ဟာလန်းကို နူးကမ့်ထံ ပြောင်းလာဖို့ သွယ်ဝိုက်သောနည်းဖြင့် မြူဆွယ်လိုက်တဲ့ ဂျရတ်

ဂျရတ် ပီကေးက ဒေါ့မွန်တိုက်စစ်သမား ဟာလန်းအနေနဲ့

ဘလွန်းဒီအောဆု အနိုင်ရလိုတယ်ဆိုရင် ဘာပေနဲ့အတူ

တူညီတဲ့ အသင်း တစ်သင်းတည်းထံ ပြောင်းရွှေ့တာမျိုး

မလုပ်ဖို့ သတိပေးလိုက်ပါတယ်။

လက်ရှိရာသီကုန်ဆုံးချိန်မှာ ယူရို၇၅သန်းစာချုပ်လျော်ကြေး

အသက်ဝင်တော့မှာဖြစ်တဲ့ အာလင်းဟာလန်းဟာ

ဒေါ့မွန်ကနေထွက်ခွာဖို့သေချာသလောက်ရှိနေတာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ပီရက်ဇ်က ဘာပေတစ်ဦးတည်းကို ခေါ်ယူဖို့

စိတ်ဝင်စားနေတာ မဟုတ်ဘဲ တိုက်စစ်မှာ ဘာပေနဲ့ ဟာလန်းတို့ကို

တွဲဖက်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက် ရှိထားသူပါ။

သူတို့ဟာ ပြင်သစ်ကလပ်ကနေ ဘာပေကို အလွှတ်ဖြင့် ခေါ်ယူပြီးနောက်

ဟာလန်းအတွက် ပြောင်းရွှေ့ကြေးပေးဖို့ တတ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

“ကျွန်တော်သာ ဟာလန်းဖြစ်ခဲ့မယ်ဆိုရင်

ကျွန်တော်ဘလွန်းဒီအောဆုကို ရယူချင်ခဲ့မှာပါပဲ။

အဲလိုသာဆိုရင် ကျွန်တော်ကတော့ အမ်ဘာပေနဲ့တစ်သင်းထဲကစားဖို့

သွားဖြစ်မှာမဟုတ်ပါဘူး” လို့ဂျရတ်ကပြော ဆိုလိုက်တာဖြစ်ပါတယ်။

ဂျရတ်ရဲ့ သတိပေးချက်ဟာ ဟာလန်းကို နူးကမ့်ထံ ပြောင်းလာဖို့

သွယ်ဝိုက်သောနည်းဖြင့် မြူဆွယ်လိုက်တာဖြစ်ပြီး

ကက်တလန်ကလပ်ဟာ များစွာသော အရှုပ်အထွေးတွေကို

ဖြေရှင်းနေတဲ့ကြားက မကြာခင်မှာ လမ်းကြောင်းမှန်ပေါ်

ပြန်တက်လာဖို့ ရည်မှန်းချက်ထားနေတာပဲ ဖြစ်ပါတယ်။

ဟာလန်းရဲ့ အေးဂျင့်ရွိုင်းအိုလာကတော့ ဘာကာတို့သာအလိုရှိမယ်ဆိုရင်

ဘဏ္ဍာရေးအကြပ်အတည်းကပြဿနာတစ်ရပ်မဟုတ်ဘဲ

ဖြေရှင်းလို့ရတဲ့အနေအထားမျိုးရှိနေတယ်လို့ မှတ်ချက်ပေးထားပါတယ်။

zawgyi

ဟာလန္းကို ႏူးကမ့္ထံ ေျပာင္းလာဖို႔ သြယ္ဝိုက္ေသာနည္းျဖင့္ ျမဴဆြယ္လိုက္တဲ့ ဂ်ရတ္

ဂ်ရတ္ ပီေကးက ေဒါ့မြန္တိုက္စစ္သမား ဟာလန္းအေနနဲ႔

ဘလြန္းဒီေအာဆု အႏိုင္ရလိုတယ္ဆိုရင္ ဘာေပနဲ႔အတူ

တူညီတဲ့ အသင္း တစ္သင္းတည္းထံ ေျပာင္းေ႐ႊ႕တာမ်ိဳး

မလုပ္ဖို႔ သတိေပးလိုက္ပါတယ္။

လက္ရွိရာသီကုန္ဆုံးခ်ိန္မွာ ယူ႐ို၇၅သန္းစာခ်ဳပ္ေလ်ာ္ေၾကး

အသက္ဝင္ေတာ့မွာျဖစ္တဲ့ အာလင္းဟာလန္းဟာ

ေဒါ့မြန္ကေနထြက္ခြာဖို႔ေသခ်ာသေလာက္ရွိေနတာလည္းျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ ဥကၠ႒ ပီရက္ဇ္က ဘာေပတစ္ဦးတည္းကို ေခၚယူဖို႔

စိတ္ဝင္စားေနတာ မဟုတ္ဘဲ တိုက္စစ္မွာ ဘာေပနဲ႔ ဟာလန္းတို႔ကို

တြဲဖက္ေပးဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္ ရွိထားသူပါ။

သူတို႔ဟာ ျပင္သစ္ကလပ္ကေန ဘာေပကို အလႊတ္ျဖင့္ ေခၚယူၿပီးေနာက္

ဟာလန္းအတြက္ ေျပာင္းေ႐ႊ႕ေၾကးေပးဖို႔ တတ္ႏိုင္တဲ့ အေျခအေနျဖစ္ပါတယ္။

“ကြၽန္ေတာ္သာ ဟာလန္းျဖစ္ခဲ့မယ္ဆိုရင္

ကြၽန္ေတာ္ဘလြန္းဒီေအာဆုကို ရယူခ်င္ခဲ့မွာပါပဲ။

အဲလိုသာဆိုရင္ ကြၽန္ေတာ္ကေတာ့ အမ္ဘာေပနဲ႔တစ္သင္းထဲကစားဖို႔

သြားျဖစ္မွာမဟုတ္ပါဘူး” လို႔ဂ်ရတ္ကေျပာ ဆိုလိုက္တာျဖစ္ပါတယ္။

ဂ်ရတ္ရဲ႕ သတိေပးခ်က္ဟာ ဟာလန္းကို ႏူးကမ့္ထံ ေျပာင္းလာဖို႔

သြယ္ဝိုက္ေသာနည္းျဖင့္ ျမဴဆြယ္လိုက္တာျဖစ္ၿပီး

ကက္တလန္ကလပ္ဟာ မ်ားစြာေသာ အရႈပ္အေထြးေတြကို

ေျဖရွင္းေနတဲ့ၾကားက မၾကာခင္မွာ လမ္းေၾကာင္းမွန္ေပၚ

ျပန္တက္လာဖို႔ ရည္မွန္းခ်က္ထားေနတာပဲ ျဖစ္ပါတယ္။

ဟာလန္းရဲ႕ ေအးဂ်င့္႐ြိဳင္းအိုလာကေတာ့ ဘာကာတို႔သာအလိုရွိမယ္ဆိုရင္

ဘ႑ာေရးအၾကပ္အတည္းကျပႆနာတစ္ရပ္မဟုတ္ဘဲ

ေျဖရွင္းလို႔ရတဲ့အေနအထားမ်ိဳးရွိေနတယ္လို႔ မွတ္ခ်က္ေပးထားပါတယ္။