
လက်ရှိအချိန်မှာ ကမ္ဘာ့ပေါ်က နာမည်ကြီးဘောလုံးကလပ်တွေအားလုံးဟာ
အာလင်းဟာလန်းဆိုတဲ့ လူငယ်ကြယ်ပွင့်လေးကို အလုအယက်ဖြစ်နေကြပါတယ်။
အားလုံးက သူ့ရဲ့အခြေအနေကို ကောင်းစွာစောင့်ကြည့်နေကြသလို
အဲဒီနော်ဝေသားလေးကလည်း ကွင်းထဲမှာ ဂိုးတွေတဒိုင်းဒိုင်းသွင်းကာ
ဘယ်တုန်းကမှ စိတ်မပျက်စေခဲ့ပါဘူး။ ဒေါ့မန်ကတော့ သူတို့ရဲ့အဓိက
ကစားသမားလေးကို ပြီးခဲ့တဲ့နွေရာသီမှာ ဆက်ထိန်းနိုင်ခဲ့ပြီး ရောက်ရှိလာတဲ့
ကမ်းလှမ်းမှုမှန်သမျှကို ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့စက်တင်ဘာလ ၁ ရက်နေ့မှာ
အခြေအနေက ပြောင်းလဲသွားပါတယ်။ လာမယ့်နွေကစပြီး ထွက်ခွာကြေး
ယူရို ၇၅ သန်းဆိုတာ စတင်အသက်ဝင်မှာဖြစ်ပြီး အဲဒါနဲ့ပတ်သက်လို့ သက်ဆိုင်သူ
အားလုံးက ငြင်းပယ်ခြင်းမရှိခဲ့ပါဘူး။ ဟာလန်းကလည်း အပတ်စဉ်အပတ်တိုင်း
အံ့အားသင့်စေနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ကာ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာပါဝါနဲ့
မငြင်းနိုင်စရာဂိုးသွင်းအရည်အသွေးက ဥရောပကိုစိုးမိုးလိုတဲ့ဘယ်အသင်းတိုင်း
အတွက်မဆို အကြိုက်တွေ့စရာဖြစ်ခဲ့တယ်။ လက်ရှိအချိန်ထိတော့ ဟာလန်းဟာ
သူ့အနာဂါတ်နဲ့ပတ်သက်လို့ နှုတ်ဆိတ်နေပြီး ဒါကလည်း ဒေါ့မန်ကို အတတ်နိုင်ဆုံး
လေးစားသမှုထားတဲ့သဘောဖြစ်ပုံရပါတယ်။ ဒါပေမဲ့ သူထွက်ခွာချိန်တန်ဖို့
နီးစပ်နေပြီဆိုတာ ၂၁ နှစ်အရွယ် အဲဒီနော်ဝေကြယ်ပွင့်လေးက သိပါတယ်။
သူ့အေးဂျင့်ရိုင်အိုလာကလည်း တန်ဖိုးကြီးစာချုပ်တစ်ခုချုပ်ဆိုနိုင်ဖို့ ရှာဖွေနေကာ
သူဘယ်နေရာသွားသွား ဟာလန်းဟာ အဲဒီမှာ အဓိကကျသူဖြစ်ချင်တာပါ။
သူဟာ အသင်းသစ်ကို ဦးဆောင်ချင်သလို အသင်းဖော်သစ်ဖြစ်လာမယ့်
ကစားသမားကောင်းတွေရဲ့ထောက်ပံ့မှုကိုလည်း ရချင်ပါတယ်။
ဒေါ့မန်အတွက် ၆၇ ပွဲမှာ ၆၈ ဂိုးသွင်းထားတဲ့ဟာလန်းဟာ ရည်မှန်းချက်ကြီးသလို
ဒေါ့မန်ကလည်း ဟာလန်းရဲ့ထွက်ခွာမှုဟာ မဖြစ်မနေရောက်ရှိတော့မယ်ဆိုတာကို
စတင်လက်ခံထားနှင့်ပြီးသားပါ။ နာမည်ကြီးအေးဂျင့်ရွိုင်အိုလာကတော့
ဟာလန်းအတွက် အသင်းသစ်ရှာဖွေပေးနေပေမယ့် ကစားသမားရဲ့တောင်းဆိုမှု
တွေကြောင့် သူ့အလုပ်က ပိုရှုပ်ထွေးစေပါတယ်။ ချဲလ်ဆီးက ဟာလန်းအတွက်
ရွိုင်အိုလာနဲ့စကားပြောခဲ့ပေမယ့် ဒေါ့မန်က ဆွေးနွေးဖို့ ငြင်းဆန်ခဲ့တာကြောင့်
လူကာကူကို ခေါ်ယူခဲ့ရတယ်။ ဘိုင်ယန်က ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့် များပြားလှတဲ့
ငွေကြေးပမာဏကို အသုံးပြုဖို့ လက်တွန့်မှာဖြစ်ပြီး ဘာစီလိုနာကတော့ မတတ်နိုင်တာပါ။
မန်စီးတီးနဲ့ပီအက်စ်ဂျီတို့ကတော့ ဟာလန်းရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။
နာမည်ကြီးအီတလီသတင်းစာ ဂဇက်တာဒယ်လိုစပေါ့ရဲ့ဖော်ပြချက်အရတော့
ပီအက်စ်ဂျီဟာ ချဉ်းကပ်မှုတစ်ခုလုပ်ခဲ့ပေမယ့် ဟာလန်းဟာ တစ်ရာသီကို
ယူရိုသန်း ၅၀ နီးပါးပမာဏတစ်ခု တောင်းခဲ့တယ်လို့ သိရပါတယ်။
ရီးရဲလ်ကတော့ အမ်ဘက်ပီကိုခေါ်ယူနိုင်ရေး ပိုပြီးဦးစားပေးလုပ်ဆောင်နေပေမယ့်
သူတို့အသင်းဥက္ကဌပီရက်ဇ်ကတော့ ဟာလန်းနဲ့တွဲကစားစေနိုင်ဖို့ အိပ်မက်ထားပါတယ်။
zawgyi
ဟာလန္းဆိုတဲ့ လူငယ္ၾကယ္ပြင့္ေလးကို အလုအယက္ျဖစ္ေနၾက
လက္ရွိအခ်ိန္မွာ ကမာၻ႔ေပၚက နာမည္ႀကီးေဘာလုံးကလပ္ေတြအားလုံးဟာ
အာလင္းဟာလန္းဆိုတဲ့ လူငယ္ၾကယ္ပြင့္ေလးကို အလုအယက္ျဖစ္ေနၾကပါတယ္။
အားလုံးက သူ႔ရဲ႕အေျခအေနကို ေကာင္းစြာေစာင့္ၾကည့္ေနၾကသလို
အဲဒီေနာ္ေဝသားေလးကလည္း ကြင္းထဲမွာ ဂိုးေတြတဒိုင္းဒိုင္းသြင္းကာ
ဘယ္တုန္းကမွ စိတ္မပ်က္ေစခဲ့ပါဘူး။ ေဒါ့မန္ကေတာ့ သူတို႔ရဲ႕အဓိက
ကစားသမားေလးကို ၿပီးခဲ့တဲ့ေႏြရာသီမွာ ဆက္ထိန္းႏိုင္ခဲ့ၿပီး ေရာက္ရွိလာတဲ့
ကမ္းလွမ္းမႈမွန္သမွ်ကို ပယ္ခ်ခဲ့ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့စက္တင္ဘာလ ၁ ရက္ေန႔မွာ
အေျခအေနက ေျပာင္းလဲသြားပါတယ္။ လာမယ့္ေႏြကစၿပီး ထြက္ခြာေၾကး
ယူ႐ို ၇၅ သန္းဆိုတာ စတင္အသက္ဝင္မွာျဖစ္ၿပီး အဲဒါနဲ႔ပတ္သက္လို႔ သက္ဆိုင္သူ
အားလုံးက ျငင္းပယ္ျခင္းမရွိခဲ့ပါဘူး။ ဟာလန္းကလည္း အပတ္စဥ္အပတ္တိုင္း
အံ့အားသင့္ေစႏိုင္တဲ့ကစားသမားတစ္ေယာက္ျဖစ္ကာ သူ႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာပါဝါနဲ႔
မျငင္းႏိုင္စရာဂိုးသြင္းအရည္အေသြးက ဥေရာပကိုစိုးမိုးလိုတဲ့ဘယ္အသင္းတိုင္း
အတြက္မဆို အႀကိဳက္ေတြ႕စရာျဖစ္ခဲ့တယ္။ လက္ရွိအခ်ိန္ထိေတာ့ ဟာလန္းဟာ
သူ႔အနာဂါတ္နဲ႔ပတ္သက္လို႔ ႏႈတ္ဆိတ္ေနၿပီး ဒါကလည္း ေဒါ့မန္ကို အတတ္ႏိုင္ဆုံး
ေလးစားသမႈထားတဲ့သေဘာျဖစ္ပုံရပါတယ္။ ဒါေပမဲ့ သူထြက္ခြာခ်ိန္တန္ဖို႔
နီးစပ္ေနၿပီဆိုတာ ၂၁ ႏွစ္အ႐ြယ္ အဲဒီေနာ္ေဝၾကယ္ပြင့္ေလးက သိပါတယ္။
သူ႔ေအးဂ်င့္႐ိုင္အိုလာကလည္း တန္ဖိုးႀကီးစာခ်ဳပ္တစ္ခုခ်ဳပ္ဆိုႏိုင္ဖို႔ ရွာေဖြေနကာ
သူဘယ္ေနရာသြားသြား ဟာလန္းဟာ အဲဒီမွာ အဓိကက်သူျဖစ္ခ်င္တာပါ။
သူဟာ အသင္းသစ္ကို ဦးေဆာင္ခ်င္သလို အသင္းေဖာ္သစ္ျဖစ္လာမယ့္
ကစားသမားေကာင္းေတြရဲ႕ေထာက္ပံ့မႈကိုလည္း ရခ်င္ပါတယ္။
ေဒါ့မန္အတြက္ ၆၇ ပြဲမွာ ၆၈ ဂိုးသြင္းထားတဲ့ဟာလန္းဟာ ရည္မွန္းခ်က္ႀကီးသလို
ေဒါ့မန္ကလည္း ဟာလန္းရဲ႕ထြက္ခြာမႈဟာ မျဖစ္မေနေရာက္ရွိေတာ့မယ္ဆိုတာကို
စတင္လက္ခံထားႏွင့္ၿပီးသားပါ။ နာမည္ႀကီးေအးဂ်င့္႐ြိဳင္အိုလာကေတာ့
ဟာလန္းအတြက္ အသင္းသစ္ရွာေဖြေပးေနေပမယ့္ ကစားသမားရဲ႕ေတာင္းဆိုမႈ
ေတြေၾကာင့္ သူ႔အလုပ္က ပိုရႈပ္ေထြးေစပါတယ္။ ခ်ဲလ္ဆီးက ဟာလန္းအတြက္
႐ြိဳင္အိုလာနဲ႔စကားေျပာခဲ့ေပမယ့္ ေဒါ့မန္က ေဆြးေႏြးဖို႔ ျငင္းဆန္ခဲ့တာေၾကာင့္
လူကာကူကို ေခၚယူခဲ့ရတယ္။ ဘိုင္ယန္က ေခၚယူဖို႔ စိတ္ဝင္စားေပမယ့္ မ်ားျပားလွတဲ့
ေငြေၾကးပမာဏကို အသုံးျပဳဖို႔ လက္တြန႔္မွာျဖစ္ၿပီး ဘာစီလိုနာကေတာ့ မတတ္ႏိုင္တာပါ။
မန္စီးတီးနဲ႔ပီအက္စ္ဂ်ီတို႔ကေတာ့ ဟာလန္းရဲ႕အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနၾကပါတယ္။
နာမည္ႀကီးအီတလီသတင္းစာ ဂဇက္တာဒယ္လိုစေပါ့ရဲ႕ေဖာ္ျပခ်က္အရေတာ့
ပီအက္စ္ဂ်ီဟာ ခ်ဥ္းကပ္မႈတစ္ခုလုပ္ခဲ့ေပမယ့္ ဟာလန္းဟာ တစ္ရာသီကို
ယူ႐ိုသန္း ၅၀ နီးပါးပမာဏတစ္ခု ေတာင္းခဲ့တယ္လို႔ သိရပါတယ္။
ရီးရဲလ္ကေတာ့ အမ္ဘက္ပီကိုေခၚယူႏိုင္ေရး ပိုၿပီးဦးစားေပးလုပ္ေဆာင္ေနေပမယ့္
သူတို႔အသင္းဥကၠဌပီရက္ဇ္ကေတာ့ ဟာလန္းနဲ႔တြဲကစားေစႏိုင္ဖို႔ အိပ္မက္ထားပါတယ္။