
စပါးနည်းပြကွန်တီဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိကစားခဲ့တဲ့





လိုရစ်နဲ့ ရိုမဲရိုးကိုပွဲထုတ်ခဲ့ပြီး ဒိုဟာတီနဲ့ ပါရီဆစ်တို့ကို wing back
အဖြစ်ကစားစေခဲ့ပါတယ်။ တိုက်စစ်မှာတော့ ဟယ်ရီကိန်း၊





ဆွန်တို့နဲ့အတူ ဘရိုင်ယန်ဂေးလ်ကို ပွဲထွက်ခွင့်ပေးခဲ့တာဖြစ်တယ်။
အူနိုင်းအမ်မရီကတော့ ကမ္ဘာ့ချန်ပီယံဂိုးသမား မာတီနက်ဇ်ကို
အရန်ခုံမှာသာထားခဲ့ပြီး ၄-၃-၃ ကစားကွက်ကိုခင်းကျင်းခဲ့ပါတယ်။





ဗီလာနဲ့တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၁၄ပွဲမှာ စပါး ၁၂ပွဲ အထိ
အနိုင်ရထားတယ်ဆိုပေမဲ့ အခုလိုနှစ်သစ်ကူးပွဲစဉ်နောက်ဆုံး





တွေ့ဆုံမှုမှာ(၂၀၀၈ ခုနှစ်)တော့ ဗီလာက ၂-၁ နဲ့အနိုင်ရထားတာ
ဖြစ်တယ်။ ပထမပိုင်းတစ်လျှောက်လုံးမှာ စပါးကဘောလုံးပိုင်ဆိုင်မှု
အသာစီးယူခဲ့ပြီး ဗီလာက ကောင်တာချောင်းကစားခဲ့ပါတယ်။





ပွဲချိန် ၃၉ မိနစ်မှာ ဟယ်ရီကိန်းခေါင်းတိုက်ချက်ဂိုးဝင်လုနီးဖြစ်ခဲ့ပေမဲ့
အက်ရှ်လေယန်းရှင်းထုတ်နိုင်ခဲ့လို့ ဗီလာသက်သာရာရခဲ့ပါတယ်။





ပထမပိုင်းမှာတော့ ဂိုးမရှိသရေကျနေခဲ့ပြီး အာဆင်နယ်နည်းပြဘ၀
စပါးနဲ့ ပရီးမီးယားလိဂ်တွေ့ဆုံမှု ၃ပွဲစလုံးမရှုံးခဲ့တဲ့ အမ်မရီဟာ
ပြိုင်ဘက်ရဲ့တိုက်စစ်တွေကိုတောင့်ခံထားနိုင်ခဲ့ပါတယ်။





နည်းပြအမ်မရီဟာ သူကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် ၅၅ပွဲမှာ
ဂိုးမရှိသရေရလဒ်တစ်ကြိမ်တောင်မရှိခဲ့လို့ ဒုတိယပိုင်းပွဲချိန်တွေက





ပိုပြီးစိတ်ဝင်စားစရာဖြစ်ခဲ့တာပါ။ ဟယ်ရီကိန်းကတော့ နှစ်သစ်ကူး
ပွဲစဉ်တွေမှာ ၅ဂိုးသွင်းထားပြီး ဒီပွဲဂိုးသွင်းနိုင်ရင်တော့
အင်ဒီကိုးလ်နဲ့ စတီဗင်ဂျရတ်ကိုကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ရဲ့





နှစ်သစ်ကူး(ဇန်နဝါရီ ၁ရက်နေ့)ဂိုးသွင်းဘုရင်ဘွဲ့ကိုခံယူသွားမှာဖြစ်တယ်။
ပွဲချိန်မိနစ် ၅၀ မှာတော့ ဗီလာမထင်မှတ်ဘဲ အဖွင့်ဂိုးစရခဲ့ပါတယ်။





ဒီဂိုးမှာတော့ ဂိုးသမားလိုရစ်ရဲ့အမှားမကင်းခဲ့ပါဘူး။
ဒေါဂလက်လုဇ်ရဲ့ ကန်ချက်က လိုရစ်ဆီတည်းတည့်ရောက်လာပေမဲ့
ပြင်သစ်ကြယ်ပွင့်တားဆီးရာမှာ ဘောလုံးကပြန်အန်ထွက်ခဲ့ပြီး





ဝက်ကင်းစ်ရရှိပြီးတဲ့နောက် ဘူအန်ဒီယာဂိုးသွင်းဖို့အတွက်
အပိုင်ဖန်တီးပေးနိုင်ခဲ့တာဖြစ်တယ်။ ပွဲချိန် ၇၄ မိနစ်မှာ





ဒေါက်ဂလက်စ်လုဇ်က ဗီလာအတွက် ဒုတိယဂိုးထပ်မံ
သွင်းယူခဲ့နောက်မှာတော့ ကွန်တီရဲ့အသင်းပြန်လာနိုင်ဖို့
အလွန်ခက်ခဲသွားပါတယ်။ ဒီပွဲအနိုင်ရလိုက်တာကြောင့်





အမ်မရီဟာ ၁၉၉၈ ခုနှစ်က ဂျွန်ဂရီဂိုရီနောက်ပိုင်း
ဗီလာနည်းပြဘဝပထမဆုံး ပရီးမီးယားလိဂ်အဝေးကွင်း





၂ပွဲဆက်အနိုင်ရသူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
zawgyi
ဟယ္ရီကိန္း ႏွစ္သစ္ကူးဂိုးသြင္းဘုရင္ျဖစ္ခြင့္နဲ႔လြဲခဲ့ၿပီး ဂြၽန္ဂရီဂိုရီေနာက္ပိုင္း ဗီလာနည္းျပဘဝပထမဆုံး ပရီးမီးယားလိဂ္အေဝးကြင္း ၂ပြဲဆက္အႏိုင္ရသူအျဖစ္ အမ္မရီ မွတ္တမ္းဝင္





စပါးနည္းျပကြန္တီဟာ ကမာၻ႔ဖလားဗိုလ္လုပြဲအထိကစားခဲ့တဲ့
လိုရစ္နဲ႔ ႐ိုမဲ႐ိုးကိုပြဲထုတ္ခဲ့ၿပီး ဒိုဟာတီနဲ႔ ပါရီဆစ္တို႔ကို wing back





အျဖစ္ကစားေစခဲ့ပါတယ္။ တိုက္စစ္မွာေတာ့ ဟယ္ရီကိန္း၊
ဆြန္တို႔နဲ႔အတူ ဘ႐ိုင္ယန္ေဂးလ္ကို ပြဲထြက္ခြင့္ေပးခဲ့တာျဖစ္တယ္။
အူႏိုင္းအမ္မရီကေတာ့ ကမာၻ႔ခ်န္ပီယံဂိုးသမား မာတီနက္ဇ္ကို





အရန္ခုံမွာသာထားခဲ့ၿပီး ၄-၃-၃ ကစားကြက္ကိုခင္းက်င္းခဲ့ပါတယ္။
ဗီလာနဲ႔ေတြ႕ဆုံခဲ့တဲ့ ပရီးမီးယားလိဂ္ေနာက္ဆုံး ၁၄ပြဲမွာ စပါး ၁၂ပြဲ အထိ





အႏိုင္ရထားတယ္ဆိုေပမဲ့ အခုလိုႏွစ္သစ္ကူးပြဲစဥ္ေနာက္ဆုံး
ေတြ႕ဆုံမႈမွာ(၂၀၀၈ ခုႏွစ္)ေတာ့ ဗီလာက ၂-၁ နဲ႔အႏိုင္ရထားတာ
ျဖစ္တယ္။ ပထမပိုင္းတစ္ေလွ်ာက္လုံးမွာ စပါးကေဘာလုံးပိုင္ဆိုင္မႈ





အသာစီးယူခဲ့ၿပီး ဗီလာက ေကာင္တာေခ်ာင္းကစားခဲ့ပါတယ္။
ပြဲခ်ိန္ ၃၉ မိနစ္မွာ ဟယ္ရီကိန္းေခါင္းတိုက္ခ်က္ဂိုးဝင္လုနီးျဖစ္ခဲ့ေပမဲ့





အက္ရွ္ေလယန္းရွင္းထုတ္ႏိုင္ခဲ့လို႔ ဗီလာသက္သာရာရခဲ့ပါတယ္။
ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရက်ေနခဲ့ၿပီး အာဆင္နယ္နည္းျပဘ၀
စပါးနဲ႔ ပရီးမီးယားလိဂ္ေတြ႕ဆုံမႈ ၃ပြဲစလုံးမရႈံးခဲ့တဲ့ အမ္မရီဟာ





ၿပိဳင္ဘက္ရဲ႕တိုက္စစ္ေတြကိုေတာင့္ခံထားႏိုင္ခဲ့ပါတယ္။
နည္းျပအမ္မရီဟာ သူကိုင္တြယ္ခဲ့တဲ့ ပရီးမီးယားလိဂ္ ၅၅ပြဲမွာ





ဂိုးမရွိသေရရလဒ္တစ္ႀကိမ္ေတာင္မရွိခဲ့လို႔ ဒုတိယပိုင္းပြဲခ်ိန္ေတြက
ပိုၿပီးစိတ္ဝင္စားစရာျဖစ္ခဲ့တာပါ။ ဟယ္ရီကိန္းကေတာ့ ႏွစ္သစ္ကူး
ပြဲစဥ္ေတြမွာ ၅ဂိုးသြင္းထားၿပီး ဒီပြဲဂိုးသြင္းႏိုင္ရင္ေတာ့





အင္ဒီကိုးလ္နဲ႔ စတီဗင္ဂ်ရတ္ကိုေက်ာ္ျဖတ္ၿပီး ပရီးမီးယားလိဂ္ရဲ႕
ႏွစ္သစ္ကူး(ဇန္နဝါရီ ၁ရက္ေန႔)ဂိုးသြင္းဘုရင္ဘြဲ႕ကိုခံယူသြားမွာျဖစ္တယ္။





ပြဲခ်ိန္မိနစ္ ၅၀ မွာေတာ့ ဗီလာမထင္မွတ္ဘဲ အဖြင့္ဂိုးစရခဲ့ပါတယ္။
ဒီဂိုးမွာေတာ့ ဂိုးသမားလိုရစ္ရဲ႕အမွားမကင္းခဲ့ပါဘူး။
ေဒါဂလက္လုဇ္ရဲ႕ ကန္ခ်က္က လိုရစ္ဆီတည္းတည့္ေရာက္လာေပမဲ့





ျပင္သစ္ၾကယ္ပြင့္တားဆီးရာမွာ ေဘာလုံးကျပန္အန္ထြက္ခဲ့ၿပီး
ဝက္ကင္းစ္ရရွိၿပီးတဲ့ေနာက္ ဘူအန္ဒီယာဂိုးသြင္းဖို႔အတြက္





အပိုင္ဖန္တီးေပးႏိုင္ခဲ့တာျဖစ္တယ္။ ပြဲခ်ိန္ ၇၄ မိနစ္မွာ
ေဒါက္ဂလက္စ္လုဇ္က ဗီလာအတြက္ ဒုတိယဂိုးထပ္မံ
သြင္းယူခဲ့ေနာက္မွာေတာ့ ကြန္တီရဲ႕အသင္းျပန္လာႏိုင္ဖို႔





အလြန္ခက္ခဲသြားပါတယ္။ ဒီပြဲအႏိုင္ရလိုက္တာေၾကာင့္
အမ္မရီဟာ ၁၉၉၈ ခုႏွစ္က ဂြၽန္ဂရီဂိုရီေနာက္ပိုင္း





ဗီလာနည္းျပဘဝပထမဆုံး ပရီးမီးယားလိဂ္အေဝးကြင္း
၂ပြဲဆက္အႏိုင္ရသူအျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္။