သွင်ဖြိုးရဲ့ ဘွတ်ကီအတွေး…ဈေးအတင်အချလုပ်ထားပေမယ့် ဘိုင်ယန် အောင်မယ့်ပွဲ

ဆဲလ်ဘတ် – ဘိုင်ယန်မြူးနစ် ဘိုင်ယန် – ၁-၉၀/၄+၈၅ ရွေးချယ်မှု – ဘိုင်ယန်

ဘိုင်ယန်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အသင်းငယ်လေး ဘိုချမ်ကို ၄-၂ဂိုးနဲ့ အရေးနိမ့်ခဲ့လို့

ဒီပွဲမှာ ဘွတ်ကီတွေက ဘိုင်ယန်ကို ဈေးအတင်အချ ကစားနေတယ်။

မူလဖွင့်လှစ်မှု ၂+၉၀ အခု ၁-၉၀ကို ဆင်းလာပေမယ့် နေ့ခင်းပိုင်းကဆို

ဘိုင်ယန်ရဲ့အကျောပေးမှုက ၁-၇၀အထိ ဖြစ်ခဲ့သလို ဝင်ရိုးကလည်း -၁.၂၅ ကို တစ်ဆင့်ကျသွားပါသေးတယ်။

ဆဲလ်ဘတ်က အသင်းသမိုင်းတစ်လျှေုာက် ပထမဆုံးချန်ပီယံလိဂ် ရှုံးထွက်ပွဲမှာ အားကုန်ရုန်းကစားလာမှာ သေချာတယ်။

ဘိုင်ယန်ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရမှုကို ဒီရာသီမှာ ချေဖျက်ဖို့ အကောင်းဆုံး ကြိုးစားလာမှာ သေချာပြီး မနှစ်က

၁၆သင်းအဆင့်မှာလည်း စီးရီးအေကလပ် လာဇီယိုကို အဝေးကွင်းမှာ ၁-၄ဂိုးနဲ့ အနိုင်ယူကာ နောက်တစ်ဆင့်တက်ဖို့ သေချာအောင် လုပ်ဆောင်ခဲ့ပါတယ်။

ဆဲလ်ဘတ်က တိုက်စစ်အားသန်အသင်းဖြစ်ပြီး ဘိုင်ယန်ကလည်း အခုနောက်ပိုင်း ခံစစ်ပိုင်း ကျဆင်းလာလို့

ဂိုးပေါင်းကြေးတွေ သိသိသာသာတက်လာတာ သိပ်တော့မထူးဆန်းပါဘူး။

ပြောရရင် ဂိုးပေါင်းကြေး ၃-၅၀ ကနေ ၄+၈၅ အထိ မြင့်တက်လာတာ ဖြစ်သင့်တဲ့ ကြေးပြောင်းဖြစ်ပြီး

ထိုးသားတွေ ဂိုးအပေါ်ဘက် အာရုံရောက်လာနိုင်လို့ ဒိုင်တွေက

ဂိုးပေါင်းကြေး မြှင့်ထားတာဖြစ်ပါတယ်။ ဂိုးပေါင်းကြေးထက် ပိုစိတ်ဝင်စားစရာ ကောင်းတာက

ဘိုင်ယန်ရဲ့အကျောပေးမှု ဖြစ်ပြီး အခုချိန်အထိ ဘွတ်ကီတွေကြေး ဘယ်လိုပေးရမလဲဆိုတာ ဝေခွဲမရဖြစ်နေပုံရပါတယ်။

ဒါကြောင့်လည်း ဘိုင်ယန်ကြေးကို အတင်အချလုပ်ရင်း ထိုးသားတွေရဲ့ အခြေအနေကို စောင့်ကြည့်နေတာဖြစ်ပြီး

ဘိုင်ယန် အောင်လောက်မယ်လို့ထင်ပါတယ်။

ချန်ပီယံလိဂ်အခြားပွဲစဉ်ရွေးချယ်မှု – လီဗာပူးဂိုးအပေါ်