ဟာလန်းကို လူစားလဲပစ်လို့ ဂွါဒီယိုလာကို ပေါက်ကွဲနေကြတဲ့ မန်စီးတီး ပရိသတ်တွေ

ဒေါ့တ်မန်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး ဟာလန်းကို လူစားလဲ ပစ်ခဲ့တဲ့ နည်းပြဂွါဒီယိုလာရဲ့ လုပ်ရပ်အပေါ် ပရိသတ်တွေ အပြစ်ပြောနေကြ ပြီဖြစ်ပါတယ်။

ဒီပွဲမှာ မန်စီးတီးဟာ ဧည့်သည်အသင်းဖြစ်ပေမယ့် ဘောလုံး ပိုင်ဆိုင်မှု အသာစီးရခဲ့ပြီး ပွဲကို စိုးမိုးနိုင်ခဲ့တဲ့ အသင်းဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဂိုးပေါက်ခြိမ်းခြောက်မှုတွေသာရှိပြီး ဂိုးမသွင်းနိုင်ခဲ့တဲ့အပြင် ပထမပိုင်း ပြီးဆုံးချိန်မှာပဲ တိုက်စစ်မှူး ဟာလန်းကို ဘာနာဒိုဆေးလ်ဗားနဲ့ လူစားလဲခဲ့ တာကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။

အထူးသဖြင့် ဟာလန်းရဲ့ အသင်းဟောင်းဖြစ်တဲ့ ဒေါ့တ်မန်ကို နော်ဝေတိုက်စစ်မှူးတစ်ယောက် ပထမဆုံး အကြိမ်အဖြစ် ပြိုင်ဘက်အသွင်နဲ့ တစ်ကျော့ပြန်ရောက်ရှိလာတဲ့အချိန်မှာ ဂိုးသွင်းယူတာကို မန်စီးတီး ပရိသတ်တွေ မြင်ချင်ခဲ့ကြတယ်။

ဒါပေမဲ့ ပရိသတ်တွေရဲ့ ဆန္ဒမပြည့်ဝခဲ့သလို ဟာလန်းဟာဆိုရင်လည်း ဒေါ့တ်မန်နဲပွဲစဉ် ပထမပိုင်းမှာ အသံတိတ်နေခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။

အခုလို ဂိုးမရှိ သရေရလဒ် ရရှိခဲ့တာကြောင့် မန်စီးတီးကတော့ ချန်ပီယံလိဂ် အုပ်စု (G) ရဲ့ ထိပ်ဆုံးနေရာကို ပိုင်ဆိုင်ခဲ့ပြီး ဒေါ့တ်မန်ကလည်း ဒုတိယ နေရာကနေ နောက်တစ်ဆင့် တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲမှာ နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီးဟာ တိုက်စစ်မှူး မာရက်ဇ်ရဲ့ ပင်နယ်တီ ဂိုးမဝင်ခဲ့တာကြောင့် နစ်နာခဲ့တဲ့အပြင် ဘောလုံးပိုင်ဆိုင်မှု ၇၃ ရာခိုင်နှုန်း ရှိခဲ့ပြီး အပိုင်အခွင့် အရေး ၃ ကြိမ်လည်း ရခဲ့ပါတယ်။

ဒါပေမဲ့ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တဲ့အပြင် ဟာလန်းကိုပါ ထုတ်ပစ်လိုက်တော့ မန်စီးတီးပရိသတ်တွေ လိုင်းပေါ်တက်ပြီး ပေါက်ကွဲခဲ့ကြပါတယ်။ ‘’ဟာလန်းကို ထုတ်ပစ်တယ်ပေါ့။ ဘာလဲဟ ဂွါဒီယို လာကြီးရ’’ လို့ ပရိသတ် တစ်ယောက်က လိုင်းပေါ်မှာ ရေးသားခဲ့ပါတယ်။

ဒုတိယတစ်ယောက်ကတော့ ‘’ နည်းပြဂွါဒီယိုလာက ဂိုးမရှိ သရေကျနေတဲ့ပွဲမှာ ဟာလန်းကို ထုတ်ပစ်လိုက်တာက အဓိပ္ပာယ် မရှိလိုက်တာ။ ကိုယ့်ရဲ့ ကြယ်ပွင့်ကစားသမားက သမိုင်းဝင် သွင်းဂိုးတွေ သွင်းမယ့် အခွင့်အရေးကို ကိုယ်တိုင် ပယ်ဖျက်လိုက်တာပဲ’’ လို့ ရေးသားခဲ့ပါတယ်။

တတိယ တစ်ယောက်ကတော့ ‘’အဝတ်လဲခန်းထဲကို သွားတဲ့လမ်းမှာ ခေါင်းကို တစ်ခုခုနဲ့ ဝင်တိုက်လာခဲ့မိတာလား ဂွါဒီယိုလာ’’ လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

(Zawgyi)

ဟာလန္းကို လူစားလဲပစ္လို႔ ဂြါဒီယိုလာကို ေပါက္ကြဲေနၾကတဲ့ မန္စီးတီး ပရိသတ္ေတြ

ေဒါ့တ္မန္နဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ တိုက္စစ္မႉး ဟာလန္းကို လူစားလဲ ပစ္ခဲ့တဲ့ နည္းျပဂြါဒီယိုလာရဲ႕ လုပ္ရပ္အေပၚ ပရိသတ္ေတြ အျပစ္ေျပာေနၾက ၿပီျဖစ္ပါတယ္။

ဒီပြဲမွာ မန္စီးတီးဟာ ဧည့္သည္အသင္းျဖစ္ေပမယ့္ ေဘာလုံး ပိုင္ဆိုင္မႈ အသာစီးရခဲ့ၿပီး ပြဲကို စိုးမိုးႏိုင္ခဲ့တဲ့ အသင္းျဖစ္ခဲ့ပါတယ္။

ဒါေပမဲ့ လည္း ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြသာရွိၿပီး ဂိုးမသြင္းႏိုင္ခဲ့တဲ့အျပင္ ပထမပိုင္း ၿပီးဆုံးခ်ိန္မွာပဲ တိုက္စစ္မႉး ဟာလန္းကို ဘာနာဒိုေဆးလ္ဗားနဲ႔ လူစားလဲခဲ့ တာေၾကာင့္ ပရိသတ္ေတြ အံ့အားသင့္ခဲ့ရပါတယ္။

အထူးသျဖင့္ ဟာလန္းရဲ႕ အသင္းေဟာင္းျဖစ္တဲ့ ေဒါ့တ္မန္ကို ေနာ္ေဝတိုက္စစ္မႉးတစ္ေယာက္ ပထမဆုံး အႀကိမ္အျဖစ္ ၿပိဳင္ဘက္အသြင္နဲ႔ တစ္ေက်ာ့ျပန္ေရာက္ရွိလာ တဲ့အခ်ိန္မွာ ဂိုးသြင္းယူတာကို မန္စီးတီး ပရိသတ္ေတြ ျမင္ခ်င္ခဲ့ၾကတယ္။

ဒါေပမဲ့ ပရိသတ္ေတြရဲ႕ ဆႏၵမျပည့္ဝခဲ့သလို ဟာလန္းဟာဆိုရင္လည္း ေဒါ့တ္ မန္နဲပြဲစဥ္ ပထမပိုင္းမွာ အသံတိတ္ေနခဲ့တဲ့ ကစားသမားျဖစ္ခဲ့ပါတယ္။ အခုလို ဂိုးမရွိ သေရရလဒ္ရရွိခဲ့တာေၾကာင့္ မန္စီးတီးကေတာ့ ခ်န္ပီယံလိဂ္ အုပ္စု (G) ရဲ႕ ထိပ္ဆုံးေနရာကို ပိုင္ဆိုင္ခဲ့ၿပီး ေဒါ့တ္မန္ကလည္း ဒုတိယ ေန ရာကေန ေနာက္တစ္ဆင့္ တက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဒီပြဲမွာ နည္းျပဂြါဒီယိုလာ ရဲ႕ မန္စီးတီးဟာ တိုက္စစ္မႉး မာရက္ဇ္ရဲ႕ ပင္နယ္တီ ဂိုးမဝင္ခဲ့တာေၾကာင့္ နစ္နာခဲ့တဲ့အျပင္ ေဘာလုံး ပိုင္ဆိုင္မႈ ၇၃ ရာခိုင္ႏႈန္း ရွိခဲ့ၿပီး အပိုင္အခြင့္ အေရး ၃ ႀကိမ္လည္း ရခဲ့ပါတယ္။

ဒါေပမဲ့ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တဲ့အျပင္ ဟာလန္းကိုပါ ထုတ္ပစ္လိုက္ေတာ့ မန္စီးတီးပရိသတ္ေတြ လိုင္းေပၚတက္ ၿပီး ေပါက္ကြဲခဲ့ၾကပါတယ္။

‘’ဟာလန္းကို ထုတ္ပစ္တယ္ေပါ့။ ဘာလဲဟ ဂြါဒီယို လာႀကီးရ’’ လို႔ ပရိသတ္ တစ္ေယာက္က လိုင္းေပၚမွာ ေရးသားခဲ့ပါတယ္။ ဒုတိယတစ္ေယာက္ကေတာ့ ‘’ နည္းျပဂြါဒီယိုလာက ဂိုးမရွိ သေရက်ေနတဲ့ ပြဲ မွာ ဟာလန္းကို ထုတ္ပစ္လိုက္တာက အဓိပၸာယ္ မရွိလိုက္တာ။ ကိုယ့္ရဲ႕ ၾကယ္ပြင့္ကစားသမားက သမိုင္းဝင္ သြင္းဂိုးေတြ သြင္းမယ့္ အခြင့္အေရးကို ကိုယ္တိုင္ ပယ္ဖ်က္လိုက္တာပဲ’’ လို႔ ေရးသားခဲ့ပါတယ္။

တတိယ တစ္ ေယာက္ကေတာ့ ‘’အဝတ္လဲခန္းထဲကို သြားတဲ့လမ္းမွာ ေခါင္းကို တစ္ခုခုနဲ႔ ဝင္တိုက္လာခဲ့မိတာလား ဂြါဒီယိုလာ’’ လို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။