ဟာလန်းတောင် မန်ယူကိုရောက်လာနိုင်တယ်လို့ ယာယီနည်းပြဟောင်း ရန်းနစ်ခ် ရင်ဖွင့်လာ

ယူနိုက်တက်ကိုယာယီနည်းပြအဖြစ်ကိုင်တွယ်ခဲ့ချိန် ဆောင်းစျေးကွက်မှာ ရန်းနစ်ခ်ဘက်က လက်တွေ့ဆန်တဲ့ကစားသမားအဝယ်စာရင်းတင်ပြခဲ့ပေမဲ့ ဂလေဇာမသားစု

ဘက်ကငြင်းဆန်သွားခဲ့ပါတယ်။ ရန်းနစ်ခ်လက်ထက်မှာ မန်ယူကအဆိုးရွားဆုံးရာသီ တစ်ခုဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ရမှတ် ၈၅ မှတ်သာပိုင်ဆိုင်ခဲ့သလို

နေရာစုံမှာလိုအပ်ချက်တွေရှိနေလို့ အင်အားဖြည့်ဖို့အတွက် အသင်းဆီကိုတင်ပြခဲ့ပါတယ်။ အန်ကွန်ကူ၊ ဂါဒီယို၊ ဟာလန်း၊ ဗလာဟိုဗစ်၊လူး၀စ္စဒီယက်ဇ်နဲ့

မိုရာတာတို့လို ပစ်မှတ်ကစားသမား ၆ယောက်စာရင်းကို ရက်နစ်ခ်ဘက်ကတင်ပြခဲ့ပေမဲ့ ကလပ်ဘက်က တစ်ယောက် တောင်မခေါ်ပေးခဲ့ပါဘူး။

ဂျာမန်သတင်းစာ BILD နဲ့တွေ့ဆုံမှုမှာတော့ ရန်းနစ်ခ်က “သူတို့ဘက်က ဒါကိုမလိုချင်ခဲ့ပါဘူး။ ယူနိုက်တက်ဟာ နေရာအတော်များများမှာ လိုအပ်ချက်ရှိခဲ့တာ

လူတိုင်းသိပါတယ်။ အန်ကွန်ကူနဲ့ ဂါဒီယိုတို့ကို ဆွေးနွေးမှုတောင် လုပ်ပြီးနေပါပြီ။ ကျွန်တော်တို့ဟာ မိုရာတာ၊ ဒီယက်ဇ်နဲ့ ဗလာဟိုဗစ်တို့အတွက် စကားပြောခဲ့သလို

ဟာလန်းဆိုရင်စျေးကွက်ထဲမှာရှိနေတုန်း အချိန်ဖြစ်ပါတယ်။ ကလပ်ဘက်ကတော့ နည်းပြသစ်ရောက်လာမှ ပြန်တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။

ဆောင်းစျေးကွက်မှာ ရန်းနစ်ခ်အဝယ်စာရင်းတင်ခဲ့တဲ့ ကစားသမား ၆ယောက် စလုံးဟာ ဒီရာသီသက်ဆိုင်ရာအသင်းတွေမှာ ပုံမှန်ပွဲထွက်ခွင့်နဲ့ခြေစွမ်းပြထားနိုင်ပါတယ်။

(Zawgyi)

ဂေလဇာမိသားစုသာလက္ခံရင္ ဟာလန္းေတာင္ မန္ယူကိုေရာက္လာႏိုင္တယ္လို႔ ယာယီနည္းျပေဟာင္း ရန္းနစ္ခ္ ရင္ဖြင့္လာ

ယူႏိုက္တက္ကိုယာယီနည္းျပအျဖစ္ကိုင္တြယ္ခဲ့ခ်ိန္ ေဆာင္းေစ်းကြက္မွာ ရန္းနစ္ခ္ဘက္က လက္ေတြ႕ဆန္တဲ့ကစားသမားအဝယ္စာရင္းတင္ျပခဲ့ေပမဲ့ ဂေလဇာမသားစု

ဘက္ကျငင္းဆန္သြားခဲ့ပါတယ္။ ရန္းနစ္ခ္လက္ထက္မွာ မန္ယူကအဆိုး႐ြားဆုံးရာသီ တစ္ခုျဖစ္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ရမွတ္ ၈၅မွတ္သာပိုင္ဆိုင္ခဲ့သလို ေနရာစုံမွာလိုအပ္ခ်က္ေတြရွိေနလို႔

အင္အားျဖည့္ဖို႔အတြက္အသင္းဆီကိုတင္ျပခဲ့ပါတယ္။ အန္ကြန္ကူ၊ ဂါဒီယို၊ ဟာလန္း၊ ဗလာဟိုဗစ္၊လူး၀စၥဒီယက္ဇ္နဲ႔ မိုရာတာတို႔လို ပစ္မွတ္ကစားသမား ၆ေယာက္စာရင္းကို

ရက္နစ္ခ္ဘက္ကတင္ျပခဲ့ေပမဲ့ ကလပ္ဘက္က တစ္ေယာက္ ေတာင္မေခၚေပးခဲ့ပါဘူး။ ဂ်ာမန္သတင္းစာ BILD နဲ႔ေတြ႕ဆုံမႈမွာေတာ့ ရန္းနစ္ခ္က “သူတို႔ဘက္က ဒါကိုမလိုခ်င္ခဲ့ပါဘူး။

ယူႏိုက္တက္ဟာ ေနရာအေတာ္မ်ားမ်ားမွာ လိုအပ္ခ်က္ရွိခဲ့တာ လူတိုင္းသိပါတယ္။ အန္ကြန္ကူနဲ႔ ဂါဒီယိုတို႔ကို ေဆြးေႏြးမႈေတာင္လုပ္ၿပီးေနပါၿပီ။ ကြၽန္ေတာ္တို႔ဟာ

မိုရာတာ၊ ဒီယက္ဇ္နဲ႔ ဗလာဟိုဗစ္တို႔အတြက္ စကားေျပာခဲ့သလို ဟာလန္းဆိုရင္ေစ်းကြက္ထဲမွာရွိေနတုန္း အခ်ိန္ျဖစ္ပါတယ္။ ကလပ္ဘက္ကေတာ့ နည္းျပသစ္ေရာက္လာမွ

ျပန္တည္ေဆာက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္” လို႔ ဖြင့္ဟခဲ့ပါတယ္။ ေဆာင္းေစ်းကြက္မွာ ရန္းနစ္ခ္အဝယ္စာရင္းတင္ခဲ့တဲ့ ကစားသမား ၆ေယာက္ စလုံးဟာ

ဒီရာသီသက္ဆိုင္ရာအသင္းေတြမွာ ပုံမွန္ပြဲထြက္ခြင့္နဲ႔ေျခစြမ္းျပထားႏိုင္ပါတယ္။