





အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်း ပင်နယ်တီလွဲချော်ခဲ့တဲ့အပေါ်
ပြင်သစ်ကြယ်ပွင့်အမ်ဘာပီရဲ့အညှာအတာကင်းလွန်းတဲ့တုံ့ပြန်မှုက





ဆိုရှယ်မီဒီယာထက်မှာရေပန်းစားသွားခဲ့ပါတယ်။ ပြင်သစ်နဲ့ အင်္ဂလန်တို့ရဲ့
ကွာတားဖိုင်နယ်တွေ့ဆုံမှုရဲ့ ပွဲချိန် ၈၅ မိနစ်မှာ ဟယ်ရီကိန်းက
ဒုတိယမြောက်ချေပဂိုးဖြစ်စေမယ့် ပင်နယ်တီကိုကန်သွင်းယူရာမှာ





ဂိုးဘားပေါ်ကျော်တက်သွားခဲ့ပြီးနောက် အမ်ဘာပီက ပက်ပက်စက်စက်
ရယ်မောနေခဲ့တဲ့ ပုံရိပ်တွေထွက်ပေါ်ခဲ့တာဖြစ်တယ်။ ဒက်ချမ့်စ်အသင်းဟာ





ချိုအာမန်နီရဲ့ မထင်မှတ်တဲ့ကန်ချက်နဲ့ပွဲကိုစတင်ဦးဆောင်နိုင်ခဲ့ပေမဲ့
ပွဲချိန် မိနစ် ၅၀ ကျော်မှာတော့ ရီးရဲလ်ကွင်းလယ်လူဟာ ဟီးရိုးကနေ
ဇီးရိုးပြန်ဖြစ်ခဲ့ပြီး ပြင်သစ်အသင်းဟာ သူ့ကြောင့် ပင်နယ်တီ





ပြန်ပေးခဲ့ရပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းက
အမှားအယွင်းမရှိအဆုံးသတ်နိုင်ခဲ့တာကြောင့် တစ်ဂိုးစီသရေ





ရလဒ်ထွက်ပေါ်နေခဲ့ပြီး ၇၇ မိနစ်မှာတော့ ဂီရောက်က လက်ရှိ
ချန်ပီယံတွေအတွက် ဒုတိယမြောက်ဂိုးကို ခေါင်းတိုက်သွင်းယူ
ပေးခဲ့တာဖြစ်တယ်။ ပွဲချိန် မိနစ် ၈၀ ကျော်မှာတော့ လူစားဝင်လာတဲ့





မေဆန်မောင့်ကို သီယိုဟာနန်ဒက်ဇ်က ခန္ဓာကိုယ်နဲ့တမင်ပြေးဆောင့်သလို
ဖြစ်ခတာကြောင့် အင်္ဂလန်အသင်း ဒုတိယမြောက်ပင်နယ်တီ





ထပ်မံရရှိခဲ့ရာမှာတော့ ဟယ်ရီကိန်းလွဲချော်ခဲ့တာဖြစ်တယ်။
စပါးတိုက်စစ်မှူး ပင်နယ်တီလွဲသွားချိန်မှာ စာနာစိတ်ကင်းမဲ့စွာ
ရယ်မောနေတဲ့ အမ်ဘာပီပုံရိပ်တွေကို ကင်မရာတွေက အမိဖမ်းနိုင်ခဲ့ပါတယ်။





“အမ်ဘာပီ ဒီလိုရယ်လိုက်တာကအရမ်းကိုရုပ်ဆိုးလွန်းပါတယ်” လို့
ပရိသတ်တစ်ယောက်က တွစ်တာမှာမှတ်ချက်ပေးခဲ့သလို





ဒုတိယတစ်ယောက်က “အမ်ဘာပီဟာ ကမ္ဘာ့ဖလားရခဲ့စဉ်ကတောင်
ဒီလောက်ကြီးပြုံးရယ်တာမရှိခဲ့ပါဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။
တတိယတစ်ယောက်ကတော့ “ကျွန်တော်ကြိုက်တဲ့ အားကစား





မဟုတ်ပေမဲ့ ကလေးတွေနဲ့ကြည့်ရင်း အင်္ဂလန်ကိုမျှော်လင့်ခဲ့ပါတယ်။
ဒါပေမဲ့…ဟယ်ရီကိန်းရဲ့လွဲချော်မှုကို အမ်ဘာပီတုံ့ပြန်ခဲ့တာကိုမြင်ပြီး





၅ မိနစ်လောက် ရယ်ခဲ့ရပါတယ်” လို့ ရေးသားခဲ့ပါတယ်။
zawgyi





ဟယ္ရီကိန္း ပင္နယ္တီလြဲေခ်ာ္ခဲ့တဲ့ေနာက္ ပက္ပက္စက္စက္ရယ္ေမာခဲ့တဲ့ အမ္ဘာပီရဲ႕တုံ႔ျပန္မႈက အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ခဲ့
အဂၤလန္တိုက္စစ္မႉးဟယ္ရီကိန္း ပင္နယ္တီလြဲေခ်ာ္ခဲ့တဲ့အေပၚ





ျပင္သစ္ၾကယ္ပြင့္အမ္ဘာပီရဲ႕အညႇာအတာကင္းလြန္းတဲ့တုံ႔ျပန္မႈက
ဆိုရွယ္မီဒီယာထက္မွာေရပန္းစားသြားခဲ့ပါတယ္။ ျပင္သစ္နဲ႔ အဂၤလန္တို႔ရဲ႕
ကြာတားဖိုင္နယ္ေတြ႕ဆုံမႈရဲ႕ ပြဲခ်ိန္ ၈၅ မိနစ္မွာ ဟယ္ရီကိန္းက





ဒုတိယေျမာက္ေခ်ပဂိုးျဖစ္ေစမယ့္ ပင္နယ္တီကိုကန္သြင္းယူရာမွာ
ဂိုးဘားေပၚေက်ာ္တက္သြားခဲ့ၿပီးေနာက္ အမ္ဘာပီက ပက္ပက္စက္စက္





ရယ္ေမာေနခဲ့တဲ့ ပုံရိပ္ေတြထြက္ေပၚခဲ့တာျဖစ္တယ္။ ဒက္ခ်မ့္စ္အသင္းဟာ
ခ်ိဳအာမန္နီရဲ႕ မထင္မွတ္တဲ့ကန္ခ်က္နဲ႔ပြဲကိုစတင္ဦးေဆာင္ႏိုင္ခဲ့ေပမဲ့
ပြဲခ်ိန္ မိနစ္ ၅၀ ေက်ာ္မွာေတာ့ ရီးရဲလ္ကြင္းလယ္လူဟာ ဟီး႐ိုးကေန





ဇီး႐ိုးျပန္ျဖစ္ခဲ့ၿပီး ျပင္သစ္အသင္းဟာ သူ႔ေၾကာင့္ ပင္နယ္တီ
ျပန္ေပးခဲ့ရပါတယ္။ အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းက





အမွားအယြင္းမရွိအဆုံးသတ္ႏိုင္ခဲ့တာေၾကာင့္ တစ္ဂိုးစီသေရ
ရလဒ္ထြက္ေပၚေနခဲ့ၿပီး ၇၇ မိနစ္မွာေတာ့ ဂီေရာက္က လက္ရွိ
ခ်န္ပီယံေတြအတြက္ ဒုတိယေျမာက္ဂိုးကို ေခါင္းတိုက္သြင္းယူ





ေပးခဲ့တာျဖစ္တယ္။ ပြဲခ်ိန္ မိနစ္ ၈၀ ေက်ာ္မွာေတာ့ လူစားဝင္လာတဲ့
ေမဆန္ေမာင့္ကို သီယိုဟာနန္ဒက္ဇ္က ခႏၶာကိုယ္နဲ႔တမင္ေျပးေဆာင့္သလို





ျဖစ္ခတာေၾကာင့္ အဂၤလန္အသင္း ဒုတိယေျမာက္ပင္နယ္တီ
ထပ္မံရရွိခဲ့ရာမွာေတာ့ ဟယ္ရီကိန္းလြဲေခ်ာ္ခဲ့တာျဖစ္တယ္။
စပါးတိုက္စစ္မႉး ပင္နယ္တီလြဲသြားခ်ိန္မွာ စာနာစိတ္ကင္းမဲ့စြာ





ရယ္ေမာေနတဲ့ အမ္ဘာပီပုံရိပ္ေတြကို ကင္မရာေတြက အမိဖမ္းႏိုင္ခဲ့ပါတယ္။
“အမ္ဘာပီ ဒီလိုရယ္လိုက္တာကအရမ္းကို႐ုပ္ဆိုးလြန္းပါတယ္” လို႔





ပရိသတ္တစ္ေယာက္က တြစ္တာမွာမွတ္ခ်က္ေပးခဲ့သလို
ဒုတိယတစ္ေယာက္က “အမ္ဘာပီဟာ ကမာၻ႔ဖလားရခဲ့စဥ္ကေတာင္
ဒီေလာက္ႀကီးၿပဳံးရယ္တာမရွိခဲ့ပါဘူး” လို႔ တုံ႔ျပန္ခဲ့ပါတယ္။





တတိယတစ္ေယာက္ကေတာ့ “ကြၽန္ေတာ္ႀကိဳက္တဲ့ အားကစား
မဟုတ္ေပမဲ့ ကေလးေတြနဲ႔ၾကည့္ရင္း အဂၤလန္ကိုေမွ်ာ္လင့္ခဲ့ပါတယ္။





ဒါေပမဲ့…ဟယ္ရီကိန္းရဲ႕လြဲေခ်ာ္မႈကို အမ္ဘာပီတုံ႔ျပန္ခဲ့တာကိုျမင္ၿပီး
၅ မိနစ္ေလာက္ ရယ္ခဲ့ရပါတယ္” လို႔ ေရးသားခဲ့ပါတယ္။