ဟာလန်းကို နူးကမ့်သို့ ပြောင်းရွှေ့ရန် မြူးနစ်အထိသွားပြီး စည်းရုံးခဲ့တဲ့ဇာဗီ

ဘာစီလိုနာအသင်းမန်နေဂျာ ဇာဗီဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က

ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို လူကိုယ်တိုင်သွားရောက်တွေ့ဆုံပြီး

နူးကမ့်သို့ ပြောင်းရွှေ့ရန် စည်းရုံးခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိ ဟာလန်းဟာ ရာသီကုန်တွင် စာချုပ်ဖျက်သိမ်းကြေး

ပေါင် ၆၃ သန်းဖြင့် အသင်းပြောင်းခွင့်ရှိနေပါတယ်။

ဇာဗီဟာ ဘာဆာ အားကစားဒါရိုက်တာ ဂျော်ဒီခရိုက်ဖ်နှင့်အတူ

ယခုတစ်ပတ်တွင် မြူးနစ်သို့သွားပြီး ဟာလန်းကို တွေ့ဆုံခဲ့တာပါ။

အသက် ၂၁ နှစ်ရှိ ဟာလန်းဟာ ကြွက်သားဒဏ်ရာကြောင့်

အနားယူနေရသူ ဖြစ်ပြီး မြူးနစ်တွင် ပြန်လည်ထူထောင်ရေး

လေ့ကျင့်ခန်းများ ပြုလုပ်နေသူလည်း ဖြစ်ပါတယ်။

ဟာလန်းဟာ ၎င်းပါဝင်ကစားခဲ့တဲ့ပွဲများတွင် ခြေစွမ်းပြနိုင်ပြီး

လိဂ်ပွဲ ၁၄ ပွဲကစားကာ ၁၆ ဂိုးသွင်းယူထားသလို

ချန်ပီယံလိဂ် ၃ ပွဲတွင်လည်း ၃ ဂိုးသွင်းထားပါတယ်။

ဟာလန်းဟာ လက်ရှိရာသီတွင် ပြိုင်ပွဲစုံ ပွဲ ၂၀ ကစားပြီး ၂၃ ဂိုး သွင်းထားပါတယ်။

တစ်ဖက်တွင် ဘာစီလိုနာဥက္ကဌလာပေါ်တာဟာလည်း

ဟာလန်းရဲ့အေးဂျင့်မီနိုရိုင်အိုလာနှင့်အကြိမ်ကြိမ်တွေ့ဆုံမှုများ

ပြုလုပ်ထားပြီးလည်း ဖြစ်ပါတယ်။

ဘာစီလိုနာဟာကြွေးမြီပြဿနာများကြောင့်ဘဏ္ဍာရေးပြဿနာကြုံနေပေမဲ့လည်း

လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ

အပြောင်းအရွှေ့စရိတ်အလုံအလောက်အသုံးပြုရန် စီစဉ်ထားပါတယ်။

ဟာလန်းကို ခေါ်ယူရေးစိတ်ဝင်စားနေတာ ဘာစီလိုနာတစ်သင်းတည်းမဟုတ်ပါဘူး။

နော်ဝေတိုက်စစ်မှူးကို ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ ယူနိုက်တက်၊

မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်တို့ကလည်း ခေါ်ယူလိုနေပါတယ်။

zawgyi

ဟာလန္းကို ႏူးကမ့္သို႔ ေျပာင္းေ႐ႊ႕ရန္ ျမဴးနစ္အထိသြားၿပီး စည္း႐ုံးခဲ့တဲ့ဇာဗီ

ဘာစီလိုနာအသင္းမန္ေနဂ်ာ ဇာဗီဟာ ၿပီးခဲ့တဲ့အဂၤါေန႔က

ေဒါ့မြန္တိုက္စစ္မႉး ဟာလန္းကို လူကိုယ္တိုင္သြားေရာက္ေတြ႕ဆုံၿပီး

ႏူးကမ့္သို႔ ေျပာင္းေ႐ႊ႕ရန္ စည္း႐ုံးခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ရွိ ဟာလန္းဟာ ရာသီကုန္တြင္ စာခ်ဳပ္ဖ်က္သိမ္းေၾကး

ေပါင္ ၆၃ သန္းျဖင့္ အသင္းေျပာင္းခြင့္ရွိေနပါတယ္။

ဇာဗီဟာ ဘာဆာ အားကစားဒါ႐ိုက္တာ ေဂ်ာ္ဒီခ႐ိုက္ဖ္ႏွင့္အတူ

ယခုတစ္ပတ္တြင္ ျမဴးနစ္သို႔သြားၿပီး ဟာလန္းကို ေတြ႕ဆုံခဲ့တာပါ။

အသက္ ၂၁ ႏွစ္ရွိ ဟာလန္းဟာ ႂကြက္သားဒဏ္ရာေၾကာင့္

အနားယူေနရသူ ျဖစ္ၿပီး ျမဴးနစ္တြင္ ျပန္လည္ထူေထာင္ေရး

ေလ့က်င့္ခန္းမ်ား ျပဳလုပ္ေနသူလည္း ျဖစ္ပါတယ္။

ဟာလန္းဟာ ၎ပါဝင္ကစားခဲ့တဲ့ပြဲမ်ားတြင္ ေျခစြမ္းျပႏိုင္ၿပီး

လိဂ္ပြဲ ၁၄ ပြဲကစားကာ ၁၆ ဂိုးသြင္းယူထားသလို

ခ်န္ပီယံလိဂ္ ၃ ပြဲတြင္လည္း ၃ ဂိုးသြင္းထားပါတယ္။

ဟာလန္းဟာ လက္ရွိရာသီတြင္ ၿပိဳင္ပြဲစုံ ပြဲ ၂၀ ကစားၿပီး ၂၃ ဂိုး သြင္းထားပါတယ္။

တစ္ဖက္တြင္ ဘာစီလိုနာဥကၠဌလာေပၚတာဟာလည္း

ဟာလန္းရဲ႕ေအးဂ်င့္မီႏို႐ိုင္အိုလာႏွင့္အႀကိမ္ႀကိမ္ေတြ႕ဆုံမႈမ်ား

ျပဳလုပ္ထားၿပီးလည္း ျဖစ္ပါတယ္။

ဘာစီလိုနာဟာေႂကြးၿမီျပႆနာမ်ားေၾကာင့္ဘ႑ာေရးျပႆနာႀကဳံေနေပမဲ့လည္း

လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ

အေျပာင္းအေ႐ႊ႕စရိတ္အလုံအေလာက္အသုံးျပဳရန္ စီစဥ္ထားပါတယ္။

ဟာလန္းကို ေခၚယူေရးစိတ္ဝင္စားေနတာ ဘာစီလိုနာတစ္သင္းတည္းမဟုတ္ပါဘူး။

ေနာ္ေဝတိုက္စစ္မႉးကို ဘိုင္ယန္ျမဴးနစ္၊ ပီအက္စ္ဂ်ီ၊ ယူႏိုက္တက္၊

မန္စီးတီး၊ ရီးရဲလ္မက္ဒရစ္တို႔ကလည္း ေခၚယူလိုေနပါတယ္။