
မန်ချက်စတာဒါဘီပွဲစဉ်အပြီးအချက်အလက်တွေအရတော့





ဟာလန်းမပါတဲ့ မန်စီးတီးကပိုကောင်းတယ်လို့ ကွင်းလယ်လူဟောင်း
ဟာမန်းက သုံးသပ်လိုက်ပါတယ်။ နော်ဝေသားဂိုးသွင်းစက်ဟာ





ဒီရာသီမှာ မိုးပြာရောင်တွေအတွက် ဂိုး ၄၀ လောက်သွင်းမယ်
ဆိုရင်တောင် အံ့အားသင့်စရာမရှိဘူးလို့ ဂျာမနီကွင်းလယ်လူဟောင်းက
ဆိုခဲ့တာဖြစ်တယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ မန်ချက်စတာ





ဒါဘီပွဲစဉ်မှာ ပြိုင်ဘက်ကိုအလိမ်အခေါက်နဲ့တစ်ကြိမ်တောင်
မကျော်ဖြတ်နိုင်သလို ဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်တောင်





မရှိခဲ့ပါဘူး။ ဒါ့အပြင် တစ်ပွဲလုံးမှာဘောလုံးထိချက် ၁၉ကြိမ်၊
ဘောလုံးဖြန့်ဝေနိုင်မှု ၁၄ကြိမ်နဲ့ ဘောလုံးယှဉ်လုရာမှာ
၂ကြိမ်ရှုံးနိမ့်ခဲ့တာကို ပွဲပြီးအချက်အလက်တွေမှာမြင်ခဲ့ရတာပါ။





ဒီလိုအနေအထားမှာ ဟာလန်းနဲ့ပက်သတ်လို့ မန်စီးတီး
ကွင်းလယ်လူဟောင်း ဟာမန်းက “ဒီရာသီမှာ ဟာလန်း





စီးတီးအတွက် ဂိုး ၄၀ သွင်းနိုင်ရင်တောင် မန်စီးတီးက
သူမပါရင်ပိုကောင်းတဲ့အသင်းပါ” လို့ ဆိုရှယ်မီဒီယာပေါ်မှာ
မျှဝေခဲ့ပါတယ်။ ဂျာမနီကွင်းလယ်လူဟောင်းရဲ့အမြင်နဲ့ပက်သတ်လို့





ပရိသတ်တစ်ယောက်က “မှန်တယ်၊ ဟာလန်းက
ဂိုးသွင်းကောင်းသူဖြစ်ပေမဲ့ ဂိမ်းထဲမှာ သူမလောင်ကျွမ်းတော့ဘူးဆိုရင်





မန်စီးတီးမှာနောက်ထပ်အစီအစဉ်ဆိုတာမရှိတော့ဘူး။
အသင်းမှာ ဒီလိုထင်ရှားတဲ့အချက်အလက်ရှိနေတာ ရေရှည်မှာ
မကောင်းနိုင်ဘူး” လို့ မှတ်ချက်ပေးခဲ့ပါတယ်။





ဒုတိယတစ်ယောက်ကတော့ “ဂိုးသွင်းစက်တစ်ယောက်ထဲနဲ့
အမြဲအနိုင်ရတဲ့အသင်းဆိုတာ အနည်းငယ်လောက်ပဲရှိတယ်။





အားလုံးဝိုင်းဝန်းနိုင်မှသာ ပြိုင်ဘက်တွေအတွက်
စဉ်းစားစရာပိုများသွားမှာပါ” လို့ တုံ့ပြန်ခဲ့ပါတယ်။
zawgyi





ဟာလန္းမပါတဲ့မန္စီးတီးပိုေကာင္းတယ္ဆိုတဲ့ ဟာမန္းရဲ႕မွတ္ခ်က္ကို ပရိသတ္ေတြသေဘာတူလက္ခံ
မန္ခ်က္စတာဒါဘီပြဲစဥ္အၿပီးအခ်က္အလက္ေတြအရေတာ့





ဟာလန္းမပါတဲ့ မန္စီးတီးကပိုေကာင္းတယ္လို႔ ကြင္းလယ္လူေဟာင္း
ဟာမန္းက သုံးသပ္လိုက္ပါတယ္။ ေနာ္ေဝသားဂိုးသြင္းစက္ဟာ
ဒီရာသီမွာ မိုးျပာေရာင္ေတြအတြက္ ဂိုး ၄၀ ေလာက္သြင္းမယ္





ဆိုရင္ေတာင္ အံ့အားသင့္စရာမရွိဘူးလို႔ ဂ်ာမနီကြင္းလယ္လူေဟာင္းက
ဆိုခဲ့တာျဖစ္တယ္။ ဟာလန္းဟာ ၿပီးခဲ့တဲ့ မန္ခ်က္စတာ





ဒါဘီပြဲစဥ္မွာ ၿပိဳင္ဘက္ကိုအလိမ္အေခါက္နဲ႔တစ္ႀကိမ္ေတာင္
မေက်ာ္ျဖတ္ႏိုင္သလို ဂိုးေပါက္တည့္ကန္ခ်က္တစ္ႀကိမ္ေတာင္
မရွိခဲ့ပါဘူး။ ဒါ့အျပင္ တစ္ပြဲလုံးမွာေဘာလုံးထိခ်က္ ၁၉ႀကိမ္၊





ေဘာလုံးျဖန႔္ေဝႏိုင္မႈ ၁၄ႀကိမ္နဲ႔ ေဘာလုံးယွဥ္လုရာမွာ
၂ႀကိမ္ရႈံးနိမ့္ခဲ့တာကို ပြဲၿပီးအခ်က္အလက္ေတြမွာျမင္ခဲ့ရတာပါ။





ဒီလိုအေနအထားမွာ ဟာလန္းနဲ႔ပက္သတ္လို႔ မန္စီးတီး
ကြင္းလယ္လူေဟာင္း ဟာမန္းက “ဒီရာသီမွာ ဟာလန္း
စီးတီးအတြက္ ဂိုး ၄၀ သြင္းႏိုင္ရင္ေတာင္ မန္စီးတီးက





သူမပါရင္ပိုေကာင္းတဲ့အသင္းပါ” လို႔ ဆိုရွယ္မီဒီယာေပၚမွာ
မွ်ေဝခဲ့ပါတယ္။ ဂ်ာမနီကြင္းလယ္လူေဟာင္းရဲ႕အျမင္နဲ႔ပက္သတ္လို႔





ပရိသတ္တစ္ေယာက္က “မွန္တယ္၊ ဟာလန္းက
ဂိုးသြင္းေကာင္းသူျဖစ္ေပမဲ့ ဂိမ္းထဲမွာ သူမေလာင္ကြၽမ္းေတာ့ဘူးဆိုရင္
မန္စီးတီးမွာေနာက္ထပ္အစီအစဥ္ဆိုတာမရွိေတာ့ဘူး။





အသင္းမွာ ဒီလိုထင္ရွားတဲ့အခ်က္အလက္ရွိေနတာ ေရရွည္မွာ
မေကာင္းႏိုင္ဘူး” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။





ဒုတိယတစ္ေယာက္ကေတာ့ “ဂိုးသြင္းစက္တစ္ေယာက္ထဲနဲ႔
အၿမဲအႏိုင္ရတဲ့အသင္းဆိုတာ အနည္းငယ္ေလာက္ပဲရွိတယ္။
အားလုံးဝိုင္းဝန္းႏိုင္မွသာ ၿပိဳင္ဘက္ေတြအတြက္





စဥ္းစားစရာပိုမ်ားသြားမွာပါ” လို႔ တုံ႔ျပန္ခဲ့ပါတယ္။