
ဟာလန်းကတော့ ဇယားထိပ်ဆုံးက အာဆင်နယ်ကိုအနိုင်ယူခဲ့ပြီးနောက်





ပွဲပြီးအင်တာဗျူးဖြေကြားခဲ့ပြီး မန်စီးတီးပရိသတ်တွေဘက်က
နော်ဝေသားကိုအပတ်တိုင်းစကားပြောစေချင်ကြတဲ့အထိဖြစ်လာခဲ့တယ်လို့





sportbible ကဖော်ပြလိုက်ပါတယ်။ ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်ကို
၃-၁ နဲ့အလဲထိုးခဲ့တဲ့ပွဲမှာ ဟာလန်းက မန်စီးတီးအတွက်ဂိုးသွင်းပေး
နိုင်ခဲ့တာဖြစ်တယ်။ နော်ဝေကြယ်ပွင့်ဟာ ဒီရာသီမှာ မန်စီးတီးအတွက်





ပရီးမီးယားလိဂ် ၂၂ပွဲကစားပေးထားပြီး သွင်းဂိုးက ၂၆ ဂိုးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။
ဟာလန်းဟာ Amazon Prime နဲ့ပျော်ရွှင်စရာ ပွဲပြီးအင်တာဗျူးမှာ





သူ့ရဲ့စိတ်ခံစားချက်ကိုအကျဉ်းချုပ်ဖော်ပြခဲ့တာဖြစ်တယ်။
“ဒီနေ့တော့ လူတိုင်းအတွက်အရမ်းဂုဏ်ယူမိပြီး မန်စီးတီးမှာနေရတာ
အရမ်းပျော်ပါတယ်။ ကျွန်တော်တို့ပထမပိုင်းအပြီးမှာ အသေးစား





ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တယ်။ ကျွန်တော်တို့မှာ အရည်အသွေးမြင့်
ကစားသမားတွေရှိတယ်၊ ကစားသမားတိုင်းဆီက ဒါကိုရအောင်ယူရမယ်။





ပြုပြင်ပြောင်းလဲမှုတွေကိုမမှတ်တော့ပါဘူး၊ အရမ်းကိုပျော်ပါတယ်။
ဒါကြောင့်အပြုသဘောဆောင်တဲ့အောင်ပွဲခံမှုတွေပါ၊ ငါအရမ်းပျော်နေတယ်၊
ဘာမှမသိတော့ဘူး၊ အရာအားလုံးအတွက် အရမ်းပျော်မိတယ်။





ဒါမျိုးတစ်ခုလိုအပ်တယ်။ အခု ငါတို့ဆက်ပြေးနိုင်ဖို့လိုတယ်” လို့
ဟာလန်းက ပြောဆိုခဲ့ပါတယ်။ မန်စီးတီးပရိသတ်တွေကတော့





ဂန်းနားတွေကိုအနိုင်ရပြီးနောက် ဟာလန်းရဲ့မှတ်ချက်တွေကို
သဘောကျခဲ့ပါတယ်။ “ဟာလန်း အင်တာဗျူးကိုအပတ်တိုင်းလိုအပ်တယ်။
တကယ့်လူ” ၊ “ဟာလန်း အင်တာဗျူးအရမ်းကောင်းတယ်၊





ဒီကောင်က အစစ်တောင်ဟုတ်ရဲ့လားမသိဘူး” ၊
“ဟာလန်းရဲ့ပွဲပြီးအင်တာဗျူးက အမြဲတမ်းဖျော်ဖြေမှုပေးနိုင်တယ်” ၊





“ဘာ အင်တာဗျူးလဲ၊ ဟာလန်း မင်းက ဂန္တဝင်ပါ” လို့
မန်စီးတီးပရိသတ်တွေက အသီးသီးတုံ့ပြန်ခဲ့ကြတာဖြစ်တယ်။
zawgyi





ဟာလန္းကိုအပတ္စဥ္ပြဲၿပီးအင္တာဗ်ဴးေလးလုပ္ေပးဖို႔ မန္စီးတီး ပရိသတ္ေတြေတာင္းဆိုလာ
ဟာလန္းကေတာ့ ဇယားထိပ္ဆုံးက အာဆင္နယ္ကိုအႏိုင္ယူခဲ့ၿပီးေနာက္





ပြဲၿပီးအင္တာဗ်ဴးေျဖၾကားခဲ့ၿပီး မန္စီးတီးပရိသတ္ေတြဘက္က
ေနာ္ေဝသားကိုအပတ္တိုင္းစကားေျပာေစခ်င္ၾကတဲ့အထိျဖစ္လာခဲ့တယ္လို႔
sportbible ကေဖာ္ျပလိုက္ပါတယ္။ ခ်န္ပီယံဆုအတြက္ အဓိကၿပိဳင္ဘက္ကို





၃-၁ နဲ႔အလဲထိုးခဲ့တဲ့ပြဲမွာ ဟာလန္းက မန္စီးတီးအတြက္ဂိုးသြင္းေပး
ႏိုင္ခဲ့တာျဖစ္တယ္။ ေနာ္ေဝၾကယ္ပြင့္ဟာ ဒီရာသီမွာ မန္စီးတီးအတြက္





ပရီးမီးယားလိဂ္ ၂၂ပြဲကစားေပးထားၿပီး သြင္းဂိုးက ၂၆ ဂိုးအထိရွိလာခဲ့ၿပီျဖစ္ပါတယ္။
ဟာလန္းဟာ Amazon Prime နဲ႔ေပ်ာ္႐ႊင္စရာ ပြဲၿပီးအင္တာဗ်ဴးမွာ
သူ႔ရဲ႕စိတ္ခံစားခ်က္ကိုအက်ဥ္းခ်ဳပ္ေဖာ္ျပခဲ့တာျဖစ္တယ္။





“ဒီေန႔ေတာ့ လူတိုင္းအတြက္အရမ္းဂုဏ္ယူမိၿပီး မန္စီးတီးမွာေနရတာ
အရမ္းေပ်ာ္ပါတယ္။ ကြၽန္ေတာ္တို႔ပထမပိုင္းအၿပီးမွာ အေသးစား





ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ခဲ့တယ္။ ကြၽန္ေတာ္တို႔မွာ အရည္အေသြးျမင့္
ကစားသမားေတြရွိတယ္၊ ကစားသမားတိုင္းဆီက ဒါကိုရေအာင္ယူရမယ္။
ျပဳျပင္ေျပာင္းလဲမႈေတြကိုမမွတ္ေတာ့ပါဘူး၊ အရမ္းကိုေပ်ာ္ပါတယ္။





ဒါေၾကာင့္အျပဳသေဘာေဆာင္တဲ့ေအာင္ပြဲခံမႈေတြပါ၊ ငါအရမ္းေပ်ာ္ေနတယ္၊
ဘာမွမသိေတာ့ဘူး၊ အရာအားလုံးအတြက္ အရမ္းေပ်ာ္မိတယ္။





ဒါမ်ိဳးတစ္ခုလိုအပ္တယ္။ အခု ငါတို႔ဆက္ေျပးႏိုင္ဖို႔လိုတယ္” လို႔
ဟာလန္းက ေျပာဆိုခဲ့ပါတယ္။ မန္စီးတီးပရိသတ္ေတြကေတာ့
ဂန္းနားေတြကိုအႏိုင္ရၿပီးေနာက္ ဟာလန္းရဲ႕မွတ္ခ်က္ေတြကို





သေဘာက်ခဲ့ပါတယ္။ “ဟာလန္း အင္တာဗ်ဴးကိုအပတ္တိုင္းလိုအပ္တယ္။
တကယ့္လူ” ၊ “ဟာလန္း အင္တာဗ်ဴးအရမ္းေကာင္းတယ္၊





ဒီေကာင္က အစစ္ေတာင္ဟုတ္ရဲ႕လားမသိဘူး” ၊
“ဟာလန္းရဲ႕ပြဲၿပီးအင္တာဗ်ဴးက အၿမဲတမ္းေဖ်ာ္ေျဖမႈေပးႏိုင္တယ္” ၊
“ဘာ အင္တာဗ်ဴးလဲ၊ ဟာလန္း မင္းက ဂႏၲဝင္ပါ” လို႔





မန္စီးတီးပရိသတ္ေတြက အသီးသီးတုံ႔ျပန္ခဲ့ၾကတာျဖစ္တယ္။