
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှုးဟယ်ရီကိန်းကို ခေါ်ယူဖို့
မန်စီးတီးဘက်က ၄ ကြိမ်တိုင် ကမ်းလှမ်းမှုလုပ်ခဲ့ပေမယ့်
စပါးဘက်က ၄ ကြိမ်စလုံးပယ်ချခဲ့ကြောင်း ဂွါဒီယိုလာက ဖွင့်ဟလိုက်ပါတယ်။
အဲဒီအင်္ဂလန်အသင်းခေါင်းဆောင်ကို မခေါ်ယူနိုင်ခဲ့လို့
သူ့အသင်းရဲ့အခွင့်အရေးတွေထိခိုက်မှာကို စိုးရိမ်ခဲ့ကြောင်းလည်း
ဂွါဒီယိုလာက ဝန်ခံခဲ့ပါတယ်။
မန်စီးတီးဘက်က ဒီလိုအကြိမ်ကြိမ်ကမ်းလှမ်းမှုကို
စပါးအသင်းဥက္ကဌဒန်နီလီဗိုင်းက တင်းခံခဲ့ပြီး
သူတို့ရဲ့အဓိကကစားသမားကိုသာ ဆက်ထိန်းခဲ့တာပါ။
နောက်ဆုံးမှာ ၂၈ နှစ်အရွယ် အဲဒီတိုက်စစ်မှုးအတွက် စပါးဘက်က
ပေါင်းသန်း ၁၅၀ တောင်းတာကို မန်စီးတီးက ငြင်းဆန်ခဲ့လို့
အပြောင်းအရွှေ့ပုံပြင်အဆုံးသတ်သွားပါတယ်။
”ဟယ်ရီကိန်းမလာပေမယ့် အရာအားလုံးအဆင်ပြေသွားပြီလို့
အခုတော့ ပြောနိုင်ပြီပေါ့။ ဒါပေမဲ့ အဲဒီအချိန်ကတော့
ကျွန်တော်လည်း ဘယ်ကြိုသိမလဲ။ ကျွန်တော်တို့ ကြိုးစားခဲ့ပေမယ့်
စပါးဘက်က လက်မလွှတ်နိုင်ဘူးဆိုတာ ရှင်းလို့ ဖြစ်မလာခဲ့ပါဘူး။
ကျွန်တော်တို့ကမ်းလှမ်းမှုလုပ်ခဲ့တဲ့ ၂ ကြိမ်၊ ၃ ကြိမ်၊ ၄ ကြိမ်ရှိမယ်။
အဲဒါက ပြီးသွားပါပြီ”လို့ ဂွါဒီယိုလာက Daily Mail သတင်းစာကို ပြောခဲ့တာပါ။
ဒါ့အပြင် ဂွါဒီယိုလာက အဂူရိုနေရာ အစားထိုးနိုင်ခြင်းမရှိလို့
သူ့မှာ စိုးရိမ်မှုတွေရှိခဲ့ပေမယ့် အသင်းတာဝန်ရှိသူတွေကို
စောဒကမတက်ခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ
သူတို့ရဲ့အဓိကပစ်မှတ်ကို မခေါ်ယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာ
အကောင်းဆုံးဖြတ်သန်းနိုင်နေတာပါ။
လောလောဆယ် ပရီးမီးယားလိဂ်မှာ ၉ မှတ်ဖြတ်ဦးဆောင်နေတာ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ ဟယ်ရီကိန်းဟာ ဒီရာသီမှာ ရုန်းကန်နေရပြီး
ပရီးမီးယားလိဂ် ၂၁ ပွဲမှာ ၅ ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။
zawgyi
ဟယ္ရီကိန္းကို ေခၚယူဖို႔ ၄ ႀကိမ္ ကမ္းလွမ္း ၄ ႀကိမ္စလုံးပယ္ခ်ခဲ့ေၾကာင္း ဂြါဒီယိုလာ ဖြင့္ဟ
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ တိုက္စစ္မႈးဟယ္ရီကိန္းကို ေခၚယူဖို႔
မန္စီးတီးဘက္က ၄ ႀကိမ္တိုင္ ကမ္းလွမ္းမႈလုပ္ခဲ့ေပမယ့္
စပါးဘက္က ၄ ႀကိမ္စလုံးပယ္ခ်ခဲ့ေၾကာင္း ဂြါဒီယိုလာက ဖြင့္ဟလိုက္ပါတယ္။
အဲဒီအဂၤလန္အသင္းေခါင္းေဆာင္ကို မေခၚယူႏိုင္ခဲ့လို႔
သူ႔အသင္းရဲ႕အခြင့္အေရးေတြထိခိုက္မွာကို စိုးရိမ္ခဲ့ေၾကာင္းလည္း
ဂြါဒီယိုလာက ဝန္ခံခဲ့ပါတယ္။
မန္စီးတီးဘက္က ဒီလိုအႀကိမ္ႀကိမ္ကမ္းလွမ္းမႈကို
စပါးအသင္းဥကၠဌဒန္နီလီဗိုင္းက တင္းခံခဲ့ၿပီး
သူတို႔ရဲ႕အဓိကကစားသမားကိုသာ ဆက္ထိန္းခဲ့တာပါ။
ေနာက္ဆုံးမွာ ၂၈ ႏွစ္အ႐ြယ္ အဲဒီတိုက္စစ္မႈးအတြက္ စပါးဘက္က
ေပါင္းသန္း ၁၅၀ ေတာင္းတာကို မန္စီးတီးက ျငင္းဆန္ခဲ့လို႔
အေျပာင္းအေ႐ႊ႕ပုံျပင္အဆုံးသတ္သြားပါတယ္။
”ဟယ္ရီကိန္းမလာေပမယ့္ အရာအားလုံးအဆင္ေျပသြားၿပီလို႔
အခုေတာ့ ေျပာႏိုင္ၿပီေပါ့။ ဒါေပမဲ့ အဲဒီအခ်ိန္ကေတာ့
ကြၽန္ေတာ္လည္း ဘယ္ႀကိဳသိမလဲ။ ကြၽန္ေတာ္တို႔ ႀကိဳးစားခဲ့ေပမယ့္
စပါးဘက္က လက္မလႊတ္ႏိုင္ဘူးဆိုတာ ရွင္းလို႔ ျဖစ္မလာခဲ့ပါဘူး။
ကြၽန္ေတာ္တို႔ကမ္းလွမ္းမႈလုပ္ခဲ့တဲ့ ၂ ႀကိမ္၊ ၃ ႀကိမ္၊ ၄ ႀကိမ္ရွိမယ္။
အဲဒါက ၿပီးသြားပါၿပီ”လို႔ ဂြါဒီယိုလာက Daily Mail သတင္းစာကို ေျပာခဲ့တာပါ။
ဒါ့အျပင္ ဂြါဒီယိုလာက အဂူ႐ိုေနရာ အစားထိုးႏိုင္ျခင္းမရွိလို႔
သူ႔မွာ စိုးရိမ္မႈေတြရွိခဲ့ေပမယ့္ အသင္းတာဝန္ရွိသူေတြကို
ေစာဒကမတက္ခဲ့ေၾကာင္း ဆက္လက္ေျပာၾကားခဲ့ပါတယ္။
မန္စီးတီးဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ
သူတို႔ရဲ႕အဓိကပစ္မွတ္ကို မေခၚယူႏိုင္ခဲ့ေပမယ့္ ဒီရာသီမွာ
အေကာင္းဆုံးျဖတ္သန္းႏိုင္ေနတာပါ။
ေလာေလာဆယ္ ပရီးမီးယားလိဂ္မွာ ၉ မွတ္ျဖတ္ဦးေဆာင္ေနတာ ျဖစ္ပါတယ္။
တစ္ဖက္မွာေတာ့ ဟယ္ရီကိန္းဟာ ဒီရာသီမွာ ႐ုန္းကန္ေနရၿပီး
ပရီးမီးယားလိဂ္ ၂၁ ပြဲမွာ ၅ ဂိုးသာသြင္းႏိုင္ခဲ့ပါတယ္။