သွေးအအေးဆုံးပင်နယ်တီကန်သွင်းသူအဖြစ် မှတ်ကျောက်တင်ခံရမယ့် ဒီပိုင်း

ပင်နယ်တီကန်တယ်ဆိုတာ တကယ်တော့ တာဝန်ကြီးပါတယ်။

ချီးကျူးခံရတာထက် အပြောပိုခံရနိုင်ပြီး
တကယ်လို့ ပင်နယ်တီကန်လိုက်လို့ ဝင်သွားရင်
ပုံမှန်ကိစ္စလို့ ထင်တတ်ကြပေမယ့် မဝင်ဘူးဆိုရင်တော့
အပြောအဆိုလွတ်မှာမဟုတ်ပါဘူး။
အယ်လ်ချီကို ၁-၂ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ

ဘာစီလိုနာအတွက် အနိုင်ဂိုးကို ပင်နယ်တီကနေ
သွင်းယူသွားတဲ့ တိုက်စစ်မှူး ဒီပိုင်းအကြောင်း မျှဝေချင်ပါတယ်။


ဘာစီလိုနာဟာ အယ်လ်ချီကို

နောက်ကနေ လိုက်ကစားခဲ့ပေမယ့်
ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ ဖာရန်တောရက်စ်နဲ့
ဒီပိုင်းတို့ရဲ့သွင်းဂိုးတွေကြောင့် အမှတ်ပြည့်
ရခဲ့တာဖြစ်ပြီး ဒီပိုင်းက ပွဲပြီးဖို့
၆ မိနစ်အလိုမှာ ပင်နယ်တီကနေ

အနိုင်ဂိုး သွင်းခဲ့တာပါ။
ဒီပိုင်းက ၁၂ကိုက်အကွာကနေ
ပင်နယ်တီ ကန်သွင်းချိန်မှာ ခြေလှမ်း
တစ်လှမ်း၊ နှစ်လှမ်းလောက်ပဲ အားယူကာ
ဂိုးသမားရဲ့ဘယ်ဘက်အပေါ်ထောင့်ထဲ

ခြေခုံနဲ့ အားကုန်ကန်သွင်းလိုက်တာဖြစ်ပါတယ်။
အယ်လ်ချီဂိုးသမားက ညာဘက်ကို ဒိုင်ဗင်
ပစ်ခဲ့တာမှန်ပေမယ့် ကန်ပြီးမှ ဒိုင်ဗင်ပစ်
ဖမ်းမယ်ဆိုရင်လည်း ဒီပိုင်းရဲ့ကန်ချက်ကို
ဘယ်လိုမှ ကာကွယ်နိုင်မှာမဟုတ်ပါဘူး။


ဘာစီလိုနာပရိသတ်တွေလည်း ဒီပိုင်းရဲ့
ပင်နယ်တီကန်သွင်းမှုပုံစံကို
သဘောကျနေပြီး အွန်ုလိုင်းမှာ ချီးကျူးခဲ့ပါတယ်။

”ဒီပိုင်းရဲ့ပင်နယ်တီ နည်းစနစ်ကတော့
ရူးလောက်စရာပါပဲ”
”ဒီပိုင်းရဲ့ပင်နယ်တီကန်ချက်ကို
ဘယ်သူမှ ဖမ်းနိုင်မှာမဟုတ်ဘူး”
”ကျွန်တော်မြင်ဖူးသမျှ

ပင်နယ်တီကန်သွင်းမှုတွေထဲ
သွေးအအေးဆုံးပဲ”လို့
ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။
ဘာစီလိုနာကလည်း အဲဒီပွဲမှာ အမှတ်ပြည့်
ရခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်

ပိုမိုရှင်သန်လာပြီး ဘက်တစ်ကိုပါ
ကျော်ဖြတ်ကာ အဆင့် ၃ နေရာအထိ
တက်လှမ်းနိုင်ခဲ့ပါတယ်။