ဟက်ထရစ်သွင်းပြီး ဝင်းဂါးကို အခုထိခြောက်လှန့်နိုင်တဲ့ ဒရော့ဘာ

ရန်ပုံငွေပွဲတစ်ပွဲမှာ ဟက်ထရစ်သွင်းခဲ့ပြီးတဲ့နောက် ချဲလ်ဆီးဂန္ထဝင်

ဒရော့ဘာတစ်ယောက် သူ့မှာ ဂိုးသွင်းအရည်အသွေးရှိနေသေးကြောင်း ပြနိုင်ခဲ့ပါတယ်။

ဖြစ်ချင်တော့ သူဟက်ထရစ်သွင်းခဲ့တဲ့ပြိုင်ဘက်ဟာ အာဆင်နယ်ဂန္ထဝင်

နည်းပြဟောင်းဝင်းဂါးကိုင်တဲ့အသင်ဖြစ်နေပါတယ်။

ဝင်းဂါးဟာ အာဆင်နယ်ကိုကိုင်တွယ်ခဲ့စဉ်တုန်းက ဒရော့ဘာရဲ့

ခြောက်လှန့်ခြင်းကို အမြဲခံခဲ့ရပြီး အဲဒီအိုင်ဗရီကို့စ်သားက ဂန်းနားတွေနဲ့

သူ့ရဲ့၁၆ ပွဲမှာ ၁၅ ဂိုးသွင်းနိုင်ခဲ့တာပါ။

အခုလည်း ဝင်းဂါးဟာ ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေအဖွဲ့

UNICEF XI အသင်းကိုကိုင်တွယ်ပြီး မာဆေးဂန္ထဝင်အသင်းနဲ့

ကစားခဲ့တာဖြစ်ကာ ဒရော့ဘာရဲ့ခြောက်လှန့်ခြင်းကို နောက်တစ်ကြိမ်ရင်ဆိုင်ခဲ့ရတာပါ။

ဒရော့ဘာဟာ လွန်ခဲ့တဲ့ ၃ နှစ်ကမှ ကစားသမားဘဝကနေ

အနားယူခဲ့တာဖြစ်ပေမယ့် ဂိုးပေါက်ရှေ့မှာ အခုထိခြေတွေ့နေတုန်းပါပဲ။

၂၀၁၈ နောက်ပိုင်း သူ့ရဲ့ပထမဆုံးပွဲမှာ ဝင်းဂါးရဲ့အသင်းဟာ ၂-၁ ဂိုးနဲ့

ဦးဆောင်နိုင်နေပေမယ့် အဲဒီနောက်ပိုင်း ဒရော့ဘာရဲ့ ၃ ဂိုးသွင်းယူခြင်းကို ခံခဲ့ရပါတယ်။

အဆုံးသတ်မှာတော့ ဒရော့ဘာရဲ့ ၃ ဂိုးကြောင့် မာဆေးဂန္ထဝင်အသင်းဟာ

၇-၄ ဂိုးနဲ့ အနိုင်ရသွားခဲ့ပြီး အဲဒါက ဝင်းဂါးကို ရှုံ့မဲ့သွားစေနိုင်မယ့်ရလဒ်တစ်ခုပါပဲ။

တတိယဂိုးသွင်းအပြီးမှာ ဒရော့ဘာဟာ သူ့ရဲ့ကိုင်ပိုင်အောင်ပွဲခံပုံစံအတိုင်း

အောင်ပွဲခံခဲ့လို့ ကွင်းအတွင်းက ပရိသတ်တွေ ကျေနပ်အားရဖြစ်သွားခဲ့ကြတယ်။

အဲဒီပွဲမှာ ဝင်းဂါးလက်ထက် အာဆင်နယ်ဂန္ထဝင်ဟောင်းတွေဖြစ်တဲ့

ရောဘတ်ပီးရက်စ်၊ ဖလာမီနီ၊ နာဆရီနဲ့ ယန်လေမန်းတို့လည်း ပါဝင်ကစားခဲ့ကြပါတယ်။

၂၀၀၄ က မာဆေးမှာ ကစားသမားဘဝစတင်ခဲ့တဲ့နာဆရီဆိုရင်

အသက် ၃၄ နှစ်အရွယ် လွန်ခဲ့တဲ့ နှစ်ပတ်ကမှ ကစားသမားဘဝက

အနားယူတာဖြစ်ပေမယ့် သူ့ပုံစံက ဗိုက်ရွှဲရွှဲနဲ့ ကိုယ်အလေးချိန်တိုးနေပုံရပါတယ်။

zawgyi

ဟက္ထရစ္သြင္းၿပီး ဝင္းဂါးကို အခုထိေျခာက္လွန႔္ႏိုင္တဲ့ ဒေရာ့ဘာ

ရန္ပုံေငြပြဲတစ္ပြဲမွာ ဟက္ထရစ္သြင္းခဲ့ၿပီးတဲ့ေနာက္ ခ်ဲလ္ဆီးဂႏၴဝင္

ဒေရာ့ဘာတစ္ေယာက္ သူ႔မွာ ဂိုးသြင္းအရည္အေသြးရွိေနေသးေၾကာင္း ျပႏိုင္ခဲ့ပါတယ္။

ျဖစ္ခ်င္ေတာ့ သူဟက္ထရစ္သြင္းခဲ့တဲ့ၿပိဳင္ဘက္ဟာ အာဆင္နယ္ဂႏၴဝင္

နည္းျပေဟာင္းဝင္းဂါးကိုင္တဲ့အသင္ျဖစ္ေနပါတယ္။

ဝင္းဂါးဟာ အာဆင္နယ္ကိုကိုင္တြယ္ခဲ့စဥ္တုန္းက ဒေရာ့ဘာရဲ႕

ေျခာက္လွန႔္ျခင္းကို အၿမဲခံခဲ့ရၿပီး အဲဒီအိုင္ဗရီကို႔စ္သားက ဂန္းနားေတြနဲ႔

သူ႔ရဲ႕၁၆ ပြဲမွာ ၁၅ ဂိုးသြင္းႏိုင္ခဲ့တာပါ။

အခုလည္း ဝင္းဂါးဟာ ကုလသမဂၢကေလးသူငယ္မ်ားရန္ပုံေငြအဖြဲ႕

UNICEF XI အသင္းကိုကိုင္တြယ္ၿပီး မာေဆးဂႏၴဝင္အသင္းနဲ႔

ကစားခဲ့တာျဖစ္ကာ ဒေရာ့ဘာရဲ႕ေျခာက္လွန႔္ျခင္းကို ေနာက္တစ္ႀကိမ္ရင္ဆိုင္ခဲ့ရတာပါ။

ဒေရာ့ဘာဟာ လြန္ခဲ့တဲ့ ၃ ႏွစ္ကမွ ကစားသမားဘဝကေန

အနားယူခဲ့တာျဖစ္ေပမယ့္ ဂိုးေပါက္ေရွ႕မွာ အခုထိေျခေတြ႕ေနတုန္းပါပဲ။

၂၀၁၈ ေနာက္ပိုင္း သူ႔ရဲ႕ပထမဆုံးပြဲမွာ ဝင္းဂါးရဲ႕အသင္းဟာ ၂-၁ ဂိုးနဲ႔

ဦးေဆာင္ႏိုင္ေနေပမယ့္ အဲဒီေနာက္ပိုင္း ဒေရာ့ဘာရဲ႕ ၃ ဂိုးသြင္းယူျခင္းကို ခံခဲ့ရပါတယ္။

အဆုံးသတ္မွာေတာ့ ဒေရာ့ဘာရဲ႕ ၃ ဂိုးေၾကာင့္ မာေဆးဂႏၴဝင္အသင္းဟာ

၇-၄ ဂိုးနဲ႔ အႏိုင္ရသြားခဲ့ၿပီး အဲဒါက ဝင္းဂါးကို ရႈံ႕မဲ့သြားေစႏိုင္မယ့္ရလဒ္တစ္ခုပါပဲ။

တတိယဂိုးသြင္းအၿပီးမွာ ဒေရာ့ဘာဟာ သူ႔ရဲ႕ကိုင္ပိုင္ေအာင္ပြဲခံပုံစံအတိုင္း

ေအာင္ပြဲခံခဲ့လို႔ ကြင္းအတြင္းက ပရိသတ္ေတြ ေက်နပ္အားရျဖစ္သြားခဲ့ၾကတယ္။

အဲဒီပြဲမွာ ဝင္းဂါးလက္ထက္ အာဆင္နယ္ဂႏၴဝင္ေဟာင္းေတြျဖစ္တဲ့

ေရာဘတ္ပီးရက္စ္၊ ဖလာမီနီ၊ နာဆရီနဲ႔ ယန္ေလမန္းတို႔လည္း ပါဝင္ကစားခဲ့ၾကပါတယ္။

၂၀၀၄ က မာေဆးမွာ ကစားသမားဘဝစတင္ခဲ့တဲ့နာဆရီဆိုရင္

အသက္ ၃၄ ႏွစ္အ႐ြယ္ လြန္ခဲ့တဲ့ ႏွစ္ပတ္ကမွ ကစားသမားဘဝက

အနားယူတာျဖစ္ေပမယ့္ သူ႔ပုံစံက ဗိုက္႐ႊဲ႐ႊဲနဲ႔ ကိုယ္အေလးခ်ိန္တိုးေနပုံရပါတယ္။