ဟာလန်းကိုပိတ်ဆို့ဖို့ထက် ဘောလုံးအရနည်းဖို့သေချာပြင်ဆင်မယ်လို့ ကလော့ပ် ဖွင့်ဟ

ဟာလန်းဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်ပြီး နော်ဝေသားဂိုးသွင်းစက်ကို အန်ဖီးလ်မှာ ရပ်တန့်ဖို့အတွက် ဘယ်လိုကြိုးစားမယ်ဆိုတာကို နည်းပြကလော့ပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ခံစစ်မှူးတွေအတွက် နတ်ဆိုးတစ်ပါးဖြစ်တဲ့ ဟာလန်းဟာ ရာသီကြိုကွန်မြူနတီဒိုင်းပွဲစဉ်မှာ မန်စီးတီးအတွက်စတင်ပွဲထွက်ခဲ့ပြီး ကြိုးကြာတွေအနေနဲ့ နော်ဝေသားကို ဂိုးရှေ့မှာ ငုတ်တုပ်မေ့စေခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းပွဲစဉ်တွေ မှာ ခံစစ်မှန်သမျှကိုချေမှုန်းပြနေတဲ့ နော်ဝေသားကိုထိန်းချုပ်ဖို့အတွက် ကလော့ပ်ဟာ သူ့အစီအစဉ်တွေကို အသစ်တဖန် စဉ်းစားရတော့မှာပါ။

“သူဟာ ကမ္ဘာပေါ်မှာအကောင်းဆုံးတိုက်စစ်မှူးဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သူဘောလုံးများများစားစားမရဖို့ သေချာအောင်လုပ်နိုင်ရမယ်။ ဒါကို ကျွန်တော်တို့ကြိုးစားမယ်။

မန်စီးတီးကို ဆန့်ကျင်တဲ့အခါ ဟာလန်းကိုသွားပြီး ပြုံကပ်လိုက်ရင် တခြားကမ္ဘာ့အဆင့်ကစားသမားတွေကို ဖွင့်ပေးလိုက်သလိုဖြစ် သွားမှာပါ။

ဘ၀ကို ပိုလွယ်အောင်မလုပ်ပါဘူး။ သူ့မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ နည်းစနစ် ဆိုင်ရာတွေပေါင်းစပ်မှုတွေရှိပါတယ်။

ဘယ်လိုနေရင် လူကျွံနိုင်တယ်ဆိုတာ သူကောင်းကောင်းဖတ်တတ်ပါတယ်။ တိုက်စစ်မှူးတစ်ယောက်ဖြစ်လာဖို့ လုပ်ရမယ့်အရာတွေအများကြီးရှိသလို မန်စီးတီးနဲ့ သူ့ပတ်ဝန်းကျင်မှာ ကစားသမား ကောင်းတွေရှိနေပြီး ဂိုးတွေရနေပါတယ်။

အံဝင်ခွင်ကျပါပဲ။ သူ့ရဲ့အဆုံးသတ်စွမ်းရည်က ထူးခြားပေမဲ့ စမတ်ကျကျလှုပ်ရှားနေပါတယ်။ စမတ်ကျတဲ့နည်းလမ်းဖြစ်ဖို့ အမြန်နှုန်းကို သုံးရမှာပါ။ သူ့ပုံစံက ဒါတွေအားလုံးအတွက် အထူးပြုလုပ်ထားသလိုပါပဲ” လို့ သောကြာနေ့သတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

(Zawgyi)

ဟာလန္းကိုပိတ္ဆို႔ဖို႔ထက္ ေဘာလုံးအရနည္းဖို႔ေသခ်ာျပင္ဆင္မယ္လို႔ ကေလာ့ပ္ ဖြင့္ဟ

ဟာလန္းဟာ ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးျဖစ္ၿပီး ေနာ္ေဝသားဂိုးသြင္းစက္ကို အန္ဖီးလ္မွာ ရပ္တန႔္ဖို႔အတြက္ ဘယ္လိုႀကိဳးစားမယ္ဆိုတာကို ကေလာ့ပ္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ခံစစ္မႉးေတြအတြက္ နတ္ဆိုးတစ္ပါးျဖစ္တဲ့ ဟာလန္းဟာ ရာသီႀကိဳကြန္ျမဴနတီဒိုင္းပြဲစဥ္မွာ မန္စီးတီးအတြက္စတင္ပြဲထြက္ခဲ့ၿပီး ႀကိဳးၾကာေတြအေနနဲ႔ ေနာ္ေဝသားကို ဂိုးေရွ႕မွာ ငုတ္တုပ္ေမ့ေစခဲ့ပါတယ္။

ဒါေပမဲ့ ေနာက္ပိုင္းပြဲစဥ္ေတြ မွာ ခံစစ္မွန္သမွ်ကိုေခ်မႈန္းျပေနတဲ့ ေနာ္ေဝသားကိုထိန္းခ်ဳပ္ဖို႔အတြက္ ကေလာ့ပ္ဟာ သူ႔အစီအစဥ္ေတြကို အသစ္တဖန္ စဥ္းစားရေတာ့မွာပါ။

“သူဟာ ကမာၻေပၚမွာအေကာင္းဆုံးတိုက္စစ္မႉးျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။ သူေဘာလုံးမ်ားမ်ားစားစားမရဖို႔ ေသခ်ာေအာင္လုပ္ႏိုင္ရမယ္။ ဒါကို ကြၽန္ေတာ္တို႔ႀကိဳးစားမယ္။ မန္စီးတီးကို ဆန႔္က်င္တဲ့အခါ ဟာလန္းကိုသြားၿပီး ၿပဳံကပ္လိုက္ရင္ တျခားကမာၻ႔အဆင့္ကစားသမားေတြကို ဖြင့္ေပးလိုက္သလိုျဖစ္ သြားမွာပါ။

ဘ၀ကို ပိုလြယ္ေအာင္မလုပ္ပါဘူး။ သူ႔မွာ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ နည္းစနစ္ ဆိုင္ရာေတြေပါင္းစပ္မႈေတြရွိပါတယ္။ ဘယ္လိုေနရင္ လူကြၽံႏိုင္တယ္ဆိုတာ သူေကာင္းေကာင္းဖတ္တတ္ပါတယ္။ တိုက္စစ္မႉးတစ္ေယာက္ျဖစ္လာဖို႔ လုပ္ရမယ့္အရာေတြအမ်ားႀကီးရွိသလို မန္စီးတီးနဲ႔ သူ႔ပတ္ဝန္းက်င္မွာ ကစားသမား ေကာင္းေတြရွိေနၿပီး ဂိုးေတြရေနပါတယ္။

အံဝင္ခြင္က်ပါပဲ။ သူ႔ရဲ႕အဆုံးသတ္စြမ္း ရည္က ထူးျခားေပမဲ့ စမတ္က်က်လႈပ္ရွားေနပါတယ္။

စမတ္က်တဲ့နည္းလမ္းျဖစ္ဖို႔ အျမန္ႏႈန္းကို သုံးရမွာပါ။ သူ႔ပုံစံက ဒါေတြအားလုံးအတြက္ အထူးျပဳလုပ္ထားသလိုပါပဲ” လို႔ ေသာၾကာေန႔သတင္းစာရွင္းလင္းပြဲမွာ ကေလာ့ပ္ ကေျပာဆိုခဲ့ပါတယ္။