ဟာလန်းဘာကြောင့်မုန်လာဥနီတွေစားတာလဲ…ထူးဆန်းတဲ့အလေ့အထကိုသိခဲ့ပြီးနောက် ပရိသတ်တွေ ဒေါကန်နေကြ

ပရိသတ်တွေဟာ ဟာလန်းရဲ့ထူးဆန်းတဲ့ မုန်လာဥနီစားခြင်းနောက်ကွယ်က

အကြောင်းတရားကိုသိခဲ့တဲ့နောက် ဒေါသတွေထွက်ခဲ့ကြတယ်လို့

The Sun သတင်းစာက ဖော်ပြလိုက်ပါတယ်။ နော်ဝေသားဟာ

အာဆင်နယ်နဲ့ပွဲမှာ မန်စီးတီးအတွက် တတိယဂိုးသွင်းယူပေးခဲ့သလို

အသင်းကိုဇယားထိပ်ဆုံးပြန်ပို့ပေးနိုင်ခဲ့တာဖြစ်တယ်။

ပြီးတော့ ကွင်းပြင်ပမှာ သူ့ရဲ့မုန်လာဥနီစားခြင်းက ပရိသတ်တွေအတွက်

စိတ်ဝင်စားစရာဖြစ်နေပါတယ်။ အားလုံးကတော့ နော်ဝေသားဟာ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာကိုအကဲဖြတ်ပြီး ဗီတာမင် A

ဘယ်တော့မှချို့တဲ့ဖို့မရှိဘူးလို့ ယူဆခဲ့ကြတာပါ။

အသက် ၂၂နှစ်အရွယ် နော်ဝေသားဟာ ပရိသတ်ကိုလက်မှတ်

ထိုးပေးဖို့အတွက် သူ့ရဲ့ကားမှန်တံခါးကိုချလိုက်ပြီး မုန်လာဥနီကို

နှုတ်ခမ်းဝကနေဆွဲထုတ်ခဲ့ပါတယ်။ နောက်တော့ ကားကို

လက်တစ်ဖက်နဲ့မောင်းပြီး အခြားတစ်ဖက်မှာတော့ မုန်လာဥနီ

တစ်ပိုင်းတစ်စကိုကိုင်ပြီးဆက်စားနေခဲ့တာပါ။

“ကျွန်တော် ဟာလန်းဖြစ်ချင်တယ် မုန်လာဥနီက သူ့အတွက်

ဘာလဲဆိုတာသိချင်လို့” လို့ ပရိသတ်တစ်ယောက်က

မှတ်ချက်ပေးခဲ့သလို နောက်တစ်ယောက်က

“ဟာလန်းဖြစ်လာဖို့အတွက် လှည့်ကွက်အနေနဲ့ မုန်လာဥနီ

စားတာဖြစ်နိုင်တယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ပရိသတ်အားလုံးရဲ့

အယူအဆတွေမှားခဲ့ပါတယ်။ ဟာလန်းဟာ အထူးထုတ်လုပ်ထားတဲ့

လိမ္မော်ချောင်းတွေကို အစွန်းတစ်ဖက်ထိရောက်အောင်စားလေ့ရှိတယ်လို့

နော်ဝေအသင်းဖော် ဂျိုရှုဟာကင်းကထုတ်ပြောခဲ့ပြီး ဒါဟာ တစ်ရက်ကို

ကယ်လိုရီ ၆၀၀၀ လျှော့ချဖို့ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိဖီနာဘာချီမှာကစားနေတဲ့ ဝက်ဖို့ဒ်နဲ့ အဲဗာတန်တိုက်စစ်မှူးဟောင်း

ဂျိုရှုဟာကင်းက ဟာလန်းဟာ လိမ္မော်ချောင်းတွေကို ဝက်ဝံတစ်ကောင်လို

စားလေ့ရှိတယ်လို့ ဆိုခဲ့တာဖြစ်တယ်။ “သူက အရူးတစ်ယောက်သာဖြစ်တယ်။

သူ့လောက်ကြီးစားတာမျိုးတစ်ခါမှမတွေ့ဖူးဘူး” လို့ ဖွင့်ဟခဲ့ပါတယ်။

ဒါကိုသိတဲ့နောက်တော့ မုန်လာဥနီလို့လက်ခံထားတဲ့ ပရိသတ်တွေ

အရူးဖြစ်ခဲ့ပြီး နော်ဝေကြယ်ပွင့်ကို ဒေါကန်နေကြပါတယ်။

zawgyi

ဟာလန္းဘာေၾကာင့္မုန္လာဥနီေတြစားတာလဲ…ထူးဆန္းတဲ့အေလ့အထကိုသိခဲ့ၿပီးေနာက္ ပရိသတ္ေတြ ေဒါကန္ေနၾက

ပရိသတ္ေတြဟာ ဟာလန္းရဲ႕ထူးဆန္းတဲ့ မုန္လာဥနီစားျခင္းေနာက္ကြယ္က

အေၾကာင္းတရားကိုသိခဲ့တဲ့ေနာက္ ေဒါသေတြထြက္ခဲ့ၾကတယ္လို႔

The Sun သတင္းစာက ေဖာ္ျပလိုက္ပါတယ္။ ေနာ္ေဝသားဟာ

အာဆင္နယ္နဲ႔ပြဲမွာ မန္စီးတီးအတြက္ တတိယဂိုးသြင္းယူေပးခဲ့သလို

အသင္းကိုဇယားထိပ္ဆုံးျပန္ပို႔ေပးႏိုင္ခဲ့တာျဖစ္တယ္။

ၿပီးေတာ့ ကြင္းျပင္ပမွာ သူ႔ရဲ႕မုန္လာဥနီစားျခင္းက ပရိသတ္ေတြအတြက္

စိတ္ဝင္စားစရာျဖစ္ေနပါတယ္။ အားလုံးကေတာ့ ေနာ္ေဝသားဟာ

က်န္းမာေရးနဲ႔ညီၫြတ္တဲ့ သေရစာကိုအကဲျဖတ္ၿပီး ဗီတာမင္ A

ဘယ္ေတာ့မွခ်ိဳ႕တဲ့ဖို႔မရွိဘူးလို႔ ယူဆခဲ့ၾကတာပါ။

အသက္ ၂၂ႏွစ္အ႐ြယ္ ေနာ္ေဝသားဟာ ပရိသတ္ကိုလက္မွတ္

ထိုးေပးဖို႔အတြက္ သူ႔ရဲ႕ကားမွန္တံခါးကိုခ်လိုက္ၿပီး မုန္လာဥနီကို

ႏႈတ္ခမ္းဝကေနဆြဲထုတ္ခဲ့ပါတယ္။ ေနာက္ေတာ့ ကားကို

လက္တစ္ဖက္နဲ႔ေမာင္းၿပီး အျခားတစ္ဖက္မွာေတာ့ မုန္လာဥနီ

တစ္ပိုင္းတစ္စကိုကိုင္ၿပီးဆက္စားေနခဲ့တာပါ။

“ကြၽန္ေတာ္ ဟာလန္းျဖစ္ခ်င္တယ္ မုန္လာဥနီက သူ႔အတြက္

ဘာလဲဆိုတာသိခ်င္လို႔” လို႔ ပရိသတ္တစ္ေယာက္က

မွတ္ခ်က္ေပးခဲ့သလို ေနာက္တစ္ေယာက္က

“ဟာလန္းျဖစ္လာဖို႔အတြက္ လွည့္ကြက္အေနနဲ႔ မုန္လာဥနီ

စားတာျဖစ္ႏိုင္တယ္” လို႔ တုံ႔ျပန္ခဲ့ပါတယ္။ ဒါေပမဲ့ ပရိသတ္အားလုံးရဲ႕

အယူအဆေတြမွားခဲ့ပါတယ္။ ဟာလန္းဟာ အထူးထုတ္လုပ္ထားတဲ့

လိေမၼာ္ေခ်ာင္းေတြကို အစြန္းတစ္ဖက္ထိေရာက္ေအာင္စားေလ့ရွိတယ္လို႔

ေနာ္ေဝအသင္းေဖာ္ ဂ်ိဳရႈဟာကင္းကထုတ္ေျပာခဲ့ၿပီး ဒါဟာ တစ္ရက္ကို

ကယ္လိုရီ ၆၀၀၀ ေလွ်ာ့ခ်ဖို႔ျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိဖီနာဘာခ်ီမွာကစားေနတဲ့ ဝက္ဖို႔ဒ္နဲ႔ အဲဗာတန္တိုက္စစ္မႉးေဟာင္း

ဂ်ိဳရႈဟာကင္းက ဟာလန္းဟာ လိေမၼာ္ေခ်ာင္းေတြကို ဝက္ဝံတစ္ေကာင္လို

စားေလ့ရွိတယ္လို႔ ဆိုခဲ့တာျဖစ္တယ္။ “သူက အ႐ူးတစ္ေယာက္သာျဖစ္တယ္။

သူ႔ေလာက္ႀကီးစားတာမ်ိဳးတစ္ခါမွမေတြ႕ဖူးဘူး” လို႔ ဖြင့္ဟခဲ့ပါတယ္။

ဒါကိုသိတဲ့ေနာက္ေတာ့ မုန္လာဥနီလို႔လက္ခံထားတဲ့ ပရိသတ္ေတြ

အ႐ူးျဖစ္ခဲ့ၿပီး ေနာ္ေဝၾကယ္ပြင့္ကို ေဒါကန္ေနၾကပါတယ္။