သွင်းဂိုးနဲ့အတူ ဒဏ်ရာကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့တဲ့ အီလီယော့အတွက် လီဗာပူးပရိသတ်တွေ ဝမ်းသာကျေနပ်

လီဗာပူးပရိသတ်တွေဟာ အက်ဖ်အေဖလားပွဲစဉ်အဖြစ်
ကာဒစ်ဖ်ကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
သွင်းဂိုးနဲ့အတူ လူငယ်ကွင်းလယ်လူ ဟာဗေးအီလီယော့
အကောင်းဆုံးပြန်လာနိုင်ခဲ့လို့ ပျော်ရွှင်နေကြပါတယ်။
အီလီယော့ဟာ စက်တင်ဘာလက
လိဒ်စ်ယူနိုက်တက်နဲ့ကစားခဲ့တဲ့ပွဲမှာ ပြင်းထန်တဲ့
ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီးနောက် ဇန်နဝါရီလကျမှ
ထရိန်နင်ပြန်ဆင်းနိုင်ခဲ့ပြီး ဖူလ်ဟမ်နဲ့ပွဲမှာ
ပွဲကစားချိန် ၅၈ မိနစ်အရောက်
ပထမဆုံးပြန်ကစားနိုင်မှုအဖြစ် လူစားဝင်ကစားခွင့်ရခဲ့တာပါ။


သူဟာ လူစားဝင်လာပြီးနောက် ၁၈ မိနစ်အကြာမှာပဲ
ရောဘတ်ဆန်ရဲ့ဖြတ်တင်ဘောကို တစ်ချက်ထိန်းကာ
လှလှပပကန်သွင်းရင်း လီဗာပူးအတွက်
တတိယမြောက်ဦးဆောင် ရယူနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ လီဗာပူးပရိသတ်တွေက
လူမှုမီဒီယာမှာ အသက် ၁၈ နှစ်အရွယ်ရှိ
အီလီယော့ရဲ့ခြေစွမ်းပြမှုကို ချီးကျူးသွားပါတယ်။
”အီလီယော့အတွက် သိပ်ပျော်ရပါတယ်။
ကမ္ဘာကြီးကို ခြေထောက်ထဲ
ထည့်ထားတဲ့လူငယ်လေးပေါ့”
”’ကမ္ဘာ့ဘောလုံးလောကရဲ့
အကောင်းဆုံး ဆယ်ကျော်သက်လေးပဲ”
”အီလီယော့ဟာ လူစားဝင်လာပြီးချိန်ကတည်းက
ကွဲပြားခြားနားမှုတွေကို လုပ်ပြနိုင်ခဲ့ပါတယ်။
သူ့ရဲ့ကစားပုံက စောင့်ကြည့်ရတာ
ပျော်ဖို့ကောင်းတယ်”လို့
ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။