ဟက်ထရစ်သွင်းရင်း ခြေစွမ်းတွေပြနေတဲ့ ဂတ်ပို ကို ယူနိုက်တက် လက်လွှတ်တော့မှာလား

တန်ဟတ်ကယူနိုက်တက်ရဲ့ နွေရာသီ အပြောင်းအရွှေ့ပြီးဆုံးပြီဆိုပြီးအင်တာဗျူးမှာ ပြောကြားခဲ့သလို

အပြောင်းအရွှေ့ ပိတ်သိမ်းဖို့ အချိန်ကလည်း (၁၂)နာရီတောင် မကျန်တော့တဲ့အချိန်မှာ

ပီအက်စ်ဗွီ တိုက်စစ်မှူး ကိုဒီ ဂတ်ပိုက ဗော်လန်ဒမ် ကို ( ၇-၁ ) အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ

ဟက်ထရစ်သွင်းယူပြီး သူ့ရဲ့စွမ်းဆောင်ရည်တွေကိုပြသသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ အန်တိုနီအတွက် ယူရိုသန်း (၁၀၀ ) အသုံးပြုပြီးနောက် အပြောင်းအရွေ့ သတင်းတွေက လုံးဝ ရပ်တန့်သွားခဲ့ပေမယ့်

The Telegraph သတင်းဌာနကတော့ ယူနိုက်တက်ဟာ ပီအက်စ်ဗွီ တိုက်စစ်မှူး ကိုဒီ ဂတ်ပိုအတွက်

ပေါင် ( ၃၄ ) သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ ရေးသားခဲ့ပါတယ်။

ဂတ်ပိုဟာ ယူနိုက်တက်က သူ့ကို ‌ခေါ်ယူဖို့ အစီအစဉ်ကို ရပ်တန့်လိုက်တဲ့အပေါ် စိတ်ပျက်နေမိကြောင်း သိရပါတယ်။

ဒါပေမယ့် သူဟာ ဒီအအြေနေကနေအကောင်းဆုံးတုန့်ပြန်မှုပြုလုပ်ခဲ့နိုင်တာကို မနေ့ညက ဗော်လန်ဒမ်နဲ့ ပွဲမှာ တွေ့ခဲ့ရပါတယ်။

ဂတ်ပိုရဲ့ ပထမဂိုးက ပင်နယ်တီဖြစ်ပေမယ့် ကျန်တဲ့ ( ၂ ) ဂိုးကို ကစားကွက်ကနေတစ်ဆင့် ရရှိခဲ့တာဖြစ်ပါတယ်။

( ၅၁ ) မိနစ်မှာပဲ ဟက်ထရစ်ရခဲ့တာကြောင့် ပီအက်စ်ဗွီအသင်းက ( ၆၃ ) မိနစ်မှာ ဂတ်ပိုကို လူစားလဲလိုက်ပါတယ်။

ဂတ်ပိုကတော့ အပြောင်းအရွေ့ မပိတ်ခင် အသင်းပြောင်းရွေ့ခွင့်ရဖို့ အစွမ်းကုန် စွမ်းဆောင်ပြနေတယ်လို့ဆိုရမှာဖြစ်ပြီး

ဒီရာသီ နယ်သာလန်ပြည်တွင်းလိဂ် ( ၄ ) ပွဲမှာပဲ ( ၆ ) ဂိုးသွင်း ( ၃ ) ဂိုး ဖန်တီးပေးထားပါတယ်။

ဂတ်ပိုရဲ့ခြေစွမ်းကို သဘောကျနေပြီး ခေါ်ယူလိုနေတဲ့ ပရီမီးယားလိဂ်အသင်းတွေထဲမှာ

ယူနိုက်တက်ရဲ့ ပြိုင်ဘက်ဟောင်း အာဆင်နယ်လည်းပါဝင်လာနေပြီလို့

football.london ရဲ့ နောက်ဆုံးရသတင်တွေမှာဖော်ပြလာပါတယ်။

zawgyi

ဟက္ထရစ္သြင္းရင္း ေျခစြမ္းေတြျပ ေနတဲ့ ဂတ္ပို ကို ယူႏိုက္တက္ လက္လႊတ္ေတာ့မွာလား

တန္ဟတ္ကယူႏိုက္တက္ရဲ႕ ေႏြရာသီ အေျပာင္းအေ႐ႊ႕ၿပီးဆုံးၿပီဆိုၿပီးအင္တာဗ်ဴးမွာ ေျပာၾကားခဲ့သလို

အေျပာင္းအေ႐ႊ႕ ပိတ္သိမ္းဖို႔ အခ်ိန္ကလည္း (၁၂)နာရီေတာင္ မက်န္ေတာ့တဲ့အခ်ိန္မွာ

ပီအက္စ္ဗြီ တိုက္စစ္မႉး ကိုဒီ ဂတ္ပိုက ေဗာ္လန္ဒမ္ ကို ( ၇-၁ ) အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ

ဟက္ထရစ္သြင္းယူၿပီး သူ႔ရဲ႕စြမ္းေဆာင္ရည္ေတြကိုျပသသြားခဲ့ပါတယ္။

ယူႏိုက္တက္ဟာ အန္တိုနီအတြက္ ယူ႐ိုသန္း (၁၀၀ ) အသုံးျပဳၿပီးေနာက္ အေျပာင္းအေ႐ြ႕ သတင္းေတြက လုံးဝ ရပ္တန႔္သြားခဲ့ေပမယ့္

The Telegraph သတင္းဌာနကေတာ့ ယူႏိုက္တက္ဟာ ပီအက္စ္ဗြီ တိုက္စစ္မႉး ကိုဒီ ဂတ္ပိုအတြက္

ေပါင္ ( ၃၄ ) သန္းနဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ ေရးသားခဲ့ပါတယ္။

ဂတ္ပိုဟာ ယူႏိုက္တက္က သူ႔ကို ‌ေခၚယူဖို႔ အစီအစဥ္ကို ရပ္တန႔္လိုက္တဲ့အေပၚ စိတ္ပ်က္ေနမိေၾကာင္း သိရပါတယ္။

ဒါေပမယ့္ သူဟာ ဒီအေျအေနကေနအေကာင္းဆုံးတုန႔္ျပန္မႈျပဳလုပ္ခဲ့ႏိုင္တာကို မေန႔ညက ေဗာ္လန္ဒမ္နဲ႔ ပြဲမွာ ေတြ႕ခဲ့ရပါတယ္။

ဂတ္ပိုရဲ႕ ပထမဂိုးက ပင္နယ္တီျဖစ္ေပမယ့္ က်န္တဲ့ ( ၂ ) ဂိုးကို ကစားကြက္ကေနတစ္ဆင့္ ရရွိခဲ့တာျဖစ္ပါတယ္။

( ၅၁ ) မိနစ္မွာပဲ ဟက္ထရစ္ရခဲ့တာေၾကာင့္ ပီအက္စ္ဗြီအသင္းက ( ၆၃ ) မိနစ္မွာ ဂတ္ပိုကို လူစားလဲလိုက္ပါတယ္။

ဂတ္ပိုကေတာ့ အေျပာင္းအေ႐ြ႕ မပိတ္ခင္ အသင္းေျပာင္းေ႐ြ႕ခြင့္ရဖို႔ အစြမ္းကုန္ စြမ္းေဆာင္ျပေနတယ္လို႔ဆိုရမွာျဖစ္ၿပီး

ဒီရာသီ နယ္သာလန္ျပည္တြင္းလိဂ္ ( ၄ ) ပြဲမွာပဲ ( ၆ ) ဂိုးသြင္း ( ၃ ) ဂိုး ဖန္တီးေပးထားပါတယ္။

ဂတ္ပိုရဲ႕ေျခစြမ္းကို သေဘာက်ေနၿပီး ေခၚယူလိုေနတဲ့ ပရီမီးယားလိဂ္အသင္းေတြထဲမွာ

ယူႏိုက္တက္ရဲ႕ ၿပိဳင္ဘက္ေဟာင္း အာဆင္နယ္လည္းပါဝင္လာေနၿပီလို႔

football.london ရဲ႕ ေနာက္ဆုံးရသတင္ေတြမွာေဖာ္ျပလာပါတယ္။