
ဘီလ်ဘာအိုကို ရှုံးနိမ့်ခဲ့တဲ့ စပိန်ဘုရင့်ဖလားပွဲတုန်းက သွေးပူလေ့ကျင့်ခန်းဆင်းပြီးမှ
အရန်ခုံပြန်ထိုင်ခဲ့ရတဲ့ဟာဇတ်ရဲ့အဖြစ်ကိုကြည့်ပြီး ဂါရတ်ဘေးလ်တစ်ယောက်
ဟားတိုက်ရယ်မောနေတာကို ရုပ်သံကင်မရာတွေက အမိအရဖမ်းယူလိုက်နိုင်ခဲ့ပါတယ်။
၁-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ အဲဒီပွဲမှာ ဂါရတ်ဘေးလ်နဲ့ဟာဇတ်တို့ဟာ
ရီးရဲလ်ရဲ့အသုံးမပြုတဲ့အရန်တွေဖြစ်ခဲ့တာပါ။
သူတို့နှစ်ယောက်ထဲမှာမှ ဟာဇတ်ဟာ ဒုတိယပိုင်းအရောက်
မိနစ် ၃၀ ကြာ သွေးပူလေ့ကျင့်ခန်းဆင်းခဲ့ရသူ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အဲဒီဘယ်လ်ဂျီယံသားဟာ လူစားဝင်အဖြစ်နဲ့
မကစားခဲ့ရဘဲ အရန်ခုံပြန်ထိုင်ခိုင်းခြင်း ခံခဲ့ရတာပါ။
ဟာဇတ်ရဲ့အဲဒီအဖြစ်အပျက်ကိုကြည့်ပြီး အရန်ခုံမှာထိုင်နေတဲ့
ဂါရတ်ဘေးလ်တစ်ယောက် မရယ်ပဲ မနေနိုင်ခဲ့ပါဘူး။
၃၁ နှစ်အရွယ် ဟာဇတ်တစ်ယောက် အရန်ခုံဆီပြန်လာရချိန်မှာ
ဂါရတ်ဘေးလ်ဟာ တစ်ချက်ပြုံးပြီး ရယ်မောခဲ့တာပါ။
ပြီးခဲ့တဲ့သြဂုတ်ကတည်းက ရီးရဲလ်အတွက် ကစားခွင့်မရခဲ့တဲ့ဂါရတ်ဘေးလ်ဟာ
သူ့မှာ ကြွက်သားတွေမရှိတော့ဘူးဆိုတဲ့ဝေဖန်မှုတွေကို
မကြာသေးခင်ကပဲ တုံ့ပြန်ခဲ့ပါတယ်။
အဲဒီစပါးကြယ်ပွင့်ဟောင်းဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့
Instgram မှာ သူ့ရဲ့ပေါင်ကြွက်သားတွေကြွနေတဲ့ပုံကို တင်ခဲ့တာပါ။
ဟာဇတ်ကတော့ ရီးရဲလ်ကိုရောက်ပြီးနောက်ပိုင်း
ပွဲအများဆုံးကစားရတဲ့ရာသီတစ်ခုကို ဖြတ်သန်းနေပါတယ်။
အဲဒီချဲလ်ဆီးကြယ်ပွင့်ဟောင်းဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ
၁၈ ပွဲကစားခွင့်ရခဲ့တာပါ။
zawgyi
ဟာဇတ္ ေသြးပူေလ့က်င့္ခန္းဆင္းၿပီး အရန္ခုံျပန္ထိုင္ခဲ့ရလို႔ ဟားတိုက္ခဲ့တဲ့ ဂါရတ္ေဘးလ္
ဘီလ္ဘာအိုကို ရႈံးနိမ့္ခဲ့တဲ့ စပိန္ဘုရင့္ဖလားပြဲတုန္းက ေသြးပူေလ့က်င့္ခန္းဆင္းၿပီးမွ
အရန္ခုံျပန္ထိုင္ခဲ့ရတဲ့ဟာဇတ္ရဲ႕အျဖစ္ကိုၾကည့္ၿပီး ဂါရတ္ေဘးလ္တစ္ေယာက္
ဟားတိုက္ရယ္ေမာေနတာကို ႐ုပ္သံကင္မရာေတြက အမိအရဖမ္းယူလိုက္ႏိုင္ခဲ့ပါတယ္။
၁-၀ ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ အဲဒီပြဲမွာ ဂါရတ္ေဘးလ္နဲ႔ဟာဇတ္တို႔ဟာ
ရီးရဲလ္ရဲ႕အသုံးမျပဳတဲ့အရန္ေတြျဖစ္ခဲ့တာပါ။
သူတို႔ႏွစ္ေယာက္ထဲမွာမွ ဟာဇတ္ဟာ ဒုတိယပိုင္းအေရာက္
မိနစ္ ၃၀ ၾကာ ေသြးပူေလ့က်င့္ခန္းဆင္းခဲ့ရသူ ျဖစ္ပါတယ္။
ဒါေပမဲ့လည္း အဲဒီဘယ္လ္ဂ်ီယံသားဟာ လူစားဝင္အျဖစ္နဲ႔
မကစားခဲ့ရဘဲ အရန္ခုံျပန္ထိုင္ခိုင္းျခင္း ခံခဲ့ရတာပါ။
ဟာဇတ္ရဲ႕အဲဒီအျဖစ္အပ်က္ကိုၾကည့္ၿပီး အရန္ခုံမွာထိုင္ေနတဲ့
ဂါရတ္ေဘးလ္တစ္ေယာက္ မရယ္ပဲ မေနႏိုင္ခဲ့ပါဘူး။
၃၁ ႏွစ္အ႐ြယ္ ဟာဇတ္တစ္ေယာက္ အရန္ခုံဆီျပန္လာရခ်ိန္မွာ
ဂါရတ္ေဘးလ္ဟာ တစ္ခ်က္ၿပဳံးၿပီး ရယ္ေမာခဲ့တာပါ။
ၿပီးခဲ့တဲ့ၾသဂုတ္ကတည္းက ရီးရဲလ္အတြက္ ကစားခြင့္မရခဲ့တဲ့ဂါရတ္ေဘးလ္ဟာ
သူ႔မွာ ႂကြက္သားေတြမရွိေတာ့ဘူးဆိုတဲ့ေဝဖန္မႈေတြကို
မၾကာေသးခင္ကပဲ တုံ႔ျပန္ခဲ့ပါတယ္။
အဲဒီစပါးၾကယ္ပြင့္ေဟာင္းဟာ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့
Instgram မွာ သူ႔ရဲ႕ေပါင္ႂကြက္သားေတြႂကြေနတဲ့ပုံကို တင္ခဲ့တာပါ။
ဟာဇတ္ကေတာ့ ရီးရဲလ္ကိုေရာက္ၿပီးေနာက္ပိုင္း
ပြဲအမ်ားဆုံးကစားရတဲ့ရာသီတစ္ခုကို ျဖတ္သန္းေနပါတယ္။
အဲဒီခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္းဟာ ဒီရာသီၿပိဳင္ပြဲအရပ္ရပ္မွာ
၁၈ ပြဲကစားခြင့္ရခဲ့တာပါ။