ဟာလန်းနေရာမှာ အစားထိုးသွားဖို့ ဆာဆူအိုလိုအသင်းရဲ့ တိုက်စစ်မှူးကို ပစ်မှတ်ထားလျက်ရှိတဲ့ ဒေါ့မွန်အသင်း

ဒေါ့မွန် အသင်းအနေနဲ့ တိုက်စစ်ကစားသမား ဟာလန်းရဲ့ နေရာမှာ

ပြန်လည်အစားထိုးသွားဖို့အတွက် အီတလီ စီးရီးအေကလပ်

ဆာဆူအိုလိုအသင်းရဲ့ တိုက်စစ်မှူး ဂျန်လူကာဆကန်မာကာကို

ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

အသက်(၂၁)နှစ်အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမားလေး

ဟာလန်းဟာ လာမယ့်နွေမှာ ဒေါ့မွန်ကနေ သေချာပေါက် ထွက်ခွာဖွယ် ရှိနေပြီး

သူ့ကို ပီအက်စ်ဂျီ၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့

မန်စီးတီးတို့က အပြိုင်ပစ်မှတ်ထားနေကြပါတယ်။

ဒေါ့မွန်အသင်း ပစ်မှတ်ထားတဲ့ ကစားသမားကတော့

ဆာဆူအိုလိုအသင်းရဲ့ အသက်(၂၃)နှစ်အရွယ်သာ ရှိသေးတဲ့

အီတလီ တိုက်စစ်ကစားသမား ဆကန်မာကာပဲ ဖြစ်ပါတယ်။

ဒီနှစ်ဘောလုံးရာသီအတွက် ဆာဆူအိုလိုအသင်းအတွက်

စီးရီးအေ (၂၂)ပွဲ ပါဝင်ကစားထားခဲ့တဲ့ ဆကန်မာကာဟာ

အသင်းအတွက် စီးရီးအေသွင်းဂိုး (၉)ဂိုးအထိ သွင်းယူထားခဲ့ပါတယ်။

ဆာဆူအိုလိုအသင်းမှာ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း

ကျန်ရှိနေသေးတဲ့ ဆကန်မာကာကို ဒေါ့မွန်အသင်းကနေ

ပြောင်းရွှေ့ကြေး ပေါင်(၃၈)သန်းနဲ့ အခု ဆောင်းဈေးကွက်

မပိတ်သိမ်းခင်မှာပဲ ကမ်းလှမ်းမှုတွေ ပြုလုပ်လာနိုင်တယ်လို့

သတင်းတချို့က ဖော်ပြကြပါတယ်။ ဒါပေမယ့် တချို့သတင်းတွေကတော့

အပြောင်းအရွှေ့သာ ဖြစ်ပေါ်လာခဲ့မယ်ဆိုရင်လည်း ဒေါ့မွန်အသင်းက

ဆကန်မာကာကို အသင်းမှာ ချက်ချင်း အသုံးပြုသွားဦးမှာ မဟုတ်ပဲ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ကုန်ဆုံးချိန်ထိ ဆာဆူအိုလိုအသင်းမှာ

အငှားချသွားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

zawgyi

ဟာလန္းေနရာမွာ အစားထိုးသြားဖို႔ ဆာဆူအိုလိုအသင္းရဲ႕ တိုက္စစ္မႉးကို ပစ္မွတ္ထားလ်က္ရွိတဲ့ ေဒါ့မြန္အသင္း

ေဒါ့မြန္ အသင္းအေနနဲ႔ တိုက္စစ္ကစားသမား ဟာလန္းရဲ႕ ေနရာမွာ

ျပန္လည္အစားထိုးသြားဖို႔အတြက္ အီတလီ စီးရီးေအကလပ္

ဆာဆူအိုလိုအသင္းရဲ႕ တိုက္စစ္မႉး ဂ်န္လူကာဆကန္မာကာကို

ပစ္မွတ္ထားလ်က္ ရွိေနတယ္လို႔ သိရွိရပါတယ္။

အသက္(၂၁)ႏွစ္အ႐ြယ္ ေနာ္ေဝလက္ေ႐ြးစင္ တိုက္စစ္ကစားသမားေလး

ဟာလန္းဟာ လာမယ့္ေႏြမွာ ေဒါ့မြန္ကေန ေသခ်ာေပါက္ ထြက္ခြာဖြယ္ ရွိေနၿပီး

သူ႔ကို ပီအက္စ္ဂ်ီ၊ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္နဲ႔

မန္စီးတီးတို႔က အၿပိဳင္ပစ္မွတ္ထားေနၾကပါတယ္။

ေဒါ့မြန္အသင္း ပစ္မွတ္ထားတဲ့ ကစားသမားကေတာ့

ဆာဆူအိုလိုအသင္းရဲ႕ အသက္(၂၃)ႏွစ္အ႐ြယ္သာ ရွိေသးတဲ့

အီတလီ တိုက္စစ္ကစားသမား ဆကန္မာကာပဲ ျဖစ္ပါတယ္။

ဒီႏွစ္ေဘာလုံးရာသီအတြက္ ဆာဆူအိုလိုအသင္းအတြက္

စီးရီးေအ (၂၂)ပြဲ ပါဝင္ကစားထားခဲ့တဲ့ ဆကန္မာကာဟာ

အသင္းအတြက္ စီးရီးေအသြင္းဂိုး (၉)ဂိုးအထိ သြင္းယူထားခဲ့ပါတယ္။

ဆာဆူအိုလိုအသင္းမွာ ၂၀၂၅ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း

က်န္ရွိေနေသးတဲ့ ဆကန္မာကာကို ေဒါ့မြန္အသင္းကေန

ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၃၈)သန္းနဲ႔ အခု ေဆာင္းေဈးကြက္

မပိတ္သိမ္းခင္မွာပဲ ကမ္းလွမ္းမႈေတြ ျပဳလုပ္လာႏိုင္တယ္လို႔

သတင္းတခ်ိဳ႕က ေဖာ္ျပၾကပါတယ္။ ဒါေပမယ့္ တခ်ိဳ႕သတင္းေတြကေတာ့

အေျပာင္းအေ႐ႊ႕သာ ျဖစ္ေပၚလာခဲ့မယ္ဆိုရင္လည္း ေဒါ့မြန္အသင္းက

ဆကန္မာကာကို အသင္းမွာ ခ်က္ခ်င္း အသုံးျပဳသြားဦးမွာ မဟုတ္ပဲ

၂၀၂၁-၂၀၂၂ ေဘာလုံးရာသီ ကုန္ဆုံးခ်ိန္ထိ ဆာဆူအိုလိုအသင္းမွာ

အငွားခ်သြားေပးမွာျဖစ္တယ္လို႔ သိရပါတယ္။