‘ဟပ်ချလောင်း’ ဆိုပြီး ဒါဘီကို ကယ်တင်ခဲ့တဲ့ ရူနီကို ချီးကျူးလိုက်တဲ့ ဂျရတ်

အကျပ်အတည်းတွေနဲ့ လုံးလည်ချာလည်လိုက်နေတဲ့ ဒါဘီအသင်း

တန်းမဆင်းရစေရေးအတွက် ကြိုးပမ်းပေးနေတဲ့ ဝိန်းရူနီကို

အက်စ်တွန်ဗီလာအသင်းနည်းပြ စတီဗင်ဂျရတ်ကချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

ရူနီနဲ့ ဂျရတ်တို့ဟာကစားသမားဘဝတုန်းက ကလပ်အဆင့်မှာ အင်္ဂလန်ရဲ့

အပြင်းထန်ဆုံးပြိုင်ဘက်နှစ်သင်းဖြစ်တဲ့ မန်ယူနဲ့ လီဗာပူးတို့မှ

ာပြိုင်ဘက်တွေအဖြစ်ရှိခဲ့ကြပေမယ့် အင်္ဂလန်အသင်းမှာတော့

အတူတွဲကစားကြပြီး ခင်မင်ကြသူတွေလည်းဖြစ်ပါတယ်။

ဒါဘီအသင်း ဟာအများသိကြပြီးဖြစ်တဲ့အတိုင်း ဘဏ္ဍာရေးပြဿနာတွေကြောင့်

၂၁ မှတ်လျှော့ခံထားရပြီး စက်တင်ဘာလကတည်းကလည်း ကလပ်ကို

အုပ်ချုပ်မှုအပြောင်းအလဲခံယူထားရတာပါ။ ဒါပေမယ့် ရူနီရဲ့ဦးဆောင်မှုနဲ့

ကြိုးပမ်းမှုကြောင့် ဒါဘီဟာ တန်းဆင်းဇုန်နဲ့လွတ်ဖို့ ၄ မှတ်သာ

လိုအပ်တော့တဲ့အထိ ဖြစ်လာတာပါ။ ရူနီဟာ ဒါဘီကိုကိုင်တွယ်ပြီး

နည်းပြအလုပ်ကိုပထမဆုံးအကြိမ်လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့်

သူ့ရဲ့အားထုတ်မှုတွေဟာ မယုံနိုင်စရာတောင်ကောင်းနေတယ်လို့

ဂျရတ်ကဆိုခဲ့ပါတယ်။ ဂျရတ်က” ရူနီအတွက်တော့ နည်းပြဘဝရဲ့

ပထမဆုံးအလုပ် ဖြစ်ပေမယ့် ဒါဘီရဲ့ရပ်တည်မှုကိုကြည့်ရင် တကယ့်ကို

မယုံနိုင်စရာကောင်းအောင်သူစွမ်းဆောင်ပြထားတာကို တွေ့ရမှာပါ။

အကယ်လို့များ သူဟာဦးထုပ်ထဲကနေ ယုန်တစ်ကောင်ကိုထုတ်ပြပြီး

ဒါဘီကိုတန်းမဆင်းစေရအောင် စွမ်းဆောင်နိုင်မယ်ဆိုရင်

ကျွန်တော်မြင်ခဲ့သမျှတွေထဲမှာ အကောင်းဆုံးသောလုပ်ဆောင်မှုတစ်ခု

ဖြစ်လာမှာပါ။ ဒီလိုပြောရတာကလည်း သူနဲ့ကျွန်တော်သူငယ်ချင်းတွေ

ဖြစ်နေလို့ မဟုတ်ပါဘူး။

နည်းပြအချင်းချင်းရဲ့ ရိုးသားတဲ့အမြင်ကိုပြောတာပါ။

ကြားနေတဲ့သူ တိုင်းကလည်း ဒါဘီရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်တဲ့

အခြေအနေတစ်ရပ်ကိုဘဲ မြင်လိုကြတာပါ။ ဒါကိုဖြေရှင်းနိုင်တာ ရူနီနဲ့

သူ့နားကနည်းပြအဖွဲ့တွေဘဲဖြစ်ပါတယ်။ သူ့ကိုအရမ်းလေးစားတဲ့သူအနေနဲ့

ထိုက်တန်တဲ့အားပေးမှုနဲ့ လိုအပ်ချက်ကို ရစေလိုတဲ့ ဆန္ဒလည်းရှိထားပါတယ်” လို့

ပြောသွားပါတယ်။

Zawgyi

‘ဟပ္ခ်ေလာင္း’ ဆိုၿပီး ဒါဘီကို ကယ္တင္ခဲ့တဲ့ ႐ူနီကို ခ်ီးက်ဴးလိုက္တဲ့ ဂ်ရတ္

အက်ပ္အတည္းေတြနဲ႔ လုံးလည္ခ်ာလည္လိုက္ေနတဲ့ ဒါဘီအသင္း

တန္းမဆင္းရေစေရးအတြက္ ႀကိဳးပမ္းေပးေနတဲ့ ဝိန္း႐ူနီကို

အက္စ္တြန္ဗီလာအသင္းနည္းျပ စတီဗင္ဂ်ရတ္ကခ်ီးက်ဴးဂုဏ္ျပဳလိုက္ပါတယ္။

႐ူနီနဲ႔ ဂ်ရတ္တို႔ဟာကစားသမားဘဝတုန္းက ကလပ္အဆင့္မွာ အဂၤလန္ရဲ႕

အျပင္းထန္ဆုံးၿပိဳင္ဘက္ႏွစ္သင္းျဖစ္တဲ့ မန္ယူနဲ႔ လီဗာပူးတို႔မွ

ာၿပိဳင္ဘက္ေတြအျဖစ္ရွိခဲ့ၾကေပမယ့္ အဂၤလန္အသင္းမွာေတာ့

အတူတြဲကစားၾကၿပီး ခင္မင္ၾကသူေတြလည္းျဖစ္ပါတယ္။

 

ဒါဘီအသင္း ဟာအမ်ားသိၾကၿပီးျဖစ္တဲ့အတိုင္း ဘ႑ာေရးျပႆနာေတြေၾကာင့္

၂၁ မွတ္ေလွ်ာ့ခံထားရၿပီး စက္တင္ဘာလကတည္းကလည္း ကလပ္ကို

အုပ္ခ်ဳပ္မႈအေျပာင္းအလဲခံယူထားရတာပါ။ ဒါေပမယ့္ ႐ူနီရဲ႕ဦးေဆာင္မႈနဲ႔

ႀကိဳးပမ္းမႈေၾကာင့္ ဒါဘီဟာ တန္းဆင္းဇုန္နဲ႔လြတ္ဖို႔ ၄ မွတ္သာ

လိုအပ္ေတာ့တဲ့အထိ ျဖစ္လာတာပါ။ ႐ူနီဟာ ဒါဘီကိုကိုင္တြယ္ၿပီး

နည္းျပအလုပ္ကိုပထမဆုံးအႀကိမ္လုပ္ေဆာင္ခဲ့တာျဖစ္ေပမယ့္

သူ႔ရဲ႕အားထုတ္မႈေတြဟာ မယုံႏိုင္စရာေတာင္ေကာင္းေနတယ္လို႔

ဂ်ရတ္ကဆိုခဲ့ပါတယ္။ ဂ်ရတ္က” ႐ူနီအတြက္ေတာ့ နည္းျပဘဝရဲ႕

ပထမဆုံးအလုပ္ ျဖစ္ေပမယ့္ ဒါဘီရဲ႕ရပ္တည္မႈကိုၾကည့္ရင္ တကယ့္ကို

မယုံႏိုင္စရာေကာင္းေအာင္သူစြမ္းေဆာင္ျပထားတာကို ေတြ႕ရမွာပါ။

အကယ္လို႔မ်ား သူဟာဦးထုပ္ထဲကေန ယုန္တစ္ေကာင္ကိုထုတ္ျပၿပီး

ဒါဘီကိုတန္းမဆင္းေစရေအာင္ စြမ္းေဆာင္ႏိုင္မယ္ဆိုရင္

ကြၽန္ေတာ္ျမင္ခဲ့သမွ်ေတြထဲမွာ အေကာင္းဆုံးေသာလုပ္ေဆာင္မႈတစ္ခု

ျဖစ္လာမွာပါ။ ဒီလိုေျပာရတာကလည္း သူနဲ႔ကြၽန္ေတာ္သူငယ္ခ်င္းေတြ

ျဖစ္ေနလို႔ မဟုတ္ပါဘူး။

 

နည္းျပအခ်င္းခ်င္းရဲ႕ ႐ိုးသားတဲ့အျမင္ကိုေျပာတာပါ။

ၾကားေနတဲ့သူ တိုင္းကလည္း ဒါဘီရဲ႕ျပႆနာေတြကိုေျဖရွင္းႏိုင္တဲ့

အေျခအေနတစ္ရပ္ကိုဘဲ ျမင္လိုၾကတာပါ။ ဒါကိုေျဖရွင္းႏိုင္တာ ႐ူနီနဲ႔

သူ႔နားကနည္းျပအဖြဲ႕ေတြဘဲျဖစ္ပါတယ္။ သူ႔ကိုအရမ္းေလးစားတဲ့သူအေနနဲ႔

ထိုက္တန္တဲ့အားေပးမႈနဲ႔ လိုအပ္ခ်က္ကို ရေစလိုတဲ့ ဆႏၵလည္းရွိထားပါတယ္” လို႔

ေျပာသြားပါတယ္။