ဟာလန်းလိုဟာ ကောက်ရိုးမီး မဟုတ်ဘူး

ခရစ္စတီယာနိုရော်နယ်ဒိုကမျိုးဆက်သစ်ကစားသမားများရဲ့ခြေစွမ်းကြောင့်

စိတ်လှုပ်ရှားရကြောင်းနှင့် ဟာလန်းကလည်းအကောင်းဆုံးလူငယ်ကစားသမား

များထဲမှတစ်ဦးဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။ ဟာလန်းဟာ၂၀၂၃ခုနှစ်တွင်

ဒေါ့မွန်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီးယူနိုက်တက်အပါအဝင်ဥရောပ

ထိပ်သီးကလပ်များရဲ့ပစ်မှတ်ထားခြင်းခံနေရပါတယ်။

“ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်လာလိမ့်မယ်ဆိုပြီး၊ ကစားသမား

တစ်ယောက်တည်းကို ရွေးချယ်ရတာက ခက်ခဲပါတယ်။ ဒါပေမယ့် ဟာလန်းနဲ့

အမ်ဘာပေတို့လို မျိုးဆက်သစ် လူငယ် ကစားသမားတွေကို မြင်တွေ့ရတာ

စိတ်လှုပ်ရှားစရာ ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။”

“တချို့ ကစားသမားတွေမှာ ကောင်းမွန်တဲ့ ဘောလုံးရာသီ တစ်ခု၊ နှစ်ခုလောက်

ရှိနိုင်ပါတယ်။ ဒါပေမယ့် တကယ်ကောင်းတဲ့ ကစားသမားတွေက ကောက်ရိုးမီးလို

ခဏတာ ခြေစွမ်းပြတတ်တာမျိုး မဟုတ်ပါဘူး။”

“ဟုတ်ပါတယ် တကယ်ကောင်းတဲ့ ကစားသမားတွေက တစ်ရာသီပြီး တစ်ရာသီ

ဆက်တိုက် ခြေစွမ်းပြနေမှာ ဖြစ်ပြီး၊ အဲလို လုပ်နိုင်ဖို့က တကယ်ကို မလွယ်ကူပဲ၊

အလုပ် အရမ်းကြိုးစားဖို့နဲ့ ပေးထားတဲ့ ကတိတွေကို တည်နိုင်မှရမှာပါ။”လို့

ရော်နယ်ဒိုက ဆိုခဲ့ပါတယ်။

အသက် ၂၁နှစ်အရွယ် ဟာလန်းဟာ ဒေါ့မွန် အသင်းအတွက် ဘွန်ဒက်စ်လီဂါ

ပွဲစဉ်၅၄ပွဲကစား ပေးထားရာမှာ ၅၃ ဂိုးသွင်းယူကာ ၁၃ဂိုးဖန်တီး ပေးထားနိုင်ပါတယ်။

အစောပိုင်းတုန်းကထွက်ပေါ်ခဲ့တဲ့သတင်းအရ ယူနိုက်တက်ယာယီနည်းပြရန်းနစ်ခ်ဟာ

ဟာလန်းအားခေါ်ယူနိုင်ရန်အတွက် ဖခင်ဖြစ်သူအယ်ဖင်းဟာလန်းနှင့်ဆွေးနွေးမှု

ပြုလုပ်နေကြောင်းသိရပါတယ်။

Zawgyi

ဟာလန္းလိုဟာ ေကာက္႐ိုးမီး မဟုတ္ဘူး
ခရစၥတီယာႏိုေရာ္နယ္ဒိုကမ်ိဳးဆက္သစ္ကစားသမားမ်ားရဲ႕ေျခစြမ္းေၾကာင့္

စိတ္လႈပ္ရွားရေၾကာင္းႏွင့္ ဟာလန္းကလည္းအေကာင္းဆုံးလူငယ္ကစားသမား

မ်ားထဲမွတစ္ဦးျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။ ဟာလန္းဟာ၂၀၂၃ခုႏွစ္တြင္

ေဒါ့မြန္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာ ျဖစ္ၿပီးယူႏိုက္တက္အပါအဝင္ဥေရာပ

ထိပ္သီးကလပ္မ်ားရဲ႕ပစ္မွတ္ထားျခင္းခံေနရပါတယ္။

“ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမား ျဖစ္လာလိမ့္မယ္ဆိုၿပီး၊ ကစားသမား

တစ္ေယာက္တည္းကို ေ႐ြးခ်ယ္ရတာက ခက္ခဲပါတယ္။ ဒါေပမယ့္ ဟာလန္းနဲ႔

အမ္ဘာေပတို႔လို မ်ိဳးဆက္သစ္ လူငယ္ ကစားသမားေတြကို ျမင္ေတြ႕ရတာ

စိတ္လႈပ္ရွားစရာ ေကာင္းတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။”

“တခ်ိဳ႕ ကစားသမားေတြမွာ ေကာင္းမြန္တဲ့ ေဘာလုံးရာသီ တစ္ခု၊ ႏွစ္ခုေလာက္

ရွိႏိုင္ပါတယ္။ ဒါေပမယ့္ တကယ္ေကာင္းတဲ့ ကစားသမားေတြက ေကာက္႐ိုးမီးလို

ခဏတာ ေျခစြမ္းျပတတ္တာမ်ိဳး မဟုတ္ပါဘူး။”

“ဟုတ္ပါတယ္ တကယ္ေကာင္းတဲ့ ကစားသမားေတြက တစ္ရာသီၿပီး တစ္ရာသီ

ဆက္တိုက္ ေျခစြမ္းျပေနမွာ ျဖစ္ၿပီး၊ အဲလို လုပ္ႏိုင္ဖို႔က တကယ္ကို မလြယ္ကူပဲ၊

အလုပ္ အရမ္းႀကိဳးစားဖို႔နဲ႔ ေပးထားတဲ့ ကတိေတြကို တည္ႏိုင္မွရမွာပါ။”လို႔

ေရာ္နယ္ဒိုက ဆိုခဲ့ပါတယ္။

အသက္ ၂၁ႏွစ္အ႐ြယ္ ဟာလန္းဟာ ေဒါ့မြန္ အသင္းအတြက္ ဘြန္ဒက္စ္လီဂါ

ပြဲစဥ္၅၄ပြဲကစား ေပးထားရာမွာ ၅၃ ဂိုးသြင္းယူကာ ၁၃ဂိုးဖန္တီး ေပးထားႏိုင္ပါတယ္။

အေစာပိုင္းတုန္းကထြက္ေပၚခဲ့တဲ့သတင္းအရ ယူႏိုက္တက္ယာယီနည္းျပရန္းနစ္ခ္ဟာ

ဟာလန္းအားေခၚယူႏိုင္ရန္အတြက္ ဖခင္ျဖစ္သူအယ္ဖင္းဟာလန္းႏွင့္ေဆြးေႏြးမႈ

ျပဳလုပ္ေနေၾကာင္းသိရပါတယ္။