ဟန်ဒါဆင်၊ ဂရီးလစ်ရှ်အပါအဝင် အင်္ဂလန်ကစားသမား(၅)ဦး ဆန်မာရီနိုနဲ့ပွဲလူစာရင်းကနေ နုတ်ထွက်

အင်္ဂလန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲအဖြစ်

ဆန်မာရီနိုနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲအတွက်လူစာရင်းကနေ

ဟန်ဒါဆင်၊ ဂရီးလစ်ရှ်၊ စတာလင်တို့အပါအဝင် ကစားသမား(၅)ဦးအထိ

နုတ်ထွက်သွားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အယ်လ်ဘေးနီးယားနဲ့ကစားခဲ့တဲ့ပွဲမှာ

အင်္ဂလန်အသင်း (၅-၀)ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် လာမယ့်ဆန်မာရီနိုနဲ့ပွဲမှာ

သရေတစ်မှတ်ရတာနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး

ဆန်မာရီနိုအသင်းဟာ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ နောက်ဆုံးအဖြစ်

အဆင့်(၂၁၀)နေရာမှာသာရပ်တည်နေတဲ့အပြင် (၂၉)နှစ်အတွင်း

အဓိကနိုင်ငံတကာပြိုင်ပွဲတွေမှာ တစ်ပွဲမှမနိုင်သေးတာကြောင့်

အင်္ဂလန်အသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားမှာသေချာပေါက်မြင်တွေ့ရတော့မှာပါ။

ဒါပေမဲ့ အင်္ဂလန်အသင်းရဲ့အဓိက,ကစားသမားတချို့က အသင်းလူစာရင်းကနေ

နုတ်ထွက်သွားတာကြောင့် ဆောက်ဂိတ်အနေနဲ့ အဲဒီကစားသမားတွေရဲ့နေရာမှာ

အစားထိုးဖို့ စီစဉ်နေရပြီဖြစ်ပါတယ်။ အင်္ဂလန်အသင်းကစားသမားနှစ်ဦးဖြစ်တဲ့

ဟန်ဒါဆင်နဲ့ ဂရီးလစ်ရှ်တို့ဟာ ဒဏ်ရာပြဿနာတွေကြောင့်

အသင်းလူစာရင်းကနေနုတ်ထွက်ပြီး သူတို့ရဲ့ကလပ်အသင်းတွေဖြစ်တဲ့

လီဗာပူးလ်၊ မန်စီးတီးအသင်းတို့ဆီ ပြန်သွားပါပြီ။ ဒါ့အပြင်

တောင်ပံတိုက်စစ်ကစားသမားစတာလင်ကလည်း ပုဂ္ဂိုလ်ရေးကိစ္စကြောင့်

အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့သလို ပြီးခဲ့တဲ့အယ်လ်ဘေးနီးယားနဲ့ပွဲတုန်းက

မပါဝင်နိုင်ခဲ့တဲ့ မေဆင်မောင့်၊ လုခ်ရှောတို့ဟာ ဆန်မာရီနိုနဲ့ပွဲကို

ဆက်လက်လွဲချော်မှာဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ ခြေစစ်ပွဲတွေမတိုင်ခင်က

အသင်းလူစာရင်းမှာ ဒီကလန်ရိုက်စ်၊ ရပ်ရှ်ဖို့ဒ်၊ ဝက်ဒ်ပရောက်စ်တို့ကို

ရွေးချယ်ခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် အယ်လ်ဘေးနီးယားနဲ့

ပွဲမတိုင်ခင်ကတည်းက အဲဒီကစားသမား(၃)ဦးစလုံး လူစာရင်းတွေကနေ

နုတ်ထွက်ခဲ့တာပါ။ အခုလောလောဆယ် ဆောက်ဂိတ်က ပဲလေ့စ်အသင်းမှာ

အငှားနဲ့ကစားပြီးခြေစွမ်းပြနေတဲ့ ချယ်လ်ဆီးလူငယ်ကွင်းလယ်လူ

ကော်နာဂယ်လက်ဂါ(၂၁နှစ်)ကို စီနီယာအသင်းအတွက်

ပထမဆုံးအကြိမ်ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။

zawgyi

ဟန္ဒါဆင္၊ ဂရီးလစ္ရွ္အပါအဝင္ အဂၤလန္ကစားသမား(၅)ဦး ဆန္မာရီႏိုနဲ႔ပြဲလူစာရင္းကေန ႏုတ္ထြက္

အဂၤလန္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအုပ္စုေနာက္ဆုံးပြဲအျဖစ္

ဆန္မာရီႏိုနဲ႔ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အဲဒီပြဲအတြက္လူစာရင္းကေန

ဟန္ဒါဆင္၊ ဂရီးလစ္ရွ္၊ စတာလင္တို႔အပါအဝင္ ကစားသမား(၅)ဦးအထိ

ႏုတ္ထြက္သြားၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ အယ္လ္ေဘးနီးယားနဲ႔ကစားခဲ့တဲ့ပြဲမွာ

အဂၤလန္အသင္း (၅-၀)ဂိုးျပတ္အႏိုင္ရခဲ့တာေၾကာင့္ လာမယ့္ဆန္မာရီႏိုနဲ႔ပြဲမွာ

သေရတစ္မွတ္ရတာနဲ႔ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္မွာျဖစ္ၿပီး

ဆန္မာရီႏိုအသင္းဟာ ဖီဖာကမာၻ႔အဆင့္သတ္မွတ္ခ်က္မွာ ေနာက္ဆုံးအျဖစ္

အဆင့္(၂၁၀)ေနရာမွာသာရပ္တည္ေနတဲ့အျပင္ (၂၉)ႏွစ္အတြင္း

အဓိကႏိုင္ငံတကာၿပိဳင္ပြဲေတြမွာ တစ္ပြဲမွမႏိုင္ေသးတာေၾကာင့္

အဂၤလန္အသင္းကို ၂၀၂၂ ကမာၻ႔ဖလားမွာေသခ်ာေပါက္ျမင္ေတြ႕ရေတာ့မွာပါ။

ဒါေပမဲ့ အဂၤလန္အသင္းရဲ႕အဓိက,ကစားသမားတခ်ိဳ႕က အသင္းလူစာရင္းကေန

ႏုတ္ထြက္သြားတာေၾကာင့္ ေဆာက္ဂိတ္အေနနဲ႔ အဲဒီကစားသမားေတြရဲ႕ေနရာမွာ

အစားထိုးဖို႔ စီစဥ္ေနရၿပီျဖစ္ပါတယ္။ အဂၤလန္အသင္းကစားသမားႏွစ္ဦးျဖစ္တဲ့

ဟန္ဒါဆင္နဲ႔ ဂရီးလစ္ရွ္တို႔ဟာ ဒဏ္ရာျပႆနာေတြေၾကာင့္

အသင္းလူစာရင္းကေနႏုတ္ထြက္ၿပီး သူတို႔ရဲ႕ကလပ္အသင္းေတြျဖစ္တဲ့

လီဗာပူးလ္၊ မန္စီးတီးအသင္းတို႔ဆီ ျပန္သြားပါၿပီ။ ဒါ့အျပင္

ေတာင္ပံတိုက္စစ္ကစားသမားစတာလင္ကလည္း ပုဂၢိဳလ္ေရးကိစၥေၾကာင့္

အသင္းလူစာရင္းကေန ႏုတ္ထြက္ခဲ့သလို ၿပီးခဲ့တဲ့အယ္လ္ေဘးနီးယားနဲ႔ပြဲတုန္းက

မပါဝင္ႏိုင္ခဲ့တဲ့ ေမဆင္ေမာင့္၊ လုခ္ေရွာတို႔ဟာ ဆန္မာရီႏိုနဲ႔ပြဲကို

ဆက္လက္လြဲေခ်ာ္မွာျဖစ္ပါတယ္။ ေဆာက္ဂိတ္ဟာ ေျခစစ္ပြဲေတြမတိုင္ခင္က

အသင္းလူစာရင္းမွာ ဒီကလန္႐ိုက္စ္၊ ရပ္ရွ္ဖို႔ဒ္၊ ဝက္ဒ္ပေရာက္စ္တို႔ကို

ေ႐ြးခ်ယ္ခဲ့ေပမယ့္ ဒဏ္ရာျပႆနာေတြေၾကာင့္ အယ္လ္ေဘးနီးယားနဲ႔

ပြဲမတိုင္ခင္ကတည္းက အဲဒီကစားသမား(၃)ဦးစလုံး လူစာရင္းေတြကေန

ႏုတ္ထြက္ခဲ့တာပါ။ အခုေလာေလာဆယ္ ေဆာက္ဂိတ္က ပဲေလ့စ္အသင္းမွာ

အငွားနဲ႔ကစားၿပီးေျခစြမ္းျပေနတဲ့ ခ်ယ္လ္ဆီးလူငယ္ကြင္းလယ္လူ

ေကာ္နာဂယ္လက္ဂါ(၂၁ႏွစ္)ကို စီနီယာအသင္းအတြက္

ပထမဆုံးအႀကိမ္ေ႐ြးခ်ယ္လိုက္ၿပီျဖစ္ပါတယ္။