သွင်ဖြိုးရဲ့ ဘွတ်ကီအတွေး… ပီအက်စ်ဂျီဘက် မနေရဲအောင် ဘွတ်ကီတွေ ခြောက်ထားတယ်

ပီအက်စ်ဂျီ – ရီးရဲလ်
ပီအက်စ်ဂျီ -၉၀/ဂိုးပေါင်း ၃+၄၀
ရွေးချယ်မှု – ပီအက်စ်ဂျီ
တကယ်ဆို ပီအက်စ်ဂျီ ရင်ဆိုင်ရမယ့်အသင်းက
ချန်ပီယံလိဂ်ရဲ့အရှိန်အဝါအကြီးဆုံးအသင်း။
ပီအက်စ်ဂျီက လူစာရင်းအရသာ
တောင့်တင်းနေတာ၊ ချန်ပီယံလိဂ်မှာဆို
အရှိန်အဝါသိပ်မရှိတဲ့အသင်းပါ။
ရီးရဲလ်ဆိုတာ ချန်ပီယံလိဂ်ရဲ့အောင်မြင်မှု
အများဆုံးအသင်းဖြစ်ပြီး ဘန်ဇီးမားလည်း
ပြန်ပါလာနိုင်တော့ ရီးရဲလ်သမားတွေ
ပိုကြိုက်တာပေါ့။ အချက်အလက်တွေကို
ကြည့်မယ်ဆိုရင်လည်း ပီအက်စ်ဂျီက
ချန်ပီယံလိဂ်ရှုံးထွက်အဆင့်အိမ်ကွင်း
နောက်ဆုံး ၆ပွဲမှာ ၁ပွဲပဲအနိုင်ရထားတယ်။


ပြီးတော့ ရီးရဲလ်ကလည်း ဒီရာသီအုပ်စုတွင်း
အဝေးကွင်း ၃ပွဲစလုံး အနိုင်ရထားတယ်။
ပြန်ပါလာနိုင်တဲ့ ဘန်ဇီးမားကလည်း
သူပါဝင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်
နောက်ဆုံး ၄ပွဲမှာ ၅ဂိုးတောင် သွင်းထားတယ်။
ဒါကိုမှ ပီအက်စ်ဂျီက လယ်ဗယ်အရှုံးလောက်အထိ
အကျောပေးထားတာ နည်းနည်းသံသယဝင်စရာ
ကောင်းနေပြီး ဒီကြေးနဲ့ဆိုရင် ရီးရဲလ်ဘက်
ထိုင်မယ့်ထိုးသားတွေ များလာနိုင်ပါတယ်။
ပီအက်စ်ဂျီက လီဂူးမှာ ချန်ပီယံပြန်ဖြစ်ဖို့
အခြေအနေကောင်းနေတာမှန်ပေမယ့်
ပြင်သစ်ရှုံးထွက်ဖလားမှာ နိုက်စ်ကို
အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရသလို
ဒီရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာလည်း
မန်စီးတီးရဲ့နောက် ဒုတိယပဲရခဲ့တာပါ။


ဒီလိုအနေအထားမှာ ဒီကြေးပေးထားတယ်ဆိုတော့
နည်းနည်းစဉ်းစားစရာကောင်းနေပါတယ်။
ဘွတ်ကီတွေက ပီအက်စ်ဂျီဘက် မနေရဲအောင်
ကြေးပြင်းပြင်းနဲ့ ခြောက်ထားတယ်လို့ ခံစားနေရပါတယ်။
ဒီတော့ ဘွတ်ကီတွေနဲ့အတူ
ပီအက်စ်ဂျီဘော်ဒီယူရင်း ချန်ပီယံလိဂ်တောနက်ကို
အကောင်းဆုံးဖြတ်သန်းလိုက်ကြရအောင်။
ချန်ပီယံလိဂ်အခြားပွဲစဉ်ရွေးချယ်မှု – မန်စီးတီးဂိုးအောက်