
လီဗာပူးအသင်း ၊ နယူးကာဆယ်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့
ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်သူ ကယ်ဗင်ကီးဂန်း ကတော့ အသင်းပိုင်ရှင်သစ်
အပြောင်းအလဲ ဖြစ်ခဲ့ပြီးနောက် တစ်ချိန်တုန်းကလို အောင်မြင်မှုတွေ ရရှိအောင်
ကြိုးစားဖို့ ပြင်ဆင်နေတဲ့ နယူးကာဆယ်အသင်းမှာ စပါးအသင်း ကနေ
ထွက်ခွာဖို့ ကြံရွယ်နေတဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းကို
မြင်တွေ့ချင်ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။
လက်ရှိမှာတော့ ပေါင် ၃၂၀ ဘီလီယံ အထိ ကြွယ်ဝ ချမ်းသာတဲ့ ဆော်ဒီအာရေဗျ
ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ နယူးကာဆယ်အသင်းကို
အက်ရှလေ လက်ထဲကနေ ဝယ်ယူခဲ့သလို အသင်းကိုလည်း ယခင်ကလို
ထိပ်တန်း အသင်းတစ်သင်း ဖြစ်လာအောင် ကြယ်ပွင့် ကစားသမားတွေကို
ငွေပုံပေး ဝယ်ယူဖို့ စီစဉ်နေပါတယ်။ ဟယ်ရီကိန်းကို နယူးကာဆယ်အသင်းမှာ
မြင်တွေ့ချင်တဲ့ အကြောင်းကို ကယ်ဗင်ကီးဂန်းက “ ကျွန်တော် ကတော့
ဟယ်ရီကိန်းကို နယူးကာဆယ်အသင်းမှာ မြင်တွေ့ချင်ပါတယ်။ တကယ်ပြောတာပါ။
ဒါပေမယ့် သူ အသင်းဆီ ရောက်လာမလား ၊ မရောက်လာဘူး ဆိုတာကို
ပြောဖို့တော့ ခက်ပါလိမ့်မယ်။ ကျွန်တော်က ဟယ်ရီကိန်းနဲ့ မသိပါဘူး။
ဒါပေမယ့် သူက အသင်းတစ်သင်းကို ဦးဆောင်နိုင်တဲ့ ကစားသမား ဆိုတာ
သေချာပါတယ်။ တကယ်လို့သာ နယူးကာဆယ်အသင်းက လီဗိုင်းနဲ့
သဘောတူညီမှု တစ်ခု ရယူနိုင်ခဲ့ရင် သူ့ကို ခေါ်ယူနိုင်လိမ့်မယ်လို့
ကျွန်တော် ထင်ပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။
ဟယ်ရီကိန်း ဟာ ဒီရာသီမှာ ပုံစံကောင်းတွေ ပျောက်ဆုံး နေပြီး
နိုင်ငံ အသင်း အတွက် ဂိုးမသွင်းပေး နိုင်ခဲ့တာ အတော်ကြာခဲ့ပြီ ဖြစ်ပါတယ် ။
စပါး အတွက် ယူရိုပါ ကွန်းဖရန့် လိဂ် နဲ့ ကာရာဘောင် ဖလားပွဲတွေမှာ ၆ ဂိုး
သွင်းပေးထား ခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာတော့ ဂိုးလုံး၀ မသွင်းယူနိုင်သေးပါဘူး ။
zawgyi
ဟယ္ရီကိန္းကို နယူးကာဆယ္အသင္းမွာ ျမင္ေတြ႕ခ်င္ေၾကာင္း ကယ္ဗင္ကီးဂန္း ထုတ္ေဖာ္ ေျပာၾကား
လီဗာပူးအသင္း ၊ နယူးကာဆယ္အသင္းနဲ႔ အဂၤလန္အသင္းတို႔ရဲ႕
ဂႏၲဝင္ ကစားသမား တစ္ဦး ျဖစ္သူ ကယ္ဗင္ကီးဂန္း ကေတာ့ အသင္းပိုင္ရွင္သစ္
အေျပာင္းအလဲ ျဖစ္ခဲ့ၿပီးေနာက္ တစ္ခ်ိန္တုန္းကလို ေအာင္ျမင္မႈေတြ ရရွိေအာင္
ႀကိဳးစားဖို႔ ျပင္ဆင္ေနတဲ့ နယူးကာဆယ္အသင္းမွာ စပါးအသင္း ကေန
ထြက္ခြာဖို႔ ႀကံ႐ြယ္ေနတဲ့ အဂၤလန္ လက္ေ႐ြးစင္ တိုက္စစ္မႉး ဟယ္ရီကိန္းကို
ျမင္ေတြ႕ခ်င္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားလာခဲ့ပါတယ္။
လက္ရွိမွာေတာ့ ေပါင္ ၃၂၀ ဘီလီယံ အထိ ႂကြယ္ဝ ခ်မ္းသာတဲ့ ေဆာ္ဒီအာေရဗ်
ျပည္သူပိုင္ ရင္းႏွီးျမႇဳပ္ႏွံမႈ အဖြဲ႕အစည္းဟာ နယူးကာဆယ္အသင္းကို
အက္ရွေလ လက္ထဲကေန ဝယ္ယူခဲ့သလို အသင္းကိုလည္း ယခင္ကလို
ထိပ္တန္း အသင္းတစ္သင္း ျဖစ္လာေအာင္ ၾကယ္ပြင့္ ကစားသမားေတြကို
ေငြပုံေပး ဝယ္ယူဖို႔ စီစဥ္ေနပါတယ္။ ဟယ္ရီကိန္းကို နယူးကာဆယ္အသင္းမွာ
ျမင္ေတြ႕ခ်င္တဲ့ အေၾကာင္းကို ကယ္ဗင္ကီးဂန္းက “ ကြၽန္ေတာ္ ကေတာ့
ဟယ္ရီကိန္းကို နယူးကာဆယ္အသင္းမွာ ျမင္ေတြ႕ခ်င္ပါတယ္။ တကယ္ေျပာတာပါ။
ဒါေပမယ့္ သူ အသင္းဆီ ေရာက္လာမလား ၊ မေရာက္လာဘူး ဆိုတာကို
ေျပာဖို႔ေတာ့ ခက္ပါလိမ့္မယ္။ ကြၽန္ေတာ္က ဟယ္ရီကိန္းနဲ႔ မသိပါဘူး။
ဒါေပမယ့္ သူက အသင္းတစ္သင္းကို ဦးေဆာင္ႏိုင္တဲ့ ကစားသမား ဆိုတာ
ေသခ်ာပါတယ္။ တကယ္လို႔သာ နယူးကာဆယ္အသင္းက လီဗိုင္းနဲ႔
သေဘာတူညီမႈ တစ္ခု ရယူႏိုင္ခဲ့ရင္ သူ႔ကို ေခၚယူႏိုင္လိမ့္မယ္လို႔
ကြၽန္ေတာ္ ထင္ပါတယ္” ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။
ဟယ္ရီကိန္း ဟာ ဒီရာသီမွာ ပုံစံေကာင္းေတြ ေပ်ာက္ဆုံး ေနၿပီး
ႏိုင္ငံ အသင္း အတြက္ ဂိုးမသြင္းေပး ႏိုင္ခဲ့တာ အေတာ္ၾကာခဲ့ၿပီ ျဖစ္ပါတယ္ ။
စပါး အတြက္ ယူ႐ိုပါ ကြန္းဖရန႔္ လိဂ္ နဲ႔ ကာရာေဘာင္ ဖလားပြဲေတြမွာ ၆ ဂိုး
သြင္းေပးထား ခဲ့ေပမယ့္ ပရီးမီးယားလိဂ္ မွာေတာ့ ဂိုးလုံး၀ မသြင္းယူႏိုင္ေသးပါဘူး ။