ဆာလက်ဟာ လီဗာပူးအသင်းရဲ့ထိပ်တန်းကစားသမားဖြစ်ပေမဲ့
လတ်တလောမတည်ငြိမ်တဲ့တိုက်စစ်ကြောင့်ရုန်းကန်နေရတယ်လို့
နည်းပြကလော့ပ်က ဖွင့်ဟလိုက်ပါတယ်။ အီဂျစ်သားဟာ
နောက်ဆုံး ၆ပွဲမှာ တစ်ဂိုးသာသွင်းနိုင်ခဲ့တဲ့နောက် သူနဲ့ပက်သတ်တဲ့
အကြောင်းအရာတွေကို ကလော့ပ်ကလူသိရှင်ကြားပြောဆိုလိုက်တာ
ဖြစ်တယ်။ မာနေးကို ရောင်းထုတ်ခဲ့ပြီးနောက် ဆာလက်ဟာ
လီဗာပူးတိုက်စစ်မှာ ဂျိုတာ၊ ဒိုင်ယက်ဇ်၊ ဒါဝင်းနူးနက်ဇ်နဲ့ ဂတ်ပိုတို့လို
ကစားသမားသစ်တွေနဲ့တွဲဖက်ခဲ့ရတဲ့နောက် သူ့ရဲ့ဂိုးသွင်းနှုန်းက
သိသိသာသာလျော့ကျသွားခဲ့ပါတယ်။ “တိုက်စစ် ၃ယောက်တန်းက
တကယ့်စက်တစ်လုံးဖြစ်တယ်၊ ငါတို့ ဘာလုပ်နေသလဲဆိုတာ
အားလုံးရှင်းရှင်းလင်းလင်းသိပြီးသားပဲ။ လူတိုင်း ဒုက္ခရောက်နေကြတာ
ရှင်းပါတယ်” လို့ ကလော့ပ် ဖွင့်ဟခဲ့ပါတယ်။ ဆာလက်နဲ့ပက်သတ်လို့တော့
ဂျာမန်သားက “ဆာလက်ဟာ မကြာသေးခင်နှစ်တွေမှာ ရာနဲ့ချီတဲ့
ဂိုးတွေသွင်းခဲ့တယ်။ ဂိုးမသွင်းနိုင်တော့တဲ့အခါလူတွေက အဲ့ဒါကို
အရင်ဆုံးတွေးကြတယ်၊ ဒါက လောလောဆယ်မှာ ကျွန်တော်တို့ရဲ့
ပြဿနာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အီးလီးယော့နဲ့အတူ
ရာသီဝက်ကိုစတင်ခဲ့တယ်၊ ဟန်ဒါဆန်လာည်းအရင်နဲ့မတူတော့ဘူး၊
အခု နဘီကီတာပါ။ အချိန်တိုင်းကွဲပြားမှုရှိနိုင်တဲ့နေရာမှာ
အများသောအားဖြင့်အခြေခံပြန်တည်ဆောက်ဖို့အတွက်
ကျွန်တော်တို့မှာမရှိပါဘူး။ အခုကျွန်တော်တို့မှာ ဂတ်ပိုရှိလာတယ်၊
တကယ့်အရေးကြီးတဲ့လက်နက်တစ်ခု၊ ချိတ်ဆက်ကိရိယာတစ်ခု၊
တောင်ပံတိုက်စစ်နဲ့ ဗဟိုတိုက်စစ်မှူးအဖြစ်ကစားနိုင်တယ်” လို့ ဆိုခဲ့ပါတယ်။
zawgyi
ဟန်ချက်မညီတဲ့တိုက်စစ်ကြောင့် ဆာလက်တိုင်ပတ်နေတယ်လို့ ကလော့ပ် ဖွင့်ဟလိုက်