း အားနည္းခ်က္ေတြနဲ႔ ရင္ဆိုင္ရႏိုင္ပါတယ္။