ဟာလန်းနဲ့ပတ်သက်ပြီး သူ့အပေါ် ဝေဖန်ခဲ့တဲ့ နတ်ဘုရားကြီးကို ခနဲ့လိုက်တဲ့ ဂွါဒီယိုလာ

ဂွါဒီယိုလာရဲ့အတ္တကြောင့် မန်စီးတီးမှာဟာလန်းတိုးတက်မှုအဟန့်အတားဖြစ်လိမ့်မယ်လို့ ဆိုခဲ့တဲ့ အီဘရာဟီမိုဗစ်ကို စပိန်သားနည်းပြကတုံ့ပြန်လှောင်ပြောင်ခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာ ဘာစီလိုနာအသင်းမှာဂွါဒီယိုလာနဲ့ ပြဿနာရှိခဲ့ဖူးသူဖြစ်ပြီး နော်ဝေသားနဲ့ပတ်သတ်တဲ့ ဂွါဒီယိုလာရဲ့စိတ်ထားအပေါ်ယုံ ကြည်မှုမရှိဖြစ်နေတာပါ။

“ဂွါဒီယိုလာက သူ့ကိုတိုးတက်အောင်လုပ်နိုင်ပါ့မလား။ အဲ့ဒါက ဂွါဒီယိုလာရဲ့အတ္တအပေါ်မူတည်ပါတယ်။ ဟာလန်း သူ့ထက်ပိုမိုတောက်ပ တာကို သူ့ဘက်ကခွင့်ပြု၊

မပြုဆိုတာအပေါ်မူတည်ပါတယ်။ ဂွါဒီယိုလာက ကျွန်တော်အပါအဝင် လူတိုင်းကို သူ့ထက်ကြီးကျယ်ခွင့်မပြုခဲ့ပါဘူး” လို့ အီဘရာဟီမိုဗစ်က ပြောဆိုထားပါတယ်။

ဒါနဲ့ပတ်သတ်လို့ ဂွါဒီယိုလာက “သူမှန်တယ်။ လုံး၀ကိုမှန်တယ်။ ဒီကလပ်နဲ့ ဒီအသင်းမှာ ငါ့အတ္တကတခြားသူတွေ ထက်ကျော်လွန်နေပါတယ်။ ဟာလန်း ၃ဂိုးသွင်းတဲ့အခါ

ငါမကြိုက်ဘူးဆိုတာပေါ်လွင်နေတာပါပဲ။ အရမ်းမနာလိုဖြစ်မိတယ်။ ရိုးရိုးသားသား ပြောရရင် တကယ်မနာလိုပါဘူး။ ‘အာလင်း မင်းကျေးဇူးပြုပြီးတော့

ဂိုးတွေထပ်မသွင်းပါနဲ့’ မဟုတ်ရင် The Sun နဲ့ Dailymail က ငါ့အကြောင်းပြောတော့မှာမဟုတ် ဘူး” လို့ လှောင်ပြောင်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ

ဒီရာသီပြိုင်ပွဲစုံ ၂၂ဂိုးသွင်းထားတဲ့ ဟာလန်းရဲ့ခြေဖဝါးဒဏ်ရာကို ဖူလ်ဟမ်နဲ့ပွဲအတွက် လုံလောက်မှုရှိ၊ မရှိ စောင့်ကြည့်နေပါတယ်။ သူအကြောင်းကို

အီဘရာဟီမိုဗစ်က ၂၀၁၁ ခုနှစ်အတွင်းထုတ်ဝေခဲ့တဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှာ ထည့်သွင်းပုတ်ခတ်ခဲ့တဲ့အပေါ် ဂွါဒီယိုလာက “သူကျွန်တော့်ကိုကောင်းကောင်းသိပါတယ်။

နောက်စာအုပ်သစ် တစ်အုပ်တောင်ရေးလို့ရပါတယ်။ ငါ့အတ္တကတော့…” လို့ ပြောဆိုလိုက်ပါတယ်။

(Zawgyi)

နည္းျပရဲ႕အတၱက ဟာလန္းတိုးတက္မႈအတြက္အဟန႔္အတားျဖစ္ႏိုင္တယ္လို႔ ဆိုခဲ့တဲ့ နတ္ဘုရားႀကီးကို ငါကအတၱအရမ္းႀကီးတယ္လို႔ ဂြါဒီယိုလာေလွာင္ေျပာင္

ဂြါဒီယိုလာရဲ႕အတၱေၾကာင့္ မန္စီးတီးမွာဟာလန္းတိုးတက္မႈအဟန႔္အတားျဖစ္လိမ့္မယ္လို႔ ဆိုခဲ့တဲ့ အီဘရာဟီမိုဗစ္ကို စပိန္သားနည္းျပကတုံ႔ျပန္ေလွာင္ေျပာင္ခဲ့ပါတယ္။

အီဘရာဟီမိုဗစ္ဟာ ဘာစီလိုနာအသင္းမွာဂြါဒီယိုလာနဲ႔ ျပႆနာရွိခဲ့ဖူးသူျဖစ္ၿပီး ေနာ္ေဝသားနဲ႔ပတ္သတ္တဲ့ ဂြါဒီယိုလာရဲ႕စိတ္ထားအေပၚယုံ ၾကည္မႈမရွိျဖစ္ေနတာပါ။

“ဂြါဒီယိုလာက သူ႔ကိုတိုးတက္ေအာင္လုပ္ႏိုင္ပါ့မလား။ အဲ့ဒါက ဂြါဒီယိုလာရဲ႕အတၱအေပၚမူတည္ပါတယ္။ ဟာလန္း သူ႔ထက္ပိုမိုေတာက္ပ တာကို သူ႔ဘက္ကခြင့္ျပဳ၊

မျပဳဆိုတာအေပၚမူတည္ပါတယ္။ ဂြါဒီယိုလာက ကြၽန္ေတာ္အပါအဝင္လူတိုင္းကို သူ႔ထက္ႀကီးက်ယ္ခြင့္မျပဳခဲ့ပါဘူး” လို႔ အီဘရာဟီမိုဗစ္က ေျပာဆိုထားပါတယ္။

ဒါနဲ႔ပတ္သတ္လို႔ ဂြါဒီယိုလာက “သူမွန္တယ္။ လုံး၀ကိုမွန္တယ္။ ဒီကလပ္နဲ႔ ဒီအသင္းမွာ ငါ့အတၱကတျခားသူေတြ ထက္ေက်ာ္လြန္ေနပါတယ္။ ဟာလန္း

၃ဂိုးသြင္းတဲ့အခါ ငါမႀကိဳက္ဘူးဆိုတာေပၚလြင္ေနတာပါပဲ။ အရမ္းမနာလိုျဖစ္မိတယ္။ ႐ိုး႐ိုးသားသား ေျပာရရင္ တကယ္မနာလိုပါဘူး။ ‘အာလင္း

မင္းေက်းဇူးျပဳၿပီးေတာ့ ဂိုးေတြထပ္မ သြင္းပါနဲ႔’ မဟုတ္ရင္ The Sun နဲ႔ Dailymail က ငါ့အေၾကာင္းေျပာေတာ့မွာမဟုတ္ ဘူး” လို႔

ေလွာင္ေျပာင္ခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ ဒီရာသီၿပိဳင္ပြဲစုံ ၂၂ဂိုးသြင္းထားတဲ့ ဟာလန္းရဲ႕ေျခဖဝါးဒဏ္ရာကို ဖူလ္ဟမ္နဲ႔ပြဲအတြက္ လုံေလာက္မႈရွိ၊ မရွိ

ေစာင့္ၾကည့္ေနပါတယ္။ သူအေၾကာင္းကို အီဘရာဟီမိုဗစ္က ၂၀၁၁ ခုႏွစ္အတြင္းထုတ္ေဝခဲ့တဲ့ ကိုယ္တိုင္ေရးအတၳဳပၸတၱိမွာထည့္သြင္းပုတ္ခတ္ခဲ့တဲ့အေပၚ ဂြါဒီယိုလာက

“သူကြၽန္ေတာ့္ကိုေကာင္းေကာင္းသိပါတယ္။ ေနာက္စာအုပ္သစ္ တစ္အုပ္ေတာင္ေရးလို႔ရပါတယ္။ ငါ့အတၱကေတာ့…” လို႔ ေျပာဆိုလိုက္ပါတယ္။