ဟာလန်းကို ဇက်ကြိုးဆွဲထားတဲ့ အကွက်ကို ထုတ်ပြောလိုက်တဲ့ ဘရန်ဖို့ဒ်နည်းပြ

ဘရန်ဖို့ဒ်က မန်စီးတီးကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပြိုင်ဘက် တိုက်စစ်မှူး အာလင်းဟာလန်းကို လှုပ်မရအောင် တားဆီးခဲ့တဲ့ လျှို့ဝှက်ချက်ကို ဘရန်ဖို့ဒ်နည်းပြ

သောမတ်စ်ဖရန့်က ထုတ်ပြောလာခဲ့ပါတယ်။ မန်စီးတီးကို ဟာလန်း စ ရောက်လာကတည်းက နော်ဝေသားဟာ ပရီးမီးယားလိဂ်အတွက် ကပ်ဆိုးတစ်ခု ဖြစ်နေခဲ့သလို

ဘရန်ဖို့ဒ်နဲ့ ပွဲစဉ်မတိုင်ခင် ကစားခဲ့တဲ့ ၁၂ ပွဲမှာ ၁၈ ဂိုးအထိ သွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူးပါ။ အဲဒီပွဲစဉ် ၁၂ ခုမှာ ဟာလန်း ဂိုးမသွင်းအောင် လုပ်နိုင်တဲ့ခဲ့ အသင်းဆိုလို့

လီဗာပူးနဲ့ ဘုန်းမောက်တို့သာပဲ ရှိခဲ့ပြီး ဂိုးလည်း မသွင်းနိုင်သလို ဂိုးဖန်တီးမှုလည်း မလုပ်ပေးနိုင်အောင် တားဆီးနိုင်ခဲ့တဲ့ အသင်းကတော့ နည်းပြဂျာဂင်ကလော့ပ်ရဲ့ အသင်းပဲ ရှိပါတယ်။

ဒါပေမဲ့ စနေည အစောပိုင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ သောမတ်စ်ဖရန့်ရဲ့ ဘရန်ဖို့ဒ်ဟာ ဟာလန်းကို နေရာလွတ်မရအောင် ကစားသွားနိုင်ခဲ့ပြီး နော်ဝေသားကို ပွဲချိန်တစ်လျှောက်လုံး

သက်ပြင်းတွေ ခဏခဏ ချအောင် လုပ်ပြ သွားခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ မန်စီးတီးဟာ ဖိုဒန်ရဲ့ လှပသေသပ်တဲ့ မြေမကျ ကန်ချက်နဲ့ ချေပဂိုးသွင်းနိုင်ခဲ့ပေမဲ့ အနိုင်ရလဒ်အတွက်တော့

မလုံလောက်ခဲ့လို့ ပွဲပြီးခါနီးမှာ တန်ပြန်တိုက်စစ်ကတစ်ဆင့် အိုင်ဗန်တိုနေးက ဂိုးသွင်းပြီး ဘရန်ဖို့ဒ်ကို ၃ မှတ်အနိုင်နဲ့အတူ အိမ်ပြန်စေခဲ့ပါတယ်။ ပွဲအပြီးမှာတော့ နည်းပြ သောမတ်စ်ဖရန့်က

ဟာလန်းကို ဘယ်လို တားဆီးခဲ့တယ်ဆိုတဲ့ အကြောင်းကို ရှင်းပါတော့တယ်။ ‘’ကျွန်တော့် ကစားသမားတွေ ဟာလန်းကို ထိန်းကစားဖို့ မျှော်လင့်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ဟာလန်းကို

သူတို့ ထိန်းချုပ် ကစားနိုင်မယ်ဆိုရင် အဲဒါက ကြီးမားတဲ့ အောင်မြင်မှု ဖြစ်နေလို့ပါပဲ။ ကျွန်တော်တို့မှာ အစီအစဉ်တစ်ခု ရှိခဲ့ပြီးသားဖြစ်ပြီး အဲဒါက အလုပ်ဖြစ်ခဲ့ တယ်။ ဒီဘရိုင်းကိုလည်း

လှုပ်မရအောင်လုပ်ဖို့ ကျွန်တော်တို့ ကြိုးစားခဲ့တာပါ။ သူက အန္တရာယ်များလွန်းတဲ့ နေရာမျိုးတွေမှာ ဘောလုံးရတာ နည်းနည်းပါးပါးလောက်ပဲ ရှိခဲ့တယ်။ ဧရိယာထဲမှာ ဟာလန်း

ဘာကောင်လဲဆိုတာ ကျွန်တော်တို့ သိတာပေါ့။ ဟာလန်းဟာ ဘန်မီးကို ကျော်ပြေးတဲ့တစ် ကြိမ်လောက်ပဲ သူတို့ အခွင့်အရေး ရခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။

ကျွန်တော်တို့ တစ်သင်းလုံး လုပ်ပြသွားတာက တကယ့်ကို အံ့အားသင့်စရာ ပါ။ အထူးသဖြင့် ခံစစ်သမား ၃ ယောက်ပေါ့ဗျာ။ ကျွန်တော်တို့အသင်း စွမ်း ဆောင်ရည်ကတော့

အရမ်းကို အထင်ကြီးစရာပါပဲ’’ လို့ သောမတ်စ်ဖရန့်က ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ဟာလန္းကို ဇက္ႀကိဳးဆြဲထားတဲ့ အကြက္ကို ထုတ္ေျပာလိုက္တဲ့ ဘရန္ဖို႔ဒ္နည္းျပ

ဘရန္ဖို႔ဒ္က မန္စီးတီးကို ၂-၁ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ၿပိဳင္ဘက္ တိုက္စစ္ မႉး အာလင္းဟာလန္းကို လႈပ္မရေအာင္ တားဆီးခဲ့တဲ့ လွ်ိဳ႕ဝွက္ခ်က္ကို ဘရန္ဖို႔ဒ္နည္းျပ

ေသာမတ္စ္ဖရန႔္က ထုတ္ေျပာလာခဲ့ပါတယ္။ မန္စီးတီးကို ဟာလန္း စ ေရာက္လာကတည္းက ေနာ္ေဝသားဟာ ပရီးမီးယားလိဂ္အ တြက္ ကပ္ဆိုးတစ္ခု ျဖစ္ေနခဲ့သလို ဘရန္ဖို႔ဒ္နဲ႔ ပြဲစဥ္မတိုင္ခင္ ကစားခဲ့တဲ့ ၁၂ ပြဲမွာ

၁၈ ဂိုးအထိ သြင္းႏိုင္ခဲ့တဲ့ တိုက္စစ္မႉးပါ။ အဲဒီပြဲစဥ္ ၁၂ ခုမွာ ဟာလန္း ဂိုးမသြင္းေအာင္ လုပ္ႏိုင္တဲ့ခဲ့ အသင္းဆိုလို႔ လီဗာပူးနဲ႔ ဘုန္းေမာက္တို႔သာပဲ ရွိခဲ့ၿပီး ဂိုးလည္း မသြင္းႏိုင္သလို

ဂိုးဖန္တီးမႈလည္း မလုပ္ေပးႏိုင္ေအာင္ တား ဆီးႏိုင္ခဲ့တဲ့ အသင္းကေတာ့ နည္းျပဂ်ာဂင္ကေလာ့ပ္ရဲ႕ အသင္းပဲ ရွိပါတယ္။ ဒါေပမဲ့ စေနည အေစာပိုင္းမွာ ကစားခဲ့တဲ့ ပြဲစဥ္မွာေတာ့

ေသာမတ္စ္ဖရန႔္ရဲ႕ ဘရန္ဖို႔ဒ္ဟာ ဟာလန္းကို ေနရာလြတ္မရေအာင္ ကစားသြားႏိုင္ခဲ့ၿပီး ေနာ္ ေဝသားကို ပြဲခ်ိန္တစ္ေလွ်ာက္လုံး သက္ျပင္းေတြ ခဏခဏ ခ်ေအာင္ လုပ္ျပ သြားခဲ့ပါတယ္။

အဲဒီပြဲစဥ္မွာ မန္စီးတီးဟာ ဖိုဒန္ရဲ႕ လွပေသသပ္တဲ့ ေျမမက် ကန္ခ်က္နဲ႔ ေခ်ပဂိုးသြင္းႏိုင္ခဲ့ေပမဲ့ အႏိုင္ရလဒ္အတြက္ေတာ့ မလုံေလာက္ခဲ့ လို႔ ပြဲၿပီးခါနီးမွာ တန္ျပန္တိုက္စစ္ကတစ္ဆင့္ အိုင္ဗန္တိုေနးက

ဂိုးသြင္းၿပီး ဘရန္ဖို႔ဒ္ကို ၃ မွတ္အႏိုင္နဲ႔အတူ အိမ္ျပန္ေစခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့ နည္း ျပ ေသာမတ္စ္ဖရန႔္က ဟာလန္းကို ဘယ္လို တားဆီးခဲ့တယ္ဆိုတဲ့ အေၾကာင္းကို ရွင္းပါေတာ့တယ္။

‘’ကြၽန္ေတာ့္ ကစားသမားေတြ ဟာလန္းကို ထိန္းကစားဖို႔ ေမွ်ာ္လင့္ခဲ့တာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဟာလန္းကို သူတို႔ ထိန္းခ်ဳပ္ ကစားႏိုင္မယ္ဆိုရင္ အဲဒါက ႀကီးမားတဲ့

ေအာင္ျမင္မႈ ျဖစ္ေနလို႔ပါပဲ။ ကြၽန္ေတာ္တို႔မွာ အစီအစဥ္တစ္ခု ရွိခဲ့ၿပီးသားျဖစ္ၿပီး အဲဒါက အလုပ္ျဖစ္ခဲ့ တယ္။ ဒီဘ႐ိုင္းကိုလည္း လႈပ္မရေအာင္လုပ္ဖို႔ ကြၽန္ေတာ္တို႔ ႀကိဳးစားခဲ့တာပါ။

သူက အႏၲရာယ္မ်ားလြန္းတဲ့ ေနရာမ်ိဳးေတြမွာ ေဘာလုံးရတာ နည္း နည္းပါးပါးေလာက္ပဲ ရွိခဲ့တယ္။ ဧရိယာထဲမွာ ဟာလန္း ဘာေကာင္လဲဆို တာ ကြၽန္ေတာ္တို႔ သိတာေပါ့။

ဟာလန္းဟာ ဘန္မီးကို ေက်ာ္ေျပးတဲ့ တစ္ ႀကိမ္ေလာက္ပဲ သူတို႔ အခြင့္အေရး ရခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ တစ္သင္းလုံး လုပ္ျပသြားတာက

တကယ့္ကို အံ့အားသင့္စရာ ပါ။ အထူးသျဖင့္ ခံစစ္သမား ၃ ေယာက္ေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔အသင္း စြမ္း ေဆာင္ရည္ကေတာ့ အရမ္းကို အထင္ႀကီးစရာပါပဲ’’ လို႔

ေသာမတ္စ္ဖရန႔္က ပြဲအၿပီးမွာ ေျပာဆိုသြားခဲ့ပါတယ္။