ဟက်ထရစ်ရနိုင်ရဲ့နဲ့ ကစားဖော်ကို ပင်နယ်တီပေးကန်ခဲ့တဲ့ အမ်ဘက်ပီ

ဘရုဂျက်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီတိုက်စစ်မှုးအမ်ဘက်ပီဟာ

ဟက်ထရစ်ယူနိုင်မယ့်အခွင့်အရေးနဲ့ ကြုံခဲ့ပေမယ့် ရလာတဲ့ပင်နယ်တီကို

အသင်းဖော်မက်ဆီထံ ပေးကန်ခဲ့တာပါ။

ပီအက်စ်ဂျီဟာ လီယွန်နယ်မက်ဆီကို လိုအပ်လိမ့်မယ့်အတွက်ကြောင့်

ဟက်ထရစ်ရနိုင်မယ့်အခွင့်အရေးကို စွန့်လွှတ်ခဲ့တာဖြစ်ကြောင်း

အမ်ဘက်ပီက ဖွင့်ဟခဲ့တာပါ။

၄-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ အဲဒီပွဲမှာ အမ်ဘက်ပီဟာ ပွဲအစ ၇ မိနစ်အတွင်းမှာတင်

၂ ဂိုးသွင်းနိုင်ခဲ့တာပါ။အဲဒီနောက် မက်ဆီက ပထမပိုင်းအတွင်းမှာပဲ

ပီအက်စ်ဂျီအတွက် တတိယဂိုးကို သွင်းနိုင်ခဲ့ပါတယ်။

၇၅ မိနစ်မှာ ပင်နယ်တီရတော့ ၂၂ နှစ်အရွယ် အမ်ဘက်ပီအနေနဲ့

သူဟက်ထရစ်ယူနိုင်မယ့်အခွင့်အရေးဖြစ်ပေမယ့် အဲဒီအစား

တိုက်စစ်ကစားဖော်မက်ဆီကိုသာ ပေးကန်ခဲ့လို့ အဲဒီအာဂျင်တီးနားသားဟာ

သူ့အတွက် ဒုတိယဂိုးသွင်းနိုင်ခဲ့တာပါ။

အိမ်အပြန်မှာ သူ ပွဲကန်ဘောလုံးယူသွားနိုင်ဖို့ထက် မက်ဆီအတွက်

ယုံကြည်မှုတည်ဆောက်နိုင်ဖို့က ပိုအရေးကြီးကြောင်း အမ်ဘက်ပီက ရှင်းပြခဲ့ပါတယ်။

”ကျွန်တော်တို့ဟာ လီယွန်နယ်မက်ဆီကို လိုအပ်ပါလိမ့်မယ်။

သူဟာ လီယွန်နယ်မက်ဆီအဖြစ် ရှိနေဆဲပါ။ ရာသီကာလအတွင်းမှာ

ကျွန်တော်တို့ သူ့ကို လိုအပ်မှာပါ။ အရေးကြီးတဲ့ပွဲတွေရောက်လာရင်

ကျွန်တော်တို့ကို သူကူညီနိုင်မယ်လို့ သေချာပြောရဲပါတယ်။ အဲဒီပွဲတွေအတွက်

သူ့မှာ ယုံကြည်မှုရှိထားရမှာပါ။ ၂ ဂိုးသွင်းနိုင်လို့ သူ့အတွက် ကောင်းသလို

ကျွန်တော်တို့ရဲ့အနာဂါတ်အတွက်လည်း ကောင်းပါတယ်”လို့

ပွဲအပြီးမှာ အမ်ဘက်ပီက ပြောခဲ့တာပါ။

ဒါ့အပြင် အမ်ဘက်ပီက သူ့အနေနဲ့ ဂိုးတွေ ကိုယ်တိုင်သွင်းနိုင်ရေးထက်

အသင်းရဲ့ကောင်းကျိုးအတွက်ကိုသာ ပိုအလေးထားကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။

”အသင်းကို ကူညီပေးနိုင်ဖို့ ကျွန်တော်ကြိုးစားနေပါတယ်။

ဘယ်သူက ဆရာလဲဆိုတာပြဖို့က ကျွန်တော့်ရည်မှန်းချက်မဟုတ်ပါဘူး။

အသင်းကို ကူညီပေးနိုင်ဖို့ကသာ အဓိကပါ။ ကျွန်တော့်အသင်းဖော်တွေက

ကျွန်တော့်အပေါ်ကောင်းလို့ ကျွန်တော်ကောင်းကောင်းလုပ်ပြနိုင်တာပါ”လို့

ဘက်ပီက ဆက်လက်ပြောကြားခဲ့ပါတယ်။

အမ်ဘက်ပီဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ် ၂၂ ပွဲမှာ ၁၁ ဂိုးသွင်းထားပြီး

၁၂ ဂိုးဖန်တီးပေးထားပါတယ်။

zawgyi

ဟက္ထရစ္ရႏိုင္ရဲ႕နဲ႔ ကစားေဖာ္ကို ပင္နယ္တီေပးကန္ခဲ့တဲ့ အမ္ဘက္ပီ

ဘ႐ုဂ်က္ကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ ပီအက္စ္ဂ်ီတိုက္စစ္မႈးအမ္ဘက္ပီဟာ

ဟက္ထရစ္ယူႏိုင္မယ့္အခြင့္အေရးနဲ႔ ႀကဳံခဲ့ေပမယ့္ ရလာတဲ့ပင္နယ္တီကို

အသင္းေဖာ္မက္ဆီထံ ေပးကန္ခဲ့တာပါ။

ပီအက္စ္ဂ်ီဟာ လီယြန္နယ္မက္ဆီကို လိုအပ္လိမ့္မယ့္အတြက္ေၾကာင့္

ဟက္ထရစ္ရႏိုင္မယ့္အခြင့္အေရးကို စြန႔္လႊတ္ခဲ့တာျဖစ္ေၾကာင္း

အမ္ဘက္ပီက ဖြင့္ဟခဲ့တာပါ။

၄-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ အဲဒီပြဲမွာ အမ္ဘက္ပီဟာ ပြဲအစ ၇ မိနစ္အတြင္းမွာတင္

၂ ဂိုးသြင္းႏိုင္ခဲ့တာပါ။အဲဒီေနာက္ မက္ဆီက ပထမပိုင္းအတြင္းမွာပဲ

ပီအက္စ္ဂ်ီအတြက္ တတိယဂိုးကို သြင္းႏိုင္ခဲ့ပါတယ္။

၇၅ မိနစ္မွာ ပင္နယ္တီရေတာ့ ၂၂ ႏွစ္အ႐ြယ္ အမ္ဘက္ပီအေနနဲ႔

သူဟက္ထရစ္ယူႏိုင္မယ့္အခြင့္အေရးျဖစ္ေပမယ့္ အဲဒီအစား

တိုက္စစ္ကစားေဖာ္မက္ဆီကိုသာ ေပးကန္ခဲ့လို႔ အဲဒီအာဂ်င္တီးနားသားဟာ

သူ႔အတြက္ ဒုတိယဂိုးသြင္းႏိုင္ခဲ့တာပါ။

အိမ္အျပန္မွာ သူ ပြဲကန္ေဘာလုံးယူသြားႏိုင္ဖို႔ထက္ မက္ဆီအတြက္

ယုံၾကည္မႈတည္ေဆာက္ႏိုင္ဖို႔က ပိုအေရးႀကီးေၾကာင္း အမ္ဘက္ပီက ရွင္းျပခဲ့ပါတယ္။

”ကြၽန္ေတာ္တို႔ဟာ လီယြန္နယ္မက္ဆီကို လိုအပ္ပါလိမ့္မယ္။

သူဟာ လီယြန္နယ္မက္ဆီအျဖစ္ ရွိေနဆဲပါ။ ရာသီကာလအတြင္းမွာ

ကြၽန္ေတာ္တို႔ သူ႔ကို လိုအပ္မွာပါ။ အေရးႀကီးတဲ့ပြဲေတြေရာက္လာရင္

ကြၽန္ေတာ္တို႔ကို သူကူညီႏိုင္မယ္လို႔ ေသခ်ာေျပာရဲပါတယ္။ အဲဒီပြဲေတြအတြက္

သူ႔မွာ ယုံၾကည္မႈရွိထားရမွာပါ။ ၂ ဂိုးသြင္းႏိုင္လို႔ သူ႔အတြက္ ေကာင္းသလို

ကြၽန္ေတာ္တို႔ရဲ႕အနာဂါတ္အတြက္လည္း ေကာင္းပါတယ္”လို႔

ပြဲအၿပီးမွာ အမ္ဘက္ပီက ေျပာခဲ့တာပါ။

ဒါ့အျပင္ အမ္ဘက္ပီက သူ႔အေနနဲ႔ ဂိုးေတြ ကိုယ္တိုင္သြင္းႏိုင္ေရးထက္

အသင္းရဲ႕ေကာင္းက်ိဳးအတြက္ကိုသာ ပိုအေလးထားေၾကာင္း အခိုင္အမာေျပာၾကားခဲ့ပါတယ္။

”အသင္းကို ကူညီေပးႏိုင္ဖို႔ ကြၽန္ေတာ္ႀကိဳးစားေနပါတယ္။

ဘယ္သူက ဆရာလဲဆိုတာျပဖို႔က ကြၽန္ေတာ့္ရည္မွန္းခ်က္မဟုတ္ပါဘူး။

အသင္းကို ကူညီေပးႏိုင္ဖို႔ကသာ အဓိကပါ။ ကြၽန္ေတာ့္အသင္းေဖာ္ေတြက

ကြၽန္ေတာ့္အေပၚေကာင္းလို႔ ကြၽန္ေတာ္ေကာင္းေကာင္းလုပ္ျပႏိုင္တာပါ”လို႔

ဘက္ပီက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

အမ္ဘက္ပီဟာ ဒီရာသီၿပိဳင္ပြဲအရပ္ရပ္ ၂၂ ပြဲမွာ ၁၁ ဂိုးသြင္းထားၿပီး

၁၂ ဂိုးဖန္တီးေပးထားပါတယ္။