ဟယ်ရီကိန်းကို  ဝိန်းရွန်းနီရဲ့ စံချိန်ကို လိုက်မီနိုင်ဖို့ ဆောက်ဂိတ် စိန်ခေါ် ၊ ကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်ဆုံး ၇ ကြိမ်ဆက်တိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အင်္ဂလန်

ဆန်မာရီနိုနဲ့ပွဲမှာ အင်္ဂလန်အတွက် တစ်ဦးတည်း ၄ ဂိုးသွင်းပြီး

လက်ရွေးစင်သွင်းဂိုး ၄၈ ဂိုးအထိ ရရှိလာပြီဖြစ်တဲ့ ဟယ်ရီကိန်းကို

ဝိန်းရွန်းနီရဲ့ အင်္ဂလန်ဂိုးစံချိန်ကို ဖြတ်ကျော်ဖို့ အင်္ဂလန်နည်းပြ

ဆောက်ဂိတ်က စိန်ခေါ် တိုက်တွန်းလိုက်ပါတယ်။

အုပ်စုတွင်းမှာ အသင်းငယ်လေး ဆန်မာရီနို၊ အန်ဒိုရာတို့နဲ့

အရင်ကစားခဲ့တဲ့ ၃ ပွဲမှာ ဟယ်ရီကိန်းကို ထည့်သွင်းအသုံးပြုခဲ့ခြင်း မရှိပေမယ့်

အခု ဆန်မာရီနိုနဲ့ အုပ်စုနောက်ဆုံးပွဲမှာတော့ ပွဲထွက်စာရင်းကနေ ထည့်သွင်းအသုံးပြုခဲ့တာပါ။

ဟယ်ရီကိန်းကလည်း ပွဲ မတိုင်မီကတည်းက သူ့ကို ကစားခွင့်ပေးဖို့

တောင်းဆိုခဲ့သလို ပွဲကစားခွင့်ရရှိခဲ့ရာမှာလည်း

ပယ်နယ်တီအပါအဝင် ၄ ဂိုးကို ၄၂ မိနစ်အတွင်း သွင်းနိုင်ခဲ့တာပါ။

ကိန်းဟာ အင်္ဂလန်အတွက် တတိယဂိုးအများဆုံးသွင်းထားတဲ့

ဂယ်ရီလိုင်နီကာရဲ့ ၄၈ ဂိုးစံချိန်ကို လိုက်မီနိုင်ခဲ့ပြီ ဖြစ်ပြီး အင်္ဂလန်အတွက်

ဂိုးအများဆုံးသွင်းသူစာရင်းမှာ ဝိန်းရွန်နီ (၅၃ဂိုး)၊ ဘော်ဘီချာလ်တန်

(၄၉ဂိုး) တို့နောက်မှာ ဂယ်ရီလိုင်နီကာနဲ့အတူ တတိယနေရာက ပူးတွဲ ရပ်တည်နေပါတယ်။

အင်္ဂလန်ကလည်း သရေကစားနိုင်ရုံနဲ့ ခြေစစ်ပွဲအောင်မှာဖြစ်ပေမယ့်

ဂိုးပြတ်သွင်း အနိုင်ကစားခဲ့တာဖြစ်ပြီး ၁၉၆၄ ခုနှစ်က အမေရိကန်ကို ၁၀-၀ နဲ့

အနိုင်ရပြီးနောက်ပိုင်း ၅၇ နှစ်အတွင်း ပထမဆုံးအကြိမ် ၁၀ ဂိုးသွင်းနိုင်ခဲ့တာပါ။

အင်္ဂလန်အတွက် သူတို့ရဲ့သမိုင်းမှာ အဝေးကွင်းမှာ ကစားတဲ့ ပြိုင်ပွဲတစ်ပွဲမှာ

ပထအဆုံးအကြိမ် ဂိုးအများဆုံးသွင်းနိုင်ခဲ့တာဖြစ်ပြီး

ကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်ဆုံး ၇ ကြိမ်ဆက်တိုက် ခြေစစ်ပွဲအောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။

zawgyi

ဟယ္ရီကိန္းကို  ဝိန္း႐ြန္းနီရဲ႕ စံခ်ိန္ကို လိုက္မီႏိုင္ဖို႔ ေဆာက္ဂိတ္ စိန္ေခၚ ၊ ကမာၻ႔ဖလားၿပိဳင္ပြဲကို ေနာက္ဆုံး ၇ ႀကိမ္ဆက္တိုက္ ေျခစစ္ပြဲ ေအာင္ျမင္ခဲ့တဲ့ အဂၤလန္

ဆန္မာရီႏိုနဲ႔ပြဲမွာ အဂၤလန္အတြက္ တစ္ဦးတည္း ၄ ဂိုးသြင္းၿပီး

လက္ေ႐ြးစင္သြင္းဂိုး ၄၈ ဂိုးအထိ ရရွိလာၿပီျဖစ္တဲ့ ဟယ္ရီကိန္းကို

ဝိန္း႐ြန္းနီရဲ႕ အဂၤလန္ဂိုးစံခ်ိန္ကို ျဖတ္ေက်ာ္ဖို႔ အဂၤလန္နည္းျပ

ေဆာက္ဂိတ္က စိန္ေခၚ တိုက္တြန္းလိုက္ပါတယ္။

အုပ္စုတြင္းမွာ အသင္းငယ္ေလး ဆန္မာရီႏို၊ အန္ဒိုရာတို႔နဲ႔

အရင္ကစားခဲ့တဲ့ ၃ ပြဲမွာ ဟယ္ရီကိန္းကို ထည့္သြင္းအသုံးျပဳခဲ့ျခင္း မရွိေပမယ့္

အခု ဆန္မာရီႏိုနဲ႔ အုပ္စုေနာက္ဆုံးပြဲမွာေတာ့ ပြဲထြက္စာရင္းကေန ထည့္သြင္းအသုံးျပဳခဲ့တာပါ။

ဟယ္ရီကိန္းကလည္း ပြဲ မတိုင္မီကတည္းက သူ႔ကို ကစားခြင့္ေပးဖို႔

ေတာင္းဆိုခဲ့သလို ပြဲကစားခြင့္ရရွိခဲ့ရာမွာလည္း

ပယ္နယ္တီအပါအဝင္ ၄ ဂိုးကို ၄၂ မိနစ္အတြင္း သြင္းႏိုင္ခဲ့တာပါ။

ကိန္းဟာ အဂၤလန္အတြက္ တတိယဂိုးအမ်ားဆုံးသြင္းထားတဲ့

ဂယ္ရီလိုင္နီကာရဲ႕ ၄၈ ဂိုးစံခ်ိန္ကို လိုက္မီႏိုင္ခဲ့ၿပီ ျဖစ္ၿပီး အဂၤလန္အတြက္

ဂိုးအမ်ားဆုံးသြင္းသူစာရင္းမွာ ဝိန္း႐ြန္နီ (၅၃ဂိုး)၊ ေဘာ္ဘီခ်ာလ္တန္

(၄၉ဂိုး) တို႔ေနာက္မွာ ဂယ္ရီလိုင္နီကာနဲ႔အတူ တတိယေနရာက ပူးတြဲ ရပ္တည္ေနပါတယ္။

အဂၤလန္ကလည္း သေရကစားႏိုင္႐ုံနဲ႔ ေျခစစ္ပြဲေအာင္မွာျဖစ္ေပမယ့္

ဂိုးျပတ္သြင္း အႏိုင္ကစားခဲ့တာျဖစ္ၿပီး ၁၉၆၄ ခုႏွစ္က အေမရိကန္ကို ၁၀-၀ နဲ႔

အႏိုင္ရၿပီးေနာက္ပိုင္း ၅၇ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ၁၀ ဂိုးသြင္းႏိုင္ခဲ့တာပါ။

အဂၤလန္အတြက္ သူတို႔ရဲ႕သမိုင္းမွာ အေဝးကြင္းမွာ ကစားတဲ့ ၿပိဳင္ပြဲတစ္ပြဲမွာ

ပထအဆုံးအႀကိမ္ ဂိုးအမ်ားဆုံးသြင္းႏိုင္ခဲ့တာျဖစ္ၿပီး

ကမာၻ႔ဖလားၿပိဳင္ပြဲကို ေနာက္ဆုံး ၇ ႀကိမ္ဆက္တိုက္ ေျခစစ္ပြဲေအာင္ျမင္ခဲ့တာလည္း ျဖစ္ပါတယ္။