ဟာဇက်ကို ချဲလ်ဆီးနဲ့အပြိုင် နယူးကာဆယ် ခေါ်ယူဖို့ကြိုးစားနေ

အေဒင်ဟာဇက်ဟာရီးရဲလ်မက်ဒရစ်မှထွက်ခွာဖို့တဖြည်းဖြည်း

နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။ဘယ်လ်ဂျီယံစူပါစတားဟာလာမယ့်နှစ်နွေရာသီမှာ

အသင်းဟောင်းချဲလ်ဆီးရှိရာသို့ပြန်မယ်လို့အားလုံးရဲ့ယူဆခြင်းခံထားရပါတယ်။

ဒါပေမယ့်နယူးကာဆယ်ကိုဆော်ဒီရင်းနှီးမြှပ်နှံရေးကုမ္ပဏီ

Public Investment Fund ကဝယ်ယူလိုက်မှုနဲ့အတူ ဟာဇက်ကို

ခေါ်ယူရေးလန်ဒန်ကလပ်နဲ့အပြိုင်ကြိုးပမ်းလာဖို့ရှိနေပါတယ်။

ဟာဇက်ဟာ၂၀၁၉ခုနှစ်မှာရီးရဲလ်မက်ဒရစ်သို့ပေါင်သန်း၁၀၀နဲ့

ပြောင်းပြီးနောက်မှာဒဏ်ရာပြဿနာများနှင့်ရုန်းကန်လာခဲ့ရသူဖြစ်ပါတယ်။

အသက်၃၀နှစ်ရှိကစားသမားဟာဇီဒန်းထွက်ခွာသွားချိန်အန်ဆယ်လော့တီ

လက်ထက်မှာဗီနီစီးယပ်စ်အကောင်းဆုံးပုံစံရရှိလာမှုနဲ့အတူ

ပွဲထွက်ကစားခွင့်ရရန်ရုန်းကန်လာရပါတယ်။

ယခုလအစောပိုင်းတုန်းကချဲလ်ဆီးပိုင်ရှင်အေဘရာမိုဗစ်ချ်ဟာဟာဇက်ကို

အနောက်လန်ဒန်သို့ပြန်ခေါ်ရေးအစွမ်းကုန်လုပ်ဆောင်ရန်

အသင်းတာဝန်ရှိသူများကိုညွှန်ကြားထားကြောင်းသတင်းထွက်ခဲ့ပါတယ်။

ဒါပေမယ့်ယခုအခါပရီးမီးယားလိဂ်ရဲ့အချမ်းသာဆုံးကလပ်နယူးကာဆယ်ကလည်း

ဟာဇက်ကိုခေါ်ယူရေးချဲလ်ဆီးထက်လက်ဦးမှုရအောင်လုပ်ဆောင်လာတော့မှာဖြစ်ပါတယ်။

EPSN ကချဲလ်ဆီးဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာဟာဇက်ကို

ခေါ်ယူရေးကမ်းလှမ်းလာမယ်လို့သိရပါတယ်။ရီးရဲလ်မက်ဒရစ်ဟာဟာဇက်ကို

ယူရိုသန်း၄၀ဝန်းကျင်မျှရရှိလျှင်ရောင်းချသွားဖို့ရှိပါတယ်။

zawgyi

ဟာဇက္ကို ခ်ဲလ္ဆီးနဲ႔အၿပိဳင္ နယူးကာဆယ္ ေခၚယူဖို႔ႀကိဳးစားေန

ေအဒင္ဟာဇက္ဟာရီးရဲလ္မက္ဒရစ္မွထြက္ခြာဖို႔တျဖည္းျဖည္း

နီးစပ္လာခဲ့ၿပီျဖစ္ပါတယ္။ဘယ္လ္ဂ်ီယံစူပါစတားဟာလာမယ့္ႏွစ္ေႏြရာသီမွ

ာအသင္းေဟာင္းခ်ဲလ္ဆီးရွိရာသို႔ျပန္မယ္လို႔အားလုံးရဲ႕ယူဆျခင္းခံထားရပါတယ္။

ဒါေပမယ့္နယူးကာဆယ္ကိုေဆာ္ဒီရင္းႏွီးျမႇပ္ႏွံေရးကုမၸဏီ

Public Investment Fund ကဝယ္ယူလိုက္မႈနဲ႔အတူ ဟာဇက္ကို

ေခၚယူေရးလန္ဒန္ကလပ္နဲ႔အၿပိဳင္ႀကိဳးပမ္းလာဖို႔ရွိေနပါတယ္။

ဟာဇက္ဟာ၂၀၁၉ခုႏွစ္မွာရီးရဲလ္မက္ဒရစ္သို႔ေပါင္သန္း၁၀၀နဲ႔

ေျပာင္းၿပီးေနာက္မွာဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္လာခဲ့ရသူျဖစ္ပါတယ္။

အသက္၃၀ႏွစ္ရွိကစားသမားဟာဇီဒန္းထြက္ခြာသြားခ်ိန္အန္ဆယ္ေလာ့တီ

လက္ထက္မွာဗီနီစီးယပ္စ္အေကာင္းဆုံးပုံစံရရွိလာမႈနဲ႔အတူ

ပြဲထြက္ကစားခြင့္ရရန္႐ုန္းကန္လာရပါတယ္။

ယခုလအေစာပိုင္းတုန္းကခ်ဲလ္ဆီးပိုင္ရွင္ေအဘရာမိုဗစ္ခ်္ဟာဟာဇက္ကို

အေနာက္လန္ဒန္သို႔ျပန္ေခၚေရးအစြမ္းကုန္လုပ္ေဆာင္ရန္

အသင္းတာဝန္ရွိသူမ်ားကိုၫႊန္ၾကားထားေၾကာင္းသတင္းထြက္ခဲ့ပါတယ္။

ဒါေပမယ့္ယခုအခါပရီးမီးယားလိဂ္ရဲ႕အခ်မ္းသာဆုံးကလပ္နယူးကာဆယ္ကလည္း

ဟာဇက္ကိုေခၚယူေရးခ်ဲလ္ဆီးထက္လက္ဦးမႈရေအာင္လုပ္ေဆာင္လာေတာ့မွာျဖစ္ပါတယ္။

EPSN ကခ်ဲလ္ဆီးဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာဟာဇက္ကို

ေခၚယူေရးကမ္းလွမ္းလာမယ္လို႔သိရပါတယ္။ရီးရဲလ္မက္ဒရစ္ဟာဟာဇက္ကို

ယူ႐ိုသန္း၄၀ဝန္းက်င္မွ်ရရွိလွ်င္ေရာင္းခ်သြားဖို႔ရွိပါတယ္။