
ယူကရိန်းဘောလုံးလောကမှာ ထိပ်သီးအသင်းတစ်သင်းဖြစ်သလို
ကမ္ဘာ့ဘောလုံးပရိသတ်တွေနဲ့လည်း မစိမ်းလှတဲ့ဒိုင်နမိုကိဗ်အသင်းက
ကစားသမားအားလုံးနီးပါးဟာ ရုရှားကို
လက်နက်စွဲကိုင်တော်လှန်နေကြပြီလို့ သိရှိရပါတယ်။
ရုရှားရဲ့ကျုးကျော်မှုအတွက် ဘောလုံးသမားအဖြစ်ကနေ
ပြည်သူ့စစ်သားအဖြစ်သို့ အသွင်ပြောင်းလဲလိုက်ကြတာလည်း ဖြစ်ပါတယ်။
ဒိုင်နမိုကိဗ်ဟာ ကိဗ်မြို့မှာ အခြေစိုက်ပြီး ပြီးခဲ့တဲ့ရာသီက
ယူကရိန်းအမှတ်ပေးချန်ပီယံဖလားကို ရရှိခဲ့တဲ့အသင်းပါ။
ဆိုဗီယက်ပြည်ထောင်စုအဖြစ်တည်ရှိခဲ့စဥ္ လွန်ခဲ့တဲ့ ၉၄ နှစ်၊ ၁၉၂၇ ကတည်းက
တည်ထောင်လာတဲ့ သက်တမ်းရှည်ဘောလုံးအသင်းလည်းဖြစ်ပါတယ်။
ရုရှားတပ်တွေဟာ မနေ့ (စနေ) က မြို့တော် ကိဗ်အနီးအနားကို
ရောက်ရှိလာပြီးနောက် မြို့သိမ်းတိုက်ပွဲ ဆင်နွဲဖို့ ပြင်ဆင်နေကြပေမယ့်
ယူကရိန်းပြည်သူတွေရဲ့ ခါးခါးသီးသီး တုန့်ပြန်တိုက်ခိုက် မှုတွေကို ရင်ဆိုင်နေရပြီး
ဒီကနေ့၊ တနင်္ဂနွေနေ့အထိ အောင်မြင်မှု မရသေးပါဘူး။
ယူကရိန်းဘောလုံးသမားတွေထဲကလည်း ရုရှားကို လက်နက်စွဲကိုင်တော်လှန်ဖို့
ဆန္ဒပြင်းပြနေကြသူတွေအများကြီး ရှိနေသလို
နာမည်ကြီးယူကရိန်းလက်ဝှေ့ကျော်ဟောင်း၊ ညီအစ်ကို ၂ဦးဖြစ်တဲ့
ကလစ်ရှ်ကို ညီနောင်ကလည်း လက်နက်စွဲကိုင်ကာ
ရုရှားကို ပြန်လည်တိုက်ခိုက်နေကြတာပါ။
ဒိုင်နမိုကိဗ်မှာ ဘရာဇီးတိုက်စစ်မှုး ဗီတင်ဟို၊ ဥရုဂွေးကွင်းလယ်လူ
ကားလို့စ်ဒီပီနာ၊ ဆလိုဗေးနီးယားနောက်ခံလူ ဗာဘစ်၊
ပိုလန်နောက်ခံလူ သောမတ်တို့ကစားနေကြပြီး
ကျန်ကစားသမားတွေကတော့ ယူကရိန်းသားတွေပဲ ဖြစ်ပါတယ်။
သူတို့ထဲက အားလုံးနီးပါးဟာ ရုရှားကို ပြန်လည်တွန်းလှန်ဖို့
ဘောလုံးအစား လက်နက်ကို ရွေးခ်ယ်လိုက်ကြကာ
ပြည်သူ့စစ်သားအဖြစ် ပြောင်းလဲလိုက်ကြတာပါ။
ဒိုင်နမိုကိဗ်နည်းပြဖြစ်တဲ့ ရိုမေနီးယားနိုင်ငံသားနည်းပြကြီး
လူဆက်စကူးကလည်း သွေးကြောင်တဲ့သူအဖြစ်
ကိဗ်ကို စွန့်ခွာထားခဲ့မှာ မဟုတ်ဘူးလို့
ယူကရိန်းပြည်သူတွေကို ပြောကြားခဲ့ပါသေးတယ်။
“ယူကရိန်းမှာ အားကစားလှုပ်ရှားမူအားလုံးကို
ရက်ပေါင်း ၃၀ ဆိုင်းငံ့ ပိတ်ပင်ထားလိုက်ပါပြီ။
ကျွန်တော်ကတော့ ရိုမေးနီးယားကို ပြန်သွားဖို့အတွက်
ကိဗ်ကို စွန့်ခွာချန်ထားခဲ့မှာ မဟုတ်ပါဘူး။
ကျွန်တော်က သူရဲဘော ကြောင်တဲ့သူမဟုတ်ဘူးဆိုတာကို
ယူကရိန်းနိုင်ငံသားတွေ သိစေချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
zawgyi
ေသြးမေၾကာင္တဲ့ နည္းျပနဲ႔ ႏိုင္ငံအတြက္ လက္နက္ကိုင္ခဲ့တဲ့ ဒိုင္နမိုကိဗ္
ယူကရိန္းေဘာလုံးေလာကမွာ ထိပ္သီးအသင္းတစ္သင္းျဖစ္သလို
ကမာၻ႔ေဘာလုံးပရိသတ္ေတြနဲ႔လည္း မစိမ္းလွတဲ့ဒိုင္နမိုကိဗ္အသင္းက
ကစားသမားအားလုံးနီးပါးဟာ ႐ုရွားကို
လက္နက္စြဲကိုင္ေတာ္လွန္ေနၾကၿပီလို႔ သိရွိရပါတယ္။
႐ုရွားရဲ႕က်ဳးေက်ာ္မႈအတြက္ ေဘာလုံးသမားအျဖစ္ကေန
ျပည္သူ႔စစ္သားအျဖစ္သို႔ အသြင္ေျပာင္းလဲလိုက္ၾကတာလည္း ျဖစ္ပါတယ္။
ဒိုင္နမိုကိဗ္ဟာ ကိဗ္ၿမိဳ႕မွာ အေျခစိုက္ၿပီး ၿပီးခဲ့တဲ့ရာသီက
ယူကရိန္းအမွတ္ေပးခ်န္ပီယံဖလားကို ရရွိခဲ့တဲ့အသင္းပါ။
ဆိုဗီယက္ျပည္ေထာင္စုအျဖစ္တည္ရွိခဲ့စၪ္ လြန္ခဲ့တဲ့ ၉၄ ႏွစ္၊ ၁၉၂၇ ကတည္းက
တည္ေထာင္လာတဲ့ သက္တမ္းရွည္ေဘာလုံးအသင္းလည္းျဖစ္ပါတယ္။
႐ုရွားတပ္ေတြဟာ မေန႔ (စေန) က ၿမိဳ႕ေတာ္ ကိဗ္အနီးအနားကို
ေရာက္ရွိလာၿပီးေနာက္ ၿမိဳ႕သိမ္းတိုက္ပြဲ ဆင္ႏြဲဖို႔ ျပင္ဆင္ေနၾကေပမယ့္
ယူကရိန္းျပည္သူေတြရဲ႕ ခါးခါးသီးသီး တုန္႔ျပန္တိုက္ခိုက္ မႈေတြကို ရင္ဆိုင္ေနရၿပီး
ဒီကေန႔၊ တနဂၤေႏြေန႔အထိ ေအာင္ျမင္မႈ မရေသးပါဘူး။
ယူကရိန္းေဘာလုံးသမားေတြထဲကလည္း ႐ုရွားကို လက္နက္စြဲကိုင္ေတာ္လွန္ဖို႔
ဆႏၵျပင္းျပေနၾကသူေတြအမ်ားႀကီး ရွိေနသလို
နာမည္ႀကီးယူကရိန္းလက္ေဝွ႔ေက်ာ္ေဟာင္း၊ ညီအစ္ကို ၂ဦးျဖစ္တဲ့
ကလစ္ရွ္ကို ညီေနာင္ကလည္း လက္နက္စြဲကိုင္ကာ
႐ုရွားကို ျပန္လည္တိုက္ခိုက္ေနၾကတာပါ။
ဒိုင္နမိုကိဗ္မွာ ဘရာဇီးတိုက္စစ္မႈး ဗီတင္ဟို၊ ဥ႐ုေဂြးကြင္းလယ္လူ
ကားလို႔စ္ဒီပီနာ၊ ဆလိုေဗးနီးယားေနာက္ခံလူ ဗာဘစ္၊
ပိုလန္ေနာက္ခံလူ ေသာမတ္တို႔ကစားေနၾကၿပီး
က်န္ကစားသမားေတြကေတာ့ ယူကရိန္းသားေတြပဲ ျဖစ္ပါတယ္။
သူတို႔ထဲက အားလုံးနီးပါးဟာ ႐ုရွားကို ျပန္လည္တြန္းလွန္ဖို႔
ေဘာလုံးအစား လက္နက္ကို ေ႐ြးခ္ယ္လိုက္ၾကကာ
ျပည္သူ႔စစ္သားအျဖစ္ ေျပာင္းလဲလိုက္ၾကတာပါ။
ဒိုင္နမိုကိဗ္နည္းျပျဖစ္တဲ့ ႐ိုေမနီးယားႏိုင္ငံသားနည္းျပႀကီး
လူဆက္စကူးကလည္း ေသြးေၾကာင္တဲ့သူအျဖစ္
ကိဗ္ကို စြန္႔ခြာထားခဲ့မွာ မဟုတ္ဘူးလို႔
ယူကရိန္းျပည္သူေတြကို ေျပာၾကားခဲ့ပါေသးတယ္။
“ယူကရိန္းမွာ အားကစားလႈပ္ရွားမူအားလုံးကို
ရက္ေပါင္း ၃၀ ဆိုင္းငံ့ ပိတ္ပင္ထားလိုက္ပါၿပီ။
ကြၽန္ေတာ္ကေတာ့ ႐ိုေမးနီးယားကို ျပန္သြားဖို႔အတြက္
ကိဗ္ကို စြန္႔ခြာခ်န္ထားခဲ့မွာ မဟုတ္ပါဘူး။
ကြၽန္ေတာ္က သူရဲေဘာ ေၾကာင္တဲ့သူမဟုတ္ဘူးဆိုတာကို
ယူကရိန္းႏိုင္ငံသားေတြ သိေစခ်င္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။