သြဇီကို ဂိုးပြတ်အနိုင်ယူပြီး ဂျပန် ခြေစစ်ပွဲအောင်မြင်သွားသလို ဆော်ဒီလည်း တရုတ်နဲ့ပွဲမတိုင်ကတည်းက ခြေစစ်ပွဲအောင်မြင်သွား

ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)ပွဲတွေကို ယနေ့မှာ ကျင်းပပြုလုပ်လျက်ရှိရာ

အစောဆုံးပွဲမှာ ဂျပန်အသင်းက မီတိုမားရဲ့နောက်ကျသွင်းဂိုးတွေကြောင့်
အိမ်ရှင်သြစတြေးလျကို ဝ-၂ ဂိုးနဲ့အနိုင်ရကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ
တိုက်ရိုက်အောင်မြင်ခဲ့သလို ဆော်ဒီကလည်း တရုတ်နဲ့ကစားခဲ့တဲ့ပွဲ
မတိုင်ခင်မှာပဲ ဂျပန်နဲ့အတူ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်သွားပါတယ်။
မီတိုမားဟာ ပွဲချိန် ၈၄မိနစ်မှာ လီဗာပူးတိုက်စစ်မှူး မီနာမီနိုရဲ့

နေရာမှာ အစားဝင်ကစားခဲ့တာဖြစ်ပြီး အခုတော့ ဂျပန်အသင်းလည်း
အာရှဇုန် ခြေစစ်ပွဲ တတိယအဆင့်ရဲ့ အုပ်စု B မှာ ဆော်ဒီနဲ့အတူ
ထိပ်ဆုံး ၂သင်းအတွင်း ဝင်ဖို့ သေချာသွားခဲ့တာဖြစ်ပါတယ်။
သြစတြေးလျကတော့ တတိယနေရာမှာပဲ ရပ်တည်ရတော့မှာဖြစ်ပြီး
အုပ်စု A က တတိယရအသင်းနဲ့ Play-offs ကစားကာ

အနိုင်ရခဲ့ရင် နောက်ဆုံးအဆင့် Play-offs အဖြစ်
တောင်အမေရိကဇုန်မှ အဆင့် ၅ ရအသင်းနဲ့
ဆက်လက်အားပြိုင်ရမှာဖြစ်ပါတယ်။
ဘရိုက်တန်ကနေ ဘယ်လ်ဂျီယံကလက် ယူနီယံ SG အသင်းထံ
အငှားသွားကစားနေတဲ့ တောင်ပံကစားသမား မီတိုမားဟာ

ပွဲကစားချိန် ၅ မိနစ်အတွင်း ၂ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး
ပွဲချိန် ၈၉မိနစ်မှာ ပထမဂိုးနဲ့ နာကျင်အချိန်ပို ၄မိနစ်မှာ
အဆုံးသတ်ဂိုးတွေ အသီးသီးသွင်းယူခဲ့တာဖြစ်ပါတယ်။
ဂျပန်ဟာ အဲဒီနိုင်ပွဲကြောင့် လက်ကျန် ၁ပွဲပဲ
ကစားဖို့ ကျန်တော့တဲ့အနေအထားမှာ တတိယနေရာက

သြစတြေးလျကို ၆ မှတ်အထိ ဖြတ်နိုင်ခဲ့ပါတယ်။
နောက်ထပ်ပွဲကြီးပွဲကောင်းအဖြစ် တောင်ကိုရီးယားနဲ့
အီရန်တို့ရဲ့အုပ်စုပထမနေရာလုပွဲမှာတော့ အိမ်ရှင်အသင်းက
၂-၀ ဂိုးနဲ့အနိုင်ယူပြီး အီရန်ကို ကျော်ဖြတ်ကာ
အုပ်စုထိပ်ဆုံးနေရာ ရောက်လာပါတယ်။

ပထမပိုင်းပြီးခါနီးမှာ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်က
တောင်ကိုရီးယားအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး
ဒုတိယပိုင်းပြန်စလို့ ၂၁မိနစ်အကြာမှာ ကင်ဂျောင်ဂွမ်းက
အိမ်ရှင်အသင်းအတွက် အဆုံးသတ်ဂိုးသွင်းယူခဲ့ပါတယ်။

Zawgyi

ၾသဇီကို ဂိုးျပတ္အႏုိင္ယူၿပီး ဂ်ပန္ ေျခစစ္ပြဲေအာင္ျမင္သြားသလုိ ေဆာ္ဒီလည္း တရုတ္နဲ႔ပြဲမတုိင္ကတည္းက ေျခစစ္ပြဲေအာင္ျမင္သြား
ကမၻာ့ဖလားေျခစစ္ပြဲ(အာရွဇုန္)ပြဲေတြကို ယေန႔မွာ က်င္းပျပဳလုပ္လ်က္ရွိရာ
အေစာဆုံးပြဲမွာ ဂ်ပန္အသင္းက မီတုိမားရဲ႕ေနာက္က်သြင္းဂိုးေတြေၾကာင့္

အိမ္ရွင္ၾသစေၾတးလ်ကို ၀-၂ ဂိုးနဲ႔အႏိုင္ရကာ ကမၻာ့ဖလားေျခစစ္ပြဲ
တုိက္ရိုက္ေအာင္ျမင္ခဲ့သလို ေဆာ္ဒီကလည္း တရုတ္နဲ႔ကစားခဲ့တဲ့ပြဲ
မတုိင္ခင္မွာပဲ ဂ်ပန္နဲ႔အတူ တုိက္ရိုက္ေျခစစ္ပြဲေအာင္ျမင္သြားပါတယ္။
မီတုိမားဟာ ပြဲခ်ိန္ ၈၄မိနစ္မွာ လီဗာပူးတုိက္စစ္မွဴး မီနာမီႏိုရဲ႕
ေနရာမွာ အစား၀င္ကစားခဲ့တာျဖစ္ၿပီး အခုေတာ့ ဂ်ပန္အသင္းလည္း

အာရွဇုန္ ေျခစစ္ပြဲ တတိယအဆင့္ရဲ႕ အုပ္စု B မွာ ေဆာ္ဒီနဲ႔အတူ
ထိပ္ဆုံး ၂သင္းအတြင္း ၀င္ဖို႔ ေသခ်ာသြားခဲ့တာျဖစ္ပါတယ္။
ၾသစေၾတးလ်ကေတာ့ တတိယေနရာမွာပဲ ရပ္တည္ရေတာ့မွာျဖစ္ၿပီး
အုပ္စု A က တတိယရအသင္းနဲ႔ Play-offs ကစားကာ
အႏိုင္ရခဲ့ရင္ ေနာက္ဆုံးအဆင့္ Play-offs အျဖစ္

ေတာင္အေမရိကဇုန္မွ အဆင့္ ၅ ရအသင္းနဲ႔
ဆက္လက္အားၿပိဳင္ရမွာျဖစ္ပါတယ္။
ဘရိုက္တန္ကေန ဘယ္လ္ဂ်ီယံကလက္ ယူနီယံ SG အသင္းထံ
အငွားသြားကစားေနတဲ့ ေတာင္ပံကစားသမား မီတုိမားဟာ
ပြဲကစားခ်ိန္ ၅ မိနစ္အတြင္း ၂ဂိုးအထိ သြင္းယူႏုိင္ခဲ့တာျဖစ္ၿပီး

ပြဲခ်ိန္ ၈၉မိနစ္မွာ ပထမဂိုးနဲ႔ နာက်င္အခ်ိန္ပို ၄မိနစ္မွာ
အဆုံးသတ္ဂိုးေတြ အသီးသီးသြင္းယူခဲ့တာျဖစ္ပါတယ္။
ဂ်ပန္ဟာ အဲဒီႏိုင္ပြဲေၾကာင့္ လက္က်န္ ၁ပြဲပဲ
ကစားဖုိ႔ က်န္ေတာ့တဲ့အေနအထားမွာ တတိယေနရာက
ၾသစေၾတးလ်ကို ၆ မွတ္အထိ ျဖတ္ႏိုင္ခဲ့ပါတယ္။

ေနာက္ထပ္ပြဲႀကီးပြဲေကာင္းအျဖစ္ ေတာင္ကိုရီးယားနဲ႔
အီရန္တုိ႔ရဲ႕အုပ္စုပထမေနရာလုပြဲမွာေတာ့ အိမ္ရွင္အသင္းက
၂-၀ ဂိုးနဲ႔အႏိုင္ယူၿပီး အီရန္ကို ေက်ာ္ျဖတ္ကာ
အုပ္စုထိပ္ဆုံးေနရာ ေရာက္လာပါတယ္။
ပထမပိုင္းၿပီးခါနီးမွာ စပါးတုိက္စစ္မွဴး ဆြန္ေဟာင္မင္က

ေတာင္ကိုရီးယားအတြက္ ဦးေဆာင္ဂိုးသြင္းယူခဲ့ၿပီး
ဒုတိယပိုင္းျပန္စလုိ႔ ၂၁မိနစ္အၾကာမွာ ကင္ေဂ်ာင္ဂြမ္းက
အိမ္ရွင္အသင္းအတြက္ အဆုံးသတ္ဂိုးသြင္းယူခဲ့ပါတယ္။