ဟယ်ရီကိန်းက ရွန်းနီရဲ့ဂိုးစံချိန်ကို လိုက်မီနိုင်ဖို့ ဆန်မာရီနိုနဲ့ပွဲမှာ ပွဲထွက်ခွင့်ပေးဖို့တောင်းဆို

ဒီကနေ့ညမှာ ကစားရမယ့် ဆန်မာရီနိုနဲ့ အဝေးကွင်း ခြေစစ်ပွဲမှာ

ပွဲထွက်လူစာရင်းကနေ ပါဝင်ကစားခွင့်ပေးဖို့ စပါးနဲ့အင်္ဂလန်တိုက်စစ်မှူး

ဟယ်ရီကိန်းက အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကိုတောင်းဆိုလိုက်ပါတယ်။

အင်္ဂလန်အတွက် ၄၄ ဂိုးရရှိထားပြီဖြစ်တဲ့ ဟယ်ရီကိန်းဟာ လက်ရွေးစင်

ဂိုးအများဆုံးရရှိထားတဲ့ ရွန်းနီရဲ့ ၅၃ ဂိုး စံချိန်ကို ဖြတ်ကျော်နိုင်ဖို့ ရည်မှန်းနေသူဖြစ်ပြီး

ဆန်မာရီနိုပွဲမှာ သွင်းဂိုးတွေ ပိုရလာနိုင်ဖို့အတွက် တောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။

အုပ်စုတွင်းမှာ ကစားခဲ့တဲ့ ဆန်မာရီနိ၊ အန်ဒိုရာတို့နဲ့ အရင် ၃ ပွဲမှာတော့

ဟယ်ရီကိန်းကို ဆောက်ဂိတ်က အသုံးပြုခဲ့ခြင်း မရှိပါဘူး။

“အဲ့ဒိပွဲတွေမှာ သူ မကစားခဲ့ရဘူးလို့ ကိန်းက ကျွန်တော့ကို ပြောလာပါတယ်။

ဒီအတွက် ကိန်း ကစားရဖို့ သေချာပါတယ်” လို့လည်း ဆောက်ဂိတ်က ပြေကြားထားပါတယ်။

အသက် ၂၈ နှစ်ရှိကိန်းဟာ အင်္ဂလန်အတွက် ပြိုင်ပွဲတွေမှာ သွင်းဂိုး ၃၉ ဂိုး

ရရှိထားပြီဖြစ်ပြီး ရွန်းနီရဲ့ ၃၇ ဂိုးစံချိန်ကိုလည်း ဖြတ်ကျော်နိထားပြီးပါပြီ။

အင်္ဂလန်အတွက် တတိယနဲ့ဒုတိယ ဂိုးအများဆုံးသွင်းထားသူတွေဖြစ်တဲ့

ဂယ်ရီလိုင်နီကာရဲ့ ၄၈ ဂိုး၊ ဘော်ဘီချာလ်တန်ရဲ့ ၄၉ ဂိုးစံချိန်တွေကိုလည်း

မကြာခင် လိုက်မီနိုင်ဖွယ် ရှိနေပါတယ်။

ဒီကနေ့ည ဆန်မာရီနိုနဲ့ပွဲမှာသာ ဟယ်ရီကိန်း ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင်

၂၀၂၁ ခုနှစ်အတွင်း သွင်းဂိုး ၁၃ ဂိုးအထိရှိလာမှာဖြစ်ပြီး တစ်နှစ်အတွင်း

အင်္ဂလန်အတွက် ဂိုးအများဆုံးသွင်းနိုင်တဲ့ ကစားသမားအဖြစ်မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

ဆန်မာရီနိုနဲ့ပွဲမှာ အာဆင်နယ်ဂိုးသမား အေရွန်ရမ်းစ်ဒေးလ်ကို

အင်္ဂလန်အတွက် ပွဲထွက်ကစားခွင့်ပေးဖွယ်ရှိတယ်လို့လည်း

သတင်းတွေက ဖော်ပြနေကြပါတယ်။

zawgyi

ဟယ္ရီကိန္းက ႐ြန္းနီရဲ႕ဂိုးစံခ်ိန္ကို လိုက္မီႏိုင္ဖို႔ ဆန္မာရီႏိုနဲ႔ပြဲမွာ ပြဲထြက္ခြင့္ေပးဖို႔ေတာင္းဆို

ဒီကေန႔ညမွာ ကစားရမယ့္ ဆန္မာရီႏိုနဲ႔ အေဝးကြင္း ေျခစစ္ပြဲမွာ

ပြဲထြက္လူစာရင္းကေန ပါဝင္ကစားခြင့္ေပးဖို႔ စပါးနဲ႔အဂၤလန္တိုက္စစ္မႉး

ဟယ္ရီကိန္းက အဂၤလန္နည္းျပ ေဆာက္ဂိတ္ကိုေတာင္းဆိုလိုက္ပါတယ္။

အဂၤလန္အတြက္ ၄၄ ဂိုးရရွိထားၿပီျဖစ္တဲ့ ဟယ္ရီကိန္းဟာ လက္ေ႐ြးစင္

ဂိုးအမ်ားဆုံးရရွိထားတဲ့ ႐ြန္းနီရဲ႕ ၅၃ ဂိုး စံခ်ိန္ကို ျဖတ္ေက်ာ္ႏိုင္ဖို႔ ရည္မွန္းေနသူျဖစ္ၿပီး

ဆန္မာရီႏိုပြဲမွာ သြင္းဂိုးေတြ ပိုရလာႏိုင္ဖို႔အတြက္ ေတာင္းဆိုလိုက္တာပဲ ျဖစ္ပါတယ္။

အုပ္စုတြင္းမွာ ကစားခဲ့တဲ့ ဆန္မာရီနိ၊ အန္ဒိုရာတို႔နဲ႔ အရင္ ၃ ပြဲမွာေတာ့

ဟယ္ရီကိန္းကို ေဆာက္ဂိတ္က အသုံးျပဳခဲ့ျခင္း မရွိပါဘူး။

“အဲ့ဒိပြဲေတြမွာ သူ မကစားခဲ့ရဘူးလို႔ ကိန္းက ကြၽန္ေတာ့ကို ေျပာလာပါတယ္။

ဒီအတြက္ ကိန္း ကစားရဖို႔ ေသခ်ာပါတယ္” လို႔လည္း ေဆာက္ဂိတ္က ေျပၾကားထားပါတယ္။

အသက္ ၂၈ ႏွစ္ရွိကိန္းဟာ အဂၤလန္အတြက္ ၿပိဳင္ပြဲေတြမွာ သြင္းဂိုး ၃၉ ဂိုး

ရရွိထားၿပီျဖစ္ၿပီး ႐ြန္းနီရဲ႕ ၃၇ ဂိုးစံခ်ိန္ကိုလည္း ျဖတ္ေက်ာ္နိထားၿပီးပါၿပီ။

အဂၤလန္အတြက္ တတိယနဲ႔ဒုတိယ ဂိုးအမ်ားဆုံးသြင္းထားသူေတြျဖစ္တဲ့

ဂယ္ရီလိုင္နီကာရဲ႕ ၄၈ ဂိုး၊ ေဘာ္ဘီခ်ာလ္တန္ရဲ႕ ၄၉ ဂိုးစံခ်ိန္ေတြကိုလည္း

မၾကာခင္ လိုက္မီႏိုင္ဖြယ္ ရွိေနပါတယ္။

ဒီကေန႔ည ဆန္မာရီႏိုနဲ႔ပြဲမွာသာ ဟယ္ရီကိန္း ဂိုးသြင္းႏိုင္ခဲ့မယ္ဆိုရင္

၂၀၂၁ ခုႏွစ္အတြင္း သြင္းဂိုး ၁၃ ဂိုးအထိရွိလာမွာျဖစ္ၿပီး တစ္ႏွစ္အတြင္း

အဂၤလန္အတြက္ ဂိုးအမ်ားဆုံးသြင္းႏိုင္တဲ့ ကစားသမားအျဖစ္မွတ္တမ္းဝင္မွာ ျဖစ္ပါတယ္။

ဆန္မာရီႏိုနဲ႔ပြဲမွာ အာဆင္နယ္ဂိုးသမား ေအ႐ြန္ရမ္းစ္ေဒးလ္ကို

အဂၤလန္အတြက္ ပြဲထြက္ကစားခြင့္ေပးဖြယ္ရွိတယ္လို႔လည္း သတင္းေတြက ေဖာ္ျပေနၾကပါတယ္။