ဟယ်ရီကိန်း မရှိရင် အင်္ဂလန်ဟာ ကမ္ဘာ့ဖလားအိပ်မက်ကို မက်ပိုင်ခွင့်မရှိ တော့ဘူးလို့ သုံးသပ်နေကြ

အင်္ဂလန်လက်ရွေးစင်အသင်းဟာ တိုက်စစ်မှူး ဟယ်ရီကိန်း မပါနိုင်တဲ့ အခြေအနေမှာဆိုရင် အရည်အသွေး ပြည့်ဝနေတဲ့ အဆင့်မျိုးမှာ မရှိတာကြောင့် ကမ္ဘာ့ဖလားချန်ပီယံဆုကို

ရဖို့အတွက် အခက်အခဲတွေ အများကြီး ကြုံလာရ နိုင်တယ်လို့ သုံးသပ်ချက် ထွက်ပေါ်လာပါတယ်။ အင်္ဂလန်အသင်းခေါင်း ဆောင်ဟာ အီရန်ကို ၆-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန် ၇၆ မိနစ်မှ

ာ လူစား လဲခံခဲ့ရပါတယ်။ စပါးတိုက်စစ်မှူးကို လူစားလဲရမယ့် အချိန်ကျလို့ လူစားလဲ တာမျိုး ဖြစ်တယ်လို့ နည်းပြ ဆောက်ဂိတ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပေမဲ့

ဟယ်ရီကိန်းဟာ ခြေချင်းဝတ် ဒဏ်ရာဟောင်း ပြန်ပေါ်လာပြီး လက်ရှိမှာ လိုအပ်တဲ့ ဆေးစစ်မှုတွေ ပြုလုပ်နေရတယ်လို့ Daily Mail သ တင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။

ဒါကြောင့် လာမယ့် အုပ်စု ပွဲစဉ်တွေဖြစ်တဲ့ အမေရိကန်၊ ဝေးလ်တို့နဲ့ ပွဲစဉ်တွေမှာ ဟယ်ရီကိန်းတစ် ယောက် မပါနိုင်ဘူးဆိုရင် အင်္ဂလန်ဟာ ရုန်းကန်ရတော့မှာ ဖြစ်သလို

ကမ္ဘာ့ ဖလားရယူရေး အိပ်မက်ကိုလည်း ဆက်မက်ခွင့် မရှိတော့ဘူးလို့ Daily Mail ရဲ့ အားကစားရေးရာ ကျွမ်းကျင်သူ သတင်းစာဆရာ အိုလီဗီရာ ဟော့က သုံး သပ်ပါတယ်။

‘’ကျွန်တော်တို ရန်တုန်ပန်းတုန် ဖြစ်ရမယ့် ကိစ္စပါပဲ။ သူမပါဘူး ဆိုရင် ကျွန်တော်တို့ ဒီတောင်ကို ကျော်နိုင်မယ်လို့ ကျွန်တော်တော့ မထင်ပါ ဘူး။ အဆင့်တစ်ခုအထိ ကျွန်တော်တို့ ကျော်နိုင်ခဲ့မယ်ထားဦး။

ဟယ်ရီကိန်း မပါဘဲနဲ့တော့ ကမ္ဘာ့ဖလားကို ကျွန်တော်တို့ မရနိုင်ဘူးလို့ ထင်ပါတယ်။ ဒီပြိုင် ပွဲမှာ ကျွန်တော်တို့ ခရီးဆက်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အရေးအပါဆုံး ကစားသမားက သူလို့ ထင်ပါတယ်။

သူနဲ့ ထိုက်တန်တဲ့ ချီး မြှောက်မှုကို သူရတယ်လို့ ကျွန်တော်တော့ မထင်ဘူး။ အီရန်နဲ့ ပွဲမှာ သူ့ရဲ့ ကူညီပေးမှုတွေက အရာထင်ခဲ့တာပါ။ ဘယ်လင်ဂမ် ကောင်းတာလည်း ပါတာပေါ့လေ။

ဒါပေမဲ့ ဟယ်ရီကိန်းက တကယ့်ကို ကောင်းခဲ့တာပါ။ သူက အကုန်လုံးနဲ့ ချိတ်ဆက်ကစားခဲ့တယ်။ ကစားပုံကို တည်ပေးတဲ့သူ။ ဘောလုံး ကိုင်တာလည်း အရမ်းကောင်းတယ်’’ လို့

အိုလီဗီရာဟော့က သုံးသပ် ပြော ဆိုသွားခဲ့ပါတယ်။

(Zawgyi)

ဟယ္ရီကိန္း မရွိရင္ အဂၤလန္ဟာ ကမာၻ႔ဖလားအိပ္မက္ကို မက္ပိုင္ခြင့္မရွိ ေတာ့ဘူးလို႔ သုံးသပ္ေနၾက

အဂၤလန္လက္ေ႐ြးစင္အသင္းဟာ တိုက္စစ္မႉး ဟယ္ရီကိန္း မပါႏိုင္တဲ့ အေျခ အေနမွာဆိုရင္ အရည္အေသြး ျပည့္ဝေနတဲ့ အဆင့္မ်ိဳးမွာ မရွိတာေၾကာင့္ ကမာၻ႔ဖလားခ်န္ပီယံဆုကို ရဖို႔အတြက္

အခက္အခဲေတြ အမ်ားႀကီး ႀကဳံလာရ ႏိုင္တယ္လို႔ သုံးသပ္ခ်က္ ထြက္ေပၚလာပါတယ္။ အဂၤလန္အသင္းေခါင္း ေဆာင္ဟာ အီရန္ကို ၆-၂ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္ရဲ႕ ပြဲခ်ိန္ ၇၆ မိနစ္မွာ လူစား လဲခံခဲ့ရပါတယ္။

စပါးတိုက္စစ္မႉးကို လူစားလဲရမယ့္ အခ်ိန္က်လို႔ လူစားလဲ တာမ်ိဳး ျဖစ္တယ္လို႔ နည္းျပ ေဆာက္ဂိတ္က ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ေပမဲ့ ဟယ္ရီကိန္းဟာ ေျခခ်င္းဝတ္

ဒဏ္ရာေဟာင္း ျပန္ေပၚလာၿပီး လက္ရွိမွာ လိုအပ္တဲ့ ေဆးစစ္မႈေတြ ျပဳလုပ္ေနရတယ္လို႔ Daily Mail သ တင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါေၾကာင့္

လာမယ့္ အုပ္စု ပြဲစဥ္ေတြျဖစ္တဲ့ အေမရိကန္၊ ေဝးလ္တို႔နဲ႔ ပြဲစဥ္ေတြမွာ ဟယ္ရီကိန္းတစ္ ေယာက္ မပါႏိုင္ဘူးဆိုရင္ အဂၤလန္ဟာ ႐ုန္းကန္ရေတာ့မွာ ျဖစ္သလို ကမာၻ႔

ဖလားရယူေရး အိပ္မက္ကိုလည္း ဆက္မက္ခြင့္ မရွိေတာ့ဘူးလို႔ Daily Mail ရဲ႕ အားကစားေရးရာ ကြၽမ္းက်င္သူ သတင္းစာဆရာ အိုလီဗီရာ ေဟာ့က သုံး သပ္ပါတယ္။

‘’ကြၽန္ေတာ္တို ရန္တုန္ပန္းတုန္ ျဖစ္ရမယ့္ ကိစၥပါပဲ။ သူမပါဘူး ဆိုရင္ ကြၽန္ေတာ္တို႔ ဒီေတာင္ကို ေက်ာ္ႏိုင္မယ္လို႔ ကြၽန္ေတာ္ေတာ့ မထင္ပါ ဘူး။ အဆင့္တစ္ခုအထိ ကြၽန္ေတာ္တို႔

ေက်ာ္ႏိုင္ခဲ့မယ္ထားဦး။ ဟယ္ရီကိန္း မပါဘဲနဲ႔ေတာ့ ကမာၻ႔ဖလားကို ကြၽန္ေတာ္တို႔ မရႏိုင္ဘူးလို႔ ထင္ပါတယ္။ ဒီၿပိဳင္ ပြဲမွာ ကြၽန္ေတာ္တို႔ ခရီးဆက္ႏိုင္စြမ္းရွိပါတယ္။

ဒါေပမဲ့ ကြၽန္ေတာ္တို႔ရဲ႕ အေရးအပါဆုံး ကစားသမားက သူလို႔ ထင္ပါတယ္။ သူနဲ႔ ထိုက္တန္တဲ့ ခ်ီး ေျမႇာက္မႈကို သူရတယ္လို႔ ကြၽန္ေတာ္ေတာ့ မထင္ဘူး။ အီရန္နဲ႔ ပြဲမွာ သူ႔ရဲ႕

ကူညီေပးမႈေတြက အရာထင္ခဲ့တာပါ။ ဘယ္လင္ဂမ္ ေကာင္းတာလည္း ပါတာေပါ့ေလ။ ဒါေပမဲ့ ဟယ္ရီကိန္းက တကယ့္ကို ေကာင္းခဲ့တာပါ။ သူက အကုန္လုံးနဲ႔ ခ်ိတ္ဆက္ကစားခဲ့တယ္။

ကစားပုံကို တည္ေပးတဲ့သူ။ ေဘာလုံး ကိုင္တာလည္း အရမ္းေကာင္းတယ္’’ လို႔ အိုလီဗီရာေဟာ့က သုံးသပ္ ေျပာ ဆိုသြားခဲ့ပါတယ္။