သွင်းဂိုးရယူနိုင်ခဲ့တဲ့ရော်နယ်ဒိုကိုချီးကျူးခဲ့ပြီး၊ ထိပ်တန်းအဆင့်ကစားသမားတစ်ယောက်ဖြစ်ချင်ရင်တောင်းဆိုမှုကိုနားလည်ဖို့လို တယ်လို့ ဂါနာချိုကို သတိပေးလိုက်တဲ့ တန်ဟတ်

ရှရစ်ဖ်နဲ့ယူရိုပါလိဂ်ပွဲစဉ် အစောပိုင်းပွဲချိန်တွေမှာအဆုံးသတ်လွဲချော်မှုတွေရှိခဲ့ပေမဲ့

၈၁မိနစ်မှာဂိုးသွင်းနိုင်ခဲ့တဲ့ ရော်နယ်ဒိုကို အရှုံးမပေးတတ်သူလို့ နည်းပြတန်ဟတ်က ချီးကျူးလိုက်ပါတယ်။

ဘရူနိုရဲ့ဖြတ်တင်ဘောကို ရော်နယ်ဒိုခေါင်းတိုက်ဂိုးသွင်းရာမှာ ဂိုးသမားပုတ်ထုတ်နိုင်ခဲ့ပေမဲ့

ပေါ်တူဂီကြယ်ပွင့်ကဘယ်ခြေနဲ့ထပ်ဆင့်ပိတ်သွင်းပြီး မန်ယူအတွက် တတိယအနိုင်ဂိုးသွင်းပေးခဲ့တာဖြစ်တယ်။

ဒီရာသီအိမ်ကွင်းမှာ ပထမဆုံးဂိုးသွင်းနိုင်ခဲ့တဲ့ ရော်နယ်ဒိုနဲ့ပတ်သတ်လို့ တန်ဟတ်က

“သူလုံးဝအရှုံးမပေးခဲ့ဘူး။ ကစားသမားဘဝတလျှောက်

ဒီလိုပုံစံတွေနဲ့ဖြတ်သန်းခဲ့တယ်လို့ ယူဆသလိုနောက်ဆုံးမှာ ဆုလာဘ်တစ်ခုပြန်ရခဲ့ပါပြီ” လို့ ချီးကျူးခဲ့ပါတယ်။

ဒီပွဲမှာ ခြေစွမ်းပြပြီး ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့

အာဂျင်တီးနားလူငယ်လေးနဲ့ပတ်သတ်လို့လည်း တန်ဟတ်က

“စွမ်းဆောင်ရည် ကောင်းပါတယ်။ မျှော်လင့်တဲ့အတိုင်းလုပ်နိုင်ခဲ့သလို ပွဲထွက်ခွင့်နဲ့ထိုက်တန်တဲ့ ခြေစွမ်းပြမှုကိုလည်းလုပ်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်က အစပြုပြီး သူ့ရဲ့ ကစားဖော်တွေနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ချိတ်ဆက်မှု ပိုမိုကောင်းလာခဲ့တယ်။

ခံနိုင်ရည်ပိုရှိလာပြီး စိတ်ပိုင်းဖြတ်မှုတွေအားကောင်းလာတာကို ကျွန်တော် မြင်ခဲ့ရပါတယ်။

ဒါကြောင့်လည်း ဒီပွဲမှာ သူ့ကို ပွဲထွက်ခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။ သူ့အနေနဲ့ နောက်ပွဲစဉ်တွေမှာ ဒီထက်ပိုကောင်းဖို့တော့လိုပါသေးတယ်။

ထိပ်တန်းအဆင့်ကစားသမားတစ်ယောက်ဖြစ်ချင်တဲ့ လူငယ်ကစားသမားတစ်ယောက်အနေနဲ့

ရှေ့မှာ ကြုံတွေ့လာမယ့် ဘောလုံးလောကရဲ့ တောင်းဆိုချက်တွေကိုလည်းသိဖို့လိုပါတယ်။

ပြိုင်ဘက်ကိုလှည့်စားနိုင်ရုံလောက်နဲ့တော့ အဆင်မပြေပါဘူး။

ပွဲအနိုင်ရ အောင်လုပ်တတ်ဖို့နဲ့ သွင်းဂိုးတွေရယူနိုင်ဖို့လည်းလိုပါတယ်။

အမြင့်ဆုံးစံချိန်တွေအတွက် သူဒါကိုသင်ယူရမယ်” လို့ သတိပေးခဲ့ပါတယ်။

zawgyi

သြင္းဂိုးရယူႏိုင္ခဲ့တဲ့ေရာ္နယ္ဒိုကိုခ်ီးက်ဴးခဲ့ၿပီး၊ ထိပ္တန္းအဆင့္ကစားသမားတစ္ေယာက္ျဖစ္ခ်င္ရင္ေတာင္းဆိုမႈကိုနားလည္ဖို႔လို တယ္လို႔ ဂါနာခ်ိဳကို သတိေပးလိုက္တဲ့ တန္ဟတ္

ရွရစ္ဖ္နဲ႔ယူ႐ိုပါလိဂ္ပြဲစဥ္ အေစာပိုင္းပြဲခ်ိန္ေတြမွာအဆုံးသတ္လြဲေခ်ာ္မႈေတြရွိခဲ့ေပမဲ့

၈၁မိနစ္မွာဂိုးသြင္းႏိုင္ခဲ့တဲ့ ေရာ္နယ္ဒိုကို အရႈံးမေပးတတ္သူလို႔ နည္းျပတန္ဟတ္က ခ်ီးက်ဴးလိုက္ပါတယ္။

ဘ႐ူႏိုရဲ႕ျဖတ္တင္ေဘာကို ေရာ္နယ္ဒိုေခါင္းတိုက္ဂိုးသြင္းရာမွာ ဂိုးသမားပုတ္ထုတ္ႏိုင္ခဲ့ေပမဲ့

ေပၚတူဂီၾကယ္ပြင့္ကဘယ္ေျခနဲ႔ထပ္ဆင့္ပိတ္သြင္းၿပီး မန္ယူအတြက္ တတိယအႏိုင္ဂိုးသြင္းေပးခဲ့တာျဖစ္တယ္။

ဒီရာသီအိမ္ကြင္းမွာ ပထမဆုံးဂိုးသြင္းႏိုင္ခဲ့တဲ့ ေရာ္နယ္ဒိုနဲ႔ပတ္သတ္လို႔ တန္ဟတ္က

“သူလုံးဝအရႈံးမေပးခဲ့ဘူး။ ကစားသမားဘဝတေလွ်ာက္

ဒီလိုပုံစံေတြနဲ႔ျဖတ္သန္းခဲ့တယ္လို႔ ယူဆသလိုေနာက္ဆုံးမွာ ဆုလာဘ္တစ္ခုျပန္ရခဲ့ပါၿပီ” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ဒီပြဲမွာ ေျခစြမ္းျပၿပီး ပြဲစဥ္ရဲ႕အေကာင္းဆုံးကစားသမားျဖစ္ခဲ့တဲ့

အာဂ်င္တီးနားလူငယ္ေလးနဲ႔ပတ္သတ္လို႔လည္း တန္ဟတ္က

“စြမ္းေဆာင္ရည္ ေကာင္းပါတယ္။ ေမွ်ာ္လင့္တဲ့အတိုင္းလုပ္ႏိုင္ခဲ့သလို ပြဲထြက္ခြင့္နဲ႔ထိုက္တန္တဲ့ ေျခစြမ္းျပမႈကိုလည္းလုပ္ႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္အနည္းငယ္က အစျပဳၿပီး သူ႔ရဲ႕ ကစားေဖာ္ေတြနဲ႔ ေလ့က်င့္ေရးအစီအစဥ္ေတြမွာ ခ်ိတ္ဆက္မႈ ပိုမိုေကာင္းလာခဲ့တယ္။

ခံႏိုင္ရည္ပိုရွိလာၿပီး စိတ္ပိုင္းျဖတ္မႈေတြအားေကာင္းလာတာကို ကြၽန္ေတာ္ ျမင္ခဲ့ရပါတယ္။

ဒါေၾကာင့္လည္း ဒီပြဲမွာ သူ႔ကို ပြဲထြက္ခြင့္ေပးခဲ့တာလည္းျဖစ္ပါတယ္။ သူ႔အေနနဲ႔ ေနာက္ပြဲစဥ္ေတြမွာ ဒီထက္ပိုေကာင္းဖို႔ေတာ့လိုပါေသးတယ္။

ထိပ္တန္းအဆင့္ကစားသမားတစ္ေယာက္ျဖစ္ခ်င္တဲ့ လူငယ္ကစားသမားတစ္ေယာက္အေနနဲ႔

ေရွ႕မွာ ႀကဳံေတြ႕လာမယ့္ ေဘာလုံးေလာကရဲ႕ ေတာင္းဆိုခ်က္ေတြကိုလည္းသိဖို႔လိုပါတယ္။

ၿပိဳင္ဘက္ကိုလွည့္စားႏိုင္႐ုံေလာက္နဲ႔ေတာ့ အဆင္မေျပပါဘူး။

ပြဲအႏိုင္ရ ေအာင္လုပ္တတ္ဖို႔နဲ႔ သြင္းဂိုးေတြရယူႏိုင္ဖို႔လည္းလိုပါတယ္။

အျမင့္ဆုံးစံခ်ိန္ေတြအတြက္ သူဒါကိုသင္ယူရမယ္” လို႔ သတိေပးခဲ့ပါတယ္။