ဟာလန်းဆိုတဲ့အသံကြားရုံနဲ့ စိတ်ကောက်သွားတဲ့ ဗန်ဒိုက်

လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဟာ ဟာလန်းရဲ့နာမည်ကို ကြားလိုက်ရုံနဲ့တင် အင်တာဗျူးအစီအစဉ်တစ်ခုမှာ စိတ်ကောက်ခဲ့ဖူးတဲ့ ကစားသမားဖြစ်ပါတယ်။

တနင်္ဂနွေနေ့ကျရင် လီဗာပူးနဲ့ မန်စီးတီးတို့ဟာ အန်ဖီးလ်ကွင်းကြီးမှာ စီးချင်းထိုးကြပါတော့မယ်။ နော်ဝေသားတိုက်စစ်မှူးဟာ အန်ဖီးလ်ကွင်းကို ပထမဆုံးအကြိမ် လာရောက်မယ့် ကစားသမားတော့ မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ သူဟာ ဒေါ့တ်မန်ကို မပြောင်းခင် ဆဲလ်ဘတ်အသင်းမှာ ကစားခဲ့တုန်းက လီဗာပူးနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားတော့ အန်ဖီးလ်ကို လာရောက်ခဲ့ဖူးသူဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ဟာလန်းဟာ နောက်ခံလူ ဗန်ဒိုက်အပါအဝင် လီဗာပူးနောက်ခံ လူတွေကို ဒုက္ခပေးခဲ့တဲ့ ကစားသမားဖြစ်ပြီး ကိုယ်တိုင်လည်း တစ်ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။

ဗန်ဒိုက်အပါအဝင် လက်တစ်ဆုပ်ဟာ လီဗာပူး နောက်ခံလူတွေ ကို အဲဒီအချိန်တုန်းက လူငယ်ကစားသမားလေး ဟာလန်းက နည်းလမ်းပေါင်းစုံနဲ့ ခြိမ်းခြောက်ပြသွားခဲ့တာပါ။

ဒါပေမဲ့ အဲဒီပွဲမှာတော့ လီဗာပူးက ၄-၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ESPN ရဲ့ ဘောလုံးရေးရာ ဝေဖန်သူတစ်ယောက်ဖြစ်တဲ့ အာ့ဂျ်ဖျိုတော့က ဗန်ဒိုက်ကို အင်တာဗျူး လုပ်ခဲ့ပါတယ်။

အဲဒီ အင်တာဗျူးအစီအစဉ်မှာ ဟာလန်းရဲ့အကြောင်းကိုလည်း မေးလိုက်ရော ဗန်ဒိုက်တစ်ယောက် ကောင်းကောင်း မဖြေခဲ့ဘူးလို့ ဖျိုတော့က ပြန်ပြောင်း ပြောဆိုပါတယ်။ ‘’ပွဲပြီးတော့ အင်တာဗျူးတွေကို စိတ်လိုလက်ရ ဖြေတတ်တဲ့ ဗန်ဒိုက်ကို ကျွန်တော် အင်တာဗျူးခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူက လူကြီးလူကောင်း ပီသလို့ပါ။

အဲဒီနောက် ကျွန်တော်က နော်ဝေတိုက်စစ်မှူး ဟာလန်းအကြောင်း မေးလိုက်တာပေါ့။ အဲဒါနဲ့ သူက ပြောတယ်။ ကျွန်တော်တို့ အနိုင်ရခဲ့တယ်ဗျာတဲ့။ ကျွန်တော်ကတော့ အဲဒီလိုပဲ ဖြေချင်တယ်။ ခင်ဗျားကရော ဘယ်လို ထင်သလဲလို့ ပြန်မေးပါတယ်။ ဗန်ဒိုက်က ထပ်ပြောခဲ့တယ်။

ကျွန်တော်တော့ ဒီကောင့်ကို အများကြီး မမြင်မိပါဘူး။ သူ့မှာ စွမ်းအား နည်းနည်းပါးပါးလောက်တော့ ရှိမယ်။ ဘာကြောင့်လဲဆို တော့ ကျွန်တော်တို့ အမှားတွေလည်း နည်းနည်းပါးပါးရှိခဲ့လို့လေ။

နောက်ခံလူတစ်ယောက်က တိုက်စစ်မှူးတစ်ယောက်ကို အများကြီး မမြင်မိဘူးလို့ပြောရင် ဒါဟာ တိုက်စစ်မှူးအတွက် ကောင်းတာပေါ့လို့ ပြောခဲ့တယ်။ အဲဒီနောက် သူ ထွက်သွားခဲ့တယ်’’ လို့ ဖျိုတော့က ပြောဆိုခဲ့ပါတယ်။

(Zawgyi)

ဟာလန္းဆိုတဲ့အသံၾကား႐ုံနဲ႔ စိတ္ေကာက္သြားတဲ့ ဗန္ဒိုက္

လီဗာပူးေနာက္ခံလူ ဗန္ဒိုက္ဟာ ဟာလန္းရဲ႕နာမည္ကို ၾကားလိုက္႐ုံနဲ႔တင္ အင္တာဗ်ဴးအစီအစဥ္တစ္ခုမွာ စိတ္ေကာက္ခဲ့ဖူးတဲ့ ကစားသမားျဖစ္ပါ တယ္။

တနဂၤေႏြေန႔က်ရင္ လီဗာပူးနဲ႔ မန္စီးတီးတို႔ဟာ အန္ဖီးလ္ကြင္းႀကီးမွာ စီးခ်င္းထိုးၾကပါေတာ့မယ္။ ေနာ္ေဝသားတိုက္စစ္မႉးဟာ အန္ဖီးလ္ကြင္းကို ပထမဆုံးအႀကိမ္ လာေရာက္မယ့္ ကစားသမားေတာ့ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူဟာ ေဒါ့တ္မန္ကို မေျပာင္းခင္ ဆဲလ္ဘတ္အသင္းမွာ ကစားခဲ့တုန္းက လီဗာပူးနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ ကစားေတာ့ အန္ဖီးလ္ကို လာေရာက္ခဲ့ဖူးသူျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလမွာ ကစားခဲ့ တဲ့ ပြဲစဥ္မွာ ဟာလန္းဟာ ေနာက္ခံလူ ဗန္ဒိုက္အပါအဝင္ လီဗာပူးေနာက္ခံ လူေတြကို ဒုကၡေပးခဲ့တဲ့ ကစားသမားျဖစ္ၿပီး ကိုယ္တိုင္လည္း တစ္ဂိုးသြင္း ယူ ႏိုင္ခဲ့ပါတယ္။ ဗန္ဒိုက္အပါအဝင္ လက္တစ္ဆုပ္ဟာ လီဗာပူး ေနာက္ခံလူေတြ ကို အဲဒီအခ်ိန္တုန္းက လူငယ္ကစားသမားေလး ဟာလန္းက နည္းလမ္း ေပါင္းစုံနဲ႔ ၿခိမ္းေျခာက္ျပသြားခဲ့တာပါ။

ဒါေပမဲ့ အဲဒီပြဲမွာေတာ့ လီဗာပူးက ၄-၃ ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့ ESPN ရဲ႕ ေဘာလုံးေရးရာ ေဝဖန္သူတစ္ေယာက္ျဖစ္တဲ့ အာ့ဂ်္ဖ်ိဳေတာ့က ဗန္ဒိုက္ကို အင္တာဗ်ဴး လုပ္ခဲ့ပါတယ္။ အဲဒီ အင္တာဗ်ဴးအစီအစဥ္မွာ ဟာလန္းရဲ႕အေၾကာင္းကိုလည္း ေမးလိုက္ေရာ ဗန္ ဒိုက္တစ္ေယာက္ ေကာင္းေကာင္း မေျဖခဲ့ဘူးလို႔ ဖ်ိဳေတာ့က ျပန္ေျပာင္း ေျပာဆိုပါတယ္။

‘’ပြဲၿပီးေတာ့ အင္တာဗ်ဴးေတြကို စိတ္လိုလက္ရ ေျဖတတ္တဲ့ ဗန္ဒိုက္ကို ကြၽန္ေတာ္ အင္တာဗ်ဴးခဲ့ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ သူက လူႀကီးလူေကာင္း ပီသလို႔ပါ။ အဲဒီေနာက္ ကြၽန္ေတာ္က ေနာ္ ေဝတိုက္စစ္မႉး ဟာလန္းအေၾကာင္း ေမးလိုက္တာေပါ့။ အဲဒါနဲ႔ သူက ေျပာတယ္။ ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့တယ္ဗ်ာတဲ့။ ကြၽန္ေတာ္ကေတာ့ အဲဒီလိုပဲ ေျဖခ်င္တယ္။ ခင္ဗ်ားကေရာ ဘယ္လို ထင္သလဲလို႔ ျပန္ေမးပါတယ္။

ဗန္ဒိုက္ က ထပ္ေျပာခဲ့တယ္။ ကြၽန္ေတာ္ေတာ့ ဒီေကာင့္ကို အမ်ားႀကီး မျမင္မိပါဘူး။ သူ႔မွာ စြမ္းအား နည္းနည္းပါးပါးေလာက္ေတာ့ ရွိမယ္။ ဘာေၾကာင့္လဲဆို ေတာ့ ကြၽန္ေတာ္တို႔ အမွားေတြလည္း နည္းနည္းပါးပါးရွိခဲ့လို႔ေလ။

ေနာက္ခံလူတစ္ေယာက္က တိုက္စစ္မႉးတစ္ေယာက္ကို အမ်ားႀကီး မျမင္မိဘူးလို႔ေျပာရင္ ဒါဟာ တိုက္စစ္မႉးအတြက္ ေကာင္းတာေပါ့လို႔ ေျပာခဲ့တယ္။ အဲဒီေနာက္ သူ ထြက္သြားခဲ့တယ္’’ လို႔ ဖ်ိဳေတာ့က ေျပာဆိုခဲ့ပါတယ္။