ဟာဗက်ဇ်ရဲ့ပင်နယ်တီအနိုင်ဂိုးမတိုင်ခင် အက်ပီလီကူတာက ပြိုင်ဘက်ကို Mind Game လုပ်ခဲ့

ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ကိုင်ဟာဗက်ဇ်တစ်ယောက်

ပင်နယ်တီအနိုင်ဂိုးမသွင်းခင် ချဲလ်ဆီးအသင်းခေါင်းဆောင်

အက်ပီလီကူတာဟာ မယုံနိုင်စရာ

ဘောလုံးဉာဏ်ရည်ဉာဏ်သွေးအဆင့်တစ်ခုကို ပြသခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ချန်ပီယံလိဂ်အောင်ပွဲမှာ တစ်လုံးတည်းသောအနိုင်ဂိုးသွင်းခဲ့တဲ့

ဟာဗက်ဇ်ဟာ နောက်ထပ်အရေးကြုံတဲ့အချိန်မှာလည်း

ရတဲ့ပင်နယ်တီကို တည်ငြိမ်စွာကန်သွင်းပြီး ချဲလ်ဆီးကို ဗိုလ်စွဲစေခဲ့ပါတယ်။

သူရဲ့ပင်နယ်တီအနိုင်ဂိုးနဲ့ ချဲလ်ဆီးကို ကလပ်ကမ္ဘာ့ဖလားမှာ

ပထမဆုံးအကြိမ်ဗိုလ်စွဲစေနိုင်စေခဲ့တာပါ။

ဒါပေမဲ့ အဲဒီမတိုင်ခင် အက်ပီလီကူတာရဲ့ပြိုင်ဘက်အပေါ်

mind game လုပ်မှုက အရေးပါခဲ့ပါတယ်။

ပွဲပြီးခါနီး ၁၁၇ မိနစ်မှာ ချဲလ်ဆီးပင်နယ်တီရတော့ အက်ပီလီကူတာဟာ

ကန်သွင်းတော့မယ့်ပုံစံနဲ့ ဘောလုံးကို လက်နဲ့ပိုက်ထားပေမယ့်

နောက်ဆုံးမှာ ဟာဗက်ဇ်ကိုသာ ပေးကန်ခဲ့တာပါ။

အဲဒါနဲ့ပတ်သက်လို့ ပွဲအပြီးမှာ အက်ပီလီကူတာက

”ပင်နယ်တီကန်မယ့်သူနားကို ပါးလ်မီးယက်စ်ကစားသမားတွေရောက်လာပြီး

စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မယ်လို့ ကျွန်တော်မျှော်မှန်းခဲ့တာပါ။

မင်းကန်ရမှာလို့ ကျွန်တော် ကိုင်ကို ပြောပြီးသားပါ။

သူ့ဆီက ဖိအားလျော့အောင်နဲ့ သူ ပိုပြီးတည်ငြိမ်နိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့ရုံပါပဲ။

ပွဲပြီးဖို့ ၃ မိနစ်အလိုဆိုတော့ အဲဒါဟာ အရေးပါတဲ့အခိုက်အတန့်တစ်ခုပါပဲ။

အဲဒါက အလုပ်လည်းဖြစ်သွားခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဟာဗက်ဇ်ကလည်း ပင်နယ်တီအနိုင်ဂိုးမတိုင်ခင်

သူ့ရဲ့စိတ်ခံစားချက်ကို အခုလိုရှင်းပြခဲ့ပါတယ်။

”ရိုးရိုးသားသားပြောရရင် ကျွန်တော် စိတ်လှုပ်ရှားခဲ့ပါတယ်။

ဒါက အဆုံးအဖြတ်ပင်နယ်တီဆိုတော့ ရူးသွားမိတာပါ။

စိတ်ကို ထိန်းချုပ်နိုင်ခဲ့တာ ကောင်းသွားတယ်လု့ိ ထင်ပါတယ်။

အခုတော့ အရမ်းပျော်မိပါတယ်။

ကျွန်တော်က ချဲလ်ဆီးမှာ တတိယပင်နယ်တီကန်သွင်းသူဖြစ်ပြီး

ဂျော်ဂျင်ဟိုနဲ့ လူကာကူတို့မရှိတဲ့အချိန်မှာ

ဒီတာဝန်ယူရတာဖြစ်ကာ အသင်းဖော်တွေကလည်း

ကျွန်တော့်အပေါ် ယုံကြည်မှုပေးခဲ့ကြတာပါ”လို့ ဟာဗက်ဇ်က ဆိုခဲ့တာပါ။

zawgyi

ဟာဗက္ဇ္ရဲ႕ပင္နယ္တီအႏိုင္ဂိုးမတိုင္ခင္ အက္ပီလီကူတာက ၿပိဳင္ဘက္ကို Mind Game လုပ္ခဲ့

ကလပ္ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ကိုင္ဟာဗက္ဇ္တစ္ေယာက္

ပင္နယ္တီအႏိုင္ဂိုးမသြင္းခင္ ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္

အက္ပီလီကူတာဟာ မယုံႏိုင္စရာ

ေဘာလုံးဉာဏ္ရည္ဉာဏ္ေသြးအဆင့္တစ္ခုကို ျပသခဲ့ပါတယ္။

ခ်ဲလ္ဆီးရဲ႕ခ်န္ပီယံလိဂ္ေအာင္ပြဲမွာ တစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းခဲ့တဲ့

ဟာဗက္ဇ္ဟာ ေနာက္ထပ္အေရးႀကဳံတဲ့အခ်ိန္မွာလည္း

ရတဲ့ပင္နယ္တီကို တည္ၿငိမ္စြာကန္သြင္းၿပီး ခ်ဲလ္ဆီးကို ဗိုလ္စြဲေစခဲ့ပါတယ္။

သူရဲ႕ပင္နယ္တီအႏိုင္ဂိုးနဲ႔ ခ်ဲလ္ဆီးကို ကလပ္ကမာၻ႔ဖလားမွာ

ပထမဆုံးအႀကိမ္ဗိုလ္စြဲေစႏိုင္ေစခဲ့တာပါ။

ဒါေပမဲ့ အဲဒီမတိုင္ခင္ အက္ပီလီကူတာရဲ႕ၿပိဳင္ဘက္အေပၚ

mind game လုပ္မႈက အေရးပါခဲ့ပါတယ္။

ပြဲၿပီးခါနီး ၁၁၇ မိနစ္မွာ ခ်ဲလ္ဆီးပင္နယ္တီရေတာ့ အက္ပီလီကူတာဟာ

ကန္သြင္းေတာ့မယ့္ပုံစံနဲ႔ ေဘာလုံးကို လက္နဲ႔ပိုက္ထားေပမယ့္

ေနာက္ဆုံးမွာ ဟာဗက္ဇ္ကိုသာ ေပးကန္ခဲ့တာပါ။

အဲဒါနဲ႔ပတ္သက္လို႔ ပြဲအၿပီးမွာ အက္ပီလီကူတာက

”ပင္နယ္တီကန္မယ့္သူနားကို ပါးလ္မီးယက္စ္ကစားသမားေတြေရာက္လာၿပီး

စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ လုပ္မယ္လို႔ ကြၽန္ေတာ္ေမွ်ာ္မွန္းခဲ့တာပါ။

မင္းကန္ရမွာလို႔ ကြၽန္ေတာ္ ကိုင္ကို ေျပာၿပီးသားပါ။

သူ႔ဆီက ဖိအားေလ်ာ့ေအာင္နဲ႔ သူ ပိုၿပီးတည္ၿငိမ္ႏိုင္ဖို႔ ကြၽန္ေတာ္ႀကိဳးစားခဲ့႐ုံပါပဲ။

ပြဲၿပီးဖို႔ ၃ မိနစ္အလိုဆိုေတာ့ အဲဒါဟာ အေရးပါတဲ့အခိုက္အတန႔္တစ္ခုပါပဲ။

အဲဒါက အလုပ္လည္းျဖစ္သြားခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာဗက္ဇ္ကလည္း ပင္နယ္တီအႏိုင္ဂိုးမတိုင္ခင္

သူ႔ရဲ႕စိတ္ခံစားခ်က္ကို အခုလိုရွင္းျပခဲ့ပါတယ္။

”႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္ေတာ္ စိတ္လႈပ္ရွားခဲ့ပါတယ္။

ဒါက အဆုံးအျဖတ္ပင္နယ္တီဆိုေတာ့ ႐ူးသြားမိတာပါ။

စိတ္ကို ထိန္းခ်ဳပ္ႏိုင္ခဲ့တာ ေကာင္းသြားတယ္လု႔ိ ထင္ပါတယ္။

အခုေတာ့ အရမ္းေပ်ာ္မိပါတယ္။

ကြၽန္ေတာ္က ခ်ဲလ္ဆီးမွာ တတိယပင္နယ္တီကန္သြင္းသူျဖစ္ၿပီး

ေဂ်ာ္ဂ်င္ဟိုနဲ႔ လူကာကူတို႔မရွိတဲ့အခ်ိန္မွာ

ဒီတာဝန္ယူရတာျဖစ္ကာ အသင္းေဖာ္ေတြကလည္း

ကြၽန္ေတာ့္အေပၚ ယုံၾကည္မႈေပးခဲ့ၾကတာပါ”လို႔ ဟာဗက္ဇ္က ဆိုခဲ့တာပါ။