
မန်စီးတီးအသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ
ဒေါ့မန်ကြယ်ပွင့်တိုက်စစ်မှုးဟာလန်းကို ခေါ်ယူနိုင်ဖို့ အသင့်ဖြစ်နေပြီလို့
အင်္ဂလန်က Daily Mail သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။
အခုဆို ၂၁ နှစ်အရွယ် အဲဒီနော်ဝေစူပါစတားဟာ ဂွါဒီယိုလာရဲ့အသင်းကို
ရွေးချယ်မယ်လို့ မျှော်လင့်ရကြောင်း ဒီအပြောင်းအရွှေ့နဲ့ပတ်သက်လို့
ဂျာမနီက နီးစပ်တဲ့သတင်းရင်းမြစ်တွေက Daily Maill ကို ပြောခဲ့တာပါ။
ဟာလန်းအတွက် ပုဂ္ဂိုလ်ရေးအချက်အလက်တွေကိုတောင် ဆွေးနွေးနေပြီဖြစ်ပြီး
မန်စီးတီးတာဝန်ရှိသူတွေဘက်က စာချုပ်ဖို့ အသင့်ပြင်ထားတယ်လို့ သူတို့က ဆိုပါတယ်။
ဟာလန်းဟာ ဒေါ့မန်နဲ့သူ့ရဲ့စာချုပ်မှာ ထွက်ခွာကြေးအနေနဲ့
ပေါင် ၆၃ သန်းပါဝင်ပြီး အပြောင်းအရွှေ့ဖြစ်ရင် ကစားသမားရဲ့
အေးဂျင့်ရွိုင်အိုလာဟာလည်း ထိုက်သင့်တဲ့ပမာဏရရှိမှာပါ။
ဟာလန်းကို စာချုပ်နိုင်ရေးမှာ အပိုဆုကြေးတွေလည်း ပါဝင်ပြီး
စုစုပေါင်းအပြောင်းအရွှေ့တန်ကြေး ပေါင်သန်း ၁၀၀ အထိရှိသွားနိုင်ပါတယ်။
အဲဒီနော်ဝေသားကို သူတို့ရဲ့နံပါတ် ၁ ပစ်မှတ်အနေနဲ့ သတ်မှတ်ထားတဲ့
မန်စီးတီးအတွက် ငွေကြေးအနေအထားက တတ်နိုင်ပြီးသားပါ။
ဘာစီလိုနာနဲ့ပီအက်စ်ဂျီတို့ကလည်း စိတ်ဝင်စားကြပေမယ့်
မန်စီးတီးရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ရီးရဲလ်ကတော့
ဒီဂိုးသွင်းစက်ကို ခေါ်ယူနိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်ဦးမှာပါ။
လောလောဆယ်တော့ ဟာလန်းဟာ မန်စီးတီးကိုရောက်ဖို့
ရေပန်းအစားဆုံးဖြစ်နေပါတယ်။
သူ့ရဲ့ဖခင်ဖြစ်တဲ့အယ်ဖီဟာလည်း မန်စီးတီးမှာ ၃ နှစ်ကြာကစားခဲ့ဖူးတာကြောင့်
သူ့မိသားစုနဲ့ဆက်နွယ်တဲ့ကလပ်တစ်ခုဖြစ်နေတာပါ။
ဂွါဒီယိုလာကိုယ်တိုင်ကလည်း အဂူရိုမရှိတော့ကတည်းက
သူတို့အသင်းမှာ အထောင်တိုက်စစ်မှုးတစ်ယောက်လိုနေတယ်လို့ မကြာခဏပြောခဲ့ပါတယ်။
ဟာလန်းဟာ ဒေါ့မန်အတွက် ၇၉ ပွဲမှာ ဂိုး ၈၀ သွင်းပေးထားပြီး
ကစားသမားဘ၀ ပွဲ ၁၉၀ မှာ ၁၄၉ ဂိုးသွင်းယူထားတာပါ။
zawgyi
ဟာလန္းကို ေခၚယူႏိုင္ဖို႔ အသင့္ျဖစ္ေနၿပီျဖစ္တဲ့ မန္စီးတီး
မန္စီးတီးအသင္းဟာ လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ
ေဒါ့မန္ၾကယ္ပြင့္တိုက္စစ္မႈးဟာလန္းကို ေခၚယူႏိုင္ဖို႔ အသင့္ျဖစ္ေနၿပီလို႔
အဂၤလန္က Daily Mail သတင္းစာႀကီးက ေဖာ္ျပလိုက္ပါတယ္။
အခုဆို ၂၁ ႏွစ္အ႐ြယ္ အဲဒီေနာ္ေဝစူပါစတားဟာ ဂြါဒီယိုလာရဲ႕အသင္းကို
ေ႐ြးခ်ယ္မယ္လို႔ ေမွ်ာ္လင့္ရေၾကာင္း ဒီအေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္လို႔
ဂ်ာမနီက နီးစပ္တဲ့သတင္းရင္းျမစ္ေတြက Daily Maill ကို ေျပာခဲ့တာပါ။
ဟာလန္းအတြက္ ပုဂၢိဳလ္ေရးအခ်က္အလက္ေတြကိုေတာင္ ေဆြးေႏြးေနၿပီျဖစ္ၿပီး
မန္စီးတီးတာဝန္ရွိသူေတြဘက္က စာခ်ဳပ္ဖို႔ အသင့္ျပင္ထားတယ္လို႔ သူတို႔က ဆိုပါတယ္။
ဟာလန္းဟာ ေဒါ့မန္နဲ႔သူ႔ရဲ႕စာခ်ဳပ္မွာ ထြက္ခြာေၾကးအေနနဲ႔
ေပါင္ ၆၃ သန္းပါဝင္ၿပီး အေျပာင္းအေ႐ႊ႕ျဖစ္ရင္ ကစားသမားရဲ႕
ေအးဂ်င့္႐ြိဳင္အိုလာဟာလည္း ထိုက္သင့္တဲ့ပမာဏရရွိမွာပါ။
ဟာလန္းကို စာခ်ဳပ္ႏိုင္ေရးမွာ အပိုဆုေၾကးေတြလည္း ပါဝင္ၿပီး
စုစုေပါင္းအေျပာင္းအေ႐ႊ႕တန္ေၾကး ေပါင္သန္း ၁၀၀ အထိရွိသြားႏိုင္ပါတယ္။
အဲဒီေနာ္ေဝသားကို သူတို႔ရဲ႕နံပါတ္ ၁ ပစ္မွတ္အေနနဲ႔ သတ္မွတ္ထားတဲ့
မန္စီးတီးအတြက္ ေငြေၾကးအေနအထားက တတ္ႏိုင္ၿပီးသားပါ။
ဘာစီလိုနာနဲ႔ပီအက္စ္ဂ်ီတို႔ကလည္း စိတ္ဝင္စားၾကေပမယ့္
မန္စီးတီးရဲ႕အဓိကၿပိဳင္ဘက္ျဖစ္တဲ့ရီးရဲလ္ကေတာ့
ဒီဂိုးသြင္းစက္ကို ေခၚယူႏိုင္ဖို႔ ဆက္လက္တိုက္ပြဲဝင္ဦးမွာပါ။
ေလာေလာဆယ္ေတာ့ ဟာလန္းဟာ မန္စီးတီးကိုေရာက္ဖို႔
ေရပန္းအစားဆုံးျဖစ္ေနပါတယ္။
သူ႔ရဲ႕ဖခင္ျဖစ္တဲ့အယ္ဖီဟာလည္း မန္စီးတီးမွာ ၃ ႏွစ္ၾကာကစားခဲ့ဖူးတာေၾကာင့္
သူ႔မိသားစုနဲ႔ဆက္ႏြယ္တဲ့ကလပ္တစ္ခုျဖစ္ေနတာပါ။
ဂြါဒီယိုလာကိုယ္တိုင္ကလည္း အဂူ႐ိုမရွိေတာ့ကတည္းက
သူတို႔အသင္းမွာ အေထာင္တိုက္စစ္မႈးတစ္ေယာက္လိုေနတယ္လို႔ မၾကာခဏေျပာခဲ့ပါတယ္။
ဟာလန္းဟာ ေဒါ့မန္အတြက္ ၇၉ ပြဲမွာ ဂိုး ၈၀ သြင္းေပးထားၿပီး
ကစားသမားဘ၀ ပြဲ ၁၉၀ မွာ ၁၄၉ ဂိုးသြင္းယူထားတာပါ။