ဟာလန်းလုပွဲအတွက် မြင်းနှစ်ကောင်ပြေးပွဲအဖြစ် စီးတီးနဲ့ ရီးရဲလ် အသက်သွင်း

သတင်းတွေရဲ့ဖော်ပြချက်အရ ဒေါ့မွန်တိုက်စစ်မှူး

ဟာလန်းကို ခေါ်ယူရေးအတွက် ရီးရဲလ်နဲ့
မန်စီးတီးတို့ပဲ အဓိကအားပြိုင်ရဖွယ်ရှိနေပြီး
ကစားသမားဖြစ်သူက လာမယ့်ရက်သတ္တပတ်
အနည်းငယ်အတွင်း သူ့ရဲ့အနာဂတ်ကို
ဆုံးဖြတ်ဖွယ်ရှိနေကြောင်း သိရပါတယ်။

ဟာလန်းဟာ လက်ရှိအချိန်မှာ အသင်းကြီးအများစုရဲ့
ပစ်မှတ်ဖြစ်နေပြီး အထူးသဖြင့် လာမယ့်နွေရာသီမှာ
စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၄သန်းပဲ
ရှိမယ့်အချက်က အသင်းကြီးတွေကို သဘောကျစေပါတယ်။


အသက် ၂၁နှစ်အရွယ်ရှိ ဟာလန်းဟာ ၂၀၂၀ ခုနှစ်က
ဆဲလ်ဘတ်ကနေ ဒေါ့မွန်ကို ရောက်လာပြီးချိန်ကတည်းက
အသင်းအတွက် ၇၉ပွဲမှာ ဂိုး ၈၀အထိ
သွင်းယူထားပြီး Athletic သတင်းဌာနရဲ့

ဖော်ပြချက်အရ လာမယ့်နွေရာသီမှာ
သူ့ကို ခေါ်ယူဖို့ ရီးရဲလ်နဲ့ စီးတီးတို့
အပြိုင်ကြိုးစားဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီနဲ့ ယခုရာသီအကုန်မှာ စာချုပ်သက်တမ်း
ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး ဘာပေကို

ခေါ်ယူဖို့ ရီးရဲလ်က အဓိကထား ပစ်မှတ်ထားနေပေမယ့်
တကယ်လို့ ဟာလန်းသာ ဈေးကွက်ထဲ
ရောက်လာရင် အဆိုပါနော်ဝေလက်ရွေးစင်ကိုလည်း
ခေါ်ယူဖို့ ကြိုးစားဖွယ်ရှိနေပါတယ်။
အဲဒီသတင်းဌာနရဲ့ဆက်လက်ဖော်ပြချက်အရ

ရီးရဲလ်အနေနဲ့ ဟာလန်းကိုခေါ်ယူနိုင်ဖို့
ရေပန်းစားနေတာမှန်ပေမယ့် မန်စီးတီးသာ
အားကုန်ကြိုးစားလာရင် အခက်တွေ့နိုင်တယ်လို့ သိရပါတယ်။

စီးတီးနည်းပြ ဂွါဒီယိုလာက ယူနိုက်တက်ကို ၄-၁ဂိုးနဲ့
အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ရာသီသစ်ကျရင်
အထောင်တိုက်စစ်မှူးတစ်ဦး ခေါ်ယူနိုင်ရေးက
အဓိကပစ်မှတ်ဖြစ်လာနိုင်တယ်လို့ ဝန်ခံပါတယ်။
မန်စီးတီးနဲ့ ရီးရဲလ်တို့က ဟာလန်းကိုခေါ်ယူဖို့

ရှေ့ကနေ ရေပန်းစားနေတာမှန်ပေမယ့် ဘာစီလိုနာ၊
ဘိုင်ယန်၊ ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီတို့ကလည်း
အခြေအနေကို စောင့်ကြည့်နေပြီး ဘာစီလိုနာအသင်းနည်းပြ
ဇာဗီက ပြီးခဲ့တဲ့အပတ်အတွင်း ဟာလန်းကိုခေါ်ယူနိုင်ရေး
ဆွေးနွေးဖို့ ဂျာမနီကို အသင်းရဲ့အားကစားအကြံပေး

ဂျော်ဒီခရိုက်ဖ်နဲ့အတူ သွားရောက်ခဲ့တယ်ဆိုတဲ့
သတင်းတွေကို ငြင်းဆန်ခြင်းမပြုခဲ့ပါဘူး။