ဟယ်ရီကိန်းကို စာချုပ်သက်တမ်းတိုးဖို့ စပါးကို ကွန်တီတိုက်တွန်းထား

ဟယ်ရီကိန်း ကိုစာချုပ်သက်တမ်းတိုးထားဖို့အတွက် အသင်းဘုတ်အဖွဲ့တွေကိုတိုက်တွန်းထားတယ်လို့ စပါး နည်းပြ ကွန်တီကဝန်ခံသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက အသင်းမှာနေရတာမပျော်တော့ဘူးလို့ ထုတ်ပြော ထားဖူးတဲ့

ဟယ်ရီကိန်းရဲ့လက်ရှိစာချုပ်သက်တမ်းမှာ ၂ နှစ်အောက်ကိုရောက်လာပြီလည်းဖြစ်ပါတယ်။ နည်းပြကွန်တီကတော့ ဟယ်ရီကိန်းကို စာချုပ်သက်တမ်းတိုးဖို့အတွက် အသင်းဘုတ်အဖွဲ့ဝင်တွေကို ဖိအား ပေးထားပြီး ဒီကစ္စဟာ အသင်းအတွက်ဖိအားများစွာထဲက

တစ်ခုလည်းဖြစ်တယ်လို့ဆိုထားပါတယ်။ လက်ရှိမှာ ဟယ်ရီကိန်းဟာ စပါးကစားသမားဖြစ်နေပေမယ့် သူ့လိုကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ယောက်ကို စာချုပ်သစ် အတွက်ဆွေးနွေးဖို့အချိန်ကျနေပြီလို့လည်း ကွန်တီကပြောခဲ့ပါတယ်။

ဟယ်ရီကိန်းကို စာချုပ်သက်တမ်းဖို့ ဆုံးဖြတ်ချက်ဟာ နှစ်ဦးနှစ်ဖက်လုံးအတွက်ကောင်းမွန်တဲ့ကိစ္စဖြစ်ပြီး သူပျော်ရွှင်တာကိုမြင်နေရဖို့က အရေး ကြီးဆုံးဖြစ်တယ်လို့လည်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ သတင်းတွေ

ထွက်ခဲ့ပြီးနောက် ဟယ်ရီကိန်းဟာ စာချုပ်သစ်သက်တမ်းတိုးဖို့ကိစ္စကို နှုတ်ဆိတ်နေခဲ့တာဖြစ်ပါတယ်။ အသက် ၂၉နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဟယ်ရီကိန်းအနေနဲ့ ကစားသမားဘဝ အောင်မြင်မှုအနေနဲ့ အမြင့်ဆုံးဆုဖလား တစ်ခုခုကို ကိုင်မြှောက်ခွင့်ရဖို့

မျှော်လင့်နေတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နော်တင်ဟမ်နဲ့ပွဲစဉ်မှာ စပါးအတွက် အနိုင်ဂိုး ၂ဂိုးသွင်းယူခဲ့တဲ့ ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ် အမြဲတမ်းထိပ်တန်းဂိုးသွင်းသူတွေအဖြစ် ရပ်တည် နေတဲ့ အလန်ရှီးယားနဲ့ ရွန်နီတို့

စံချိန်ကိုမီဖို့နီးကပ်လာတာလည်းဖြစ်ပါတယ်။ လက်ရှိမှာ ဟယ်ရီကိန်းရဲ့ ပရီးမီး ယားလိဂ်သွင်းဂိုး စုစုပေါင်းမှာ ၁၈၇ ဂိုးရှိလာခဲ့ပြီဖြစ်ပြီး အလန်ရှီးယားက ဂိုး ၂၆၀၊ ရွန်နီက ၂၀၈ ဂိုး သွင်းထား နိုင်ခဲ့တာဖြစ်ပါတယ်။

(zawgyi)

ဟယ္ရီကိန္း ကိုစာခ်ဳပ္သက္တမ္းတိုးထားဖို႔အတြက္ အသင္းဘုတ္အဖြဲ႕ေတြကိုတိုက္တြန္းထားတယ္လို႔ စပါး နည္းျပ ကြန္တီကဝန္ခံသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက အသင္းမွာေနရတာမေပ်ာ္ေတာ့ဘူးလို႔ ထုတ္ေျပာ ထားဖူးတဲ့

ဟယ္ရီကိန္းရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းမွာ ၂ ႏွစ္ေအာက္ကိုေရာက္လာၿပီလည္းျဖစ္ပါတယ္။ နည္းျပကြန္တီကေတာ့ ဟယ္ရီကိန္းကို စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ အသင္းဘုတ္အဖြဲ႕ဝင္ေတြကို ဖိအား ေပးထားၿပီး ဒီကစၥဟာ

အသင္းအတြက္ဖိအားမ်ားစြာထဲက တစ္ခုလည္းျဖစ္တယ္လို႔ဆိုထားပါတယ္။ လက္ရွိမွာ ဟယ္ရီကိန္းဟာ စပါးကစားသမားျဖစ္ေနေပမယ့္ သူ႔လိုကမာၻ႔အဆင့္တိုက္စစ္မႉးတစ္ေယာက္ကို စာခ်ဳပ္သစ္ အတြက္ေဆြးေႏြးဖို႔အခ်ိန္က်ေနၿပီလို႔လည္း ကြန္တီကေျပာခဲ့ပါတယ္။

ဟယ္ရီကိန္းကို စာခ်ဳပ္သက္တမ္းဖို႔ ဆုံးျဖတ္ခ်က္ဟာ ႏွစ္ဦးႏွစ္ဖက္လုံးအတြက္ေကာင္းမြန္တဲ့ကိစၥျဖစ္ၿပီး သူေပ်ာ္႐ႊင္တာကိုျမင္ေနရဖို႔က အေရး ႀကီးဆုံးျဖစ္တယ္လို႔လည္းဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၁ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ

အသင္းေျပာင္းဖို႔ သတင္းေတြ ထြက္ခဲ့ၿပီးေနာက္ ဟယ္ရီကိန္းဟာ စာခ်ဳပ္သစ္သက္တမ္းတိုးဖို႔ကိစၥကို ႏႈတ္ဆိတ္ေနခဲ့တာျဖစ္ပါတယ္။ အသက္ ၂၉ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ဟယ္ရီကိန္းအေနနဲ႔ ကစားသမားဘဝ ေအာင္ျမင္မႈအေနနဲ႔

အျမင့္ဆုံးဆုဖလား တစ္ခုခုကို ကိုင္ေျမႇာက္ခြင့္ရဖို႔ ေမွ်ာ္လင့္ေနတာလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေနာ္တင္ဟမ္နဲ႔ပြဲစဥ္မွာ စပါးအတြက္ အႏိုင္ဂိုး ၂ဂိုးသြင္းယူခဲ့တဲ့ ဟယ္ရီကိန္းဟာ ပရီးမီးယားလိဂ္ အၿမဲတမ္းထိပ္တန္းဂိုးသြင္းသူေတြအျဖစ္ ရပ္တည္ ေနတဲ့

အလန္ရွီးယားနဲ႔ ႐ြန္နီတို႔ စံခ်ိန္ကိုမီဖို႔နီးကပ္လာတာလည္းျဖစ္ပါတယ္။ လက္ရွိမွာ ဟယ္ရီကိန္းရဲ႕ ပရီးမီး ယားလိဂ္သြင္းဂိုး စုစုေပါင္းမွာ ၁၈၇ ဂိုးရွိလာခဲ့ၿပီျဖစ္ၿပီး အလန္ရွီးယားက ဂိုး ၂၆၀၊ ႐ြန္နီက ၂၀၈ ဂိုး သြင္းထား ႏိုင္ခဲ့တာျဖစ္ပါတယ္။