သြစတြေးလျနဲ့ပွဲစဉ်က အရမ်းကိုခက်ခဲလိမ့်မယ်လို့ မက်ဆီ သတိပေးလိုက်

GOAT တစ်ယောက်ဖြစ်တဲ့ မက်ဆီကတော့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ်မှာတွေ့ဆုံရမယ့်ပြိုင်ဘက် သြစတြေးလျအသင်းကိုကြောက်ရွံ့နေတဲ့ပုံစံရှိပါတယ်။ ဒီပွဲစဉ်ဟာ

အာဂျင်တီးနားအတွက်အလွန်ခက်ခဲနိုင်တယ်လို့ မက်ဆီကစိတ်ပူတဲ့အသံမျိုးလွှင့်လိုက်တာဖြစ်တယ်။ မက်ဆီဟာ အမြင့်ဆုံးအဆင့်ဗိုလ်လုပွဲတွေအပါအဝင် အဆုံးအဖြတ်ပွဲစဉ်ပေါင်းများစွာကို ပါဝင်ကစားခဲ့သူဖြစ်ပြီး

သြစတြေးလျနဲ့စမ်းသပ်မှုကခက်ခဲလိမ့်မယ်လို့ ခံစားနေရတာဖြစ်တယ်။ သြစတြေးလျဟာ အုပ်စုတွင်းမှာလက်ရှိချန်ပီယံပြင်သစ်နဲ့  ရမှတ်တူအနေအထား(၆မှတ်)နဲ့နောက်တစ်ဆင့်တက်လှမ်းလာတဲ့အသင်းဖြစ်တယ်။

ပြိုင်ဘက်နဲ့ပတ်သတ်လို့ မက်ဆီက ပေါ့ပေါ့တန်တန်တွေးထားပုံမရပါဘူး။ “သြစတြေးလျနဲ့တွေ့ဆုံမှုက အရမ်းကိုခက်ခဲတဲ့ပွဲစဉ်ဖြစ်မှာပါ။ ဘယ်သူက ဘယ်သူ့ကိုမဆိုအနိုင်ယူနိုင်စွမ်းရှိနေပါတယ်။

ကျွန်တော်တို့အမြဲတမ်းလုပ်ခဲ့သလိုပဲ ပွဲအတွက်ပြင်ဆင်ရပါလိမ့်မယ်” လို့ မက်ဆီက သတိပေးပြောဆိုထားပါတယ်။ သြဇီနည်းပြဂရေဟမ်အာနိုးက “ဒိန်းမတ်နိုင်ပွဲအတွက်အားစိုက်ထုတ်ခဲ့ကြတဲ့

ကောင်လေးတွေအတွက်ဂုဏ်ယူပါတယ်။ တိုတောင်းလွန်းတဲ့အလှည့်အပြောင်းကာလမှာ သူတို့ရဲ့ကြိုးစားအားထုတ်မှုကမယုံနိုင်စရာပါပဲ။ ကောင်းလေးတွေက စိတ်သဘောထားကြီးသူတွေဖြစ်တယ်။

ကျွန်တော်တို့ ၄နှစ်ခွဲလုံးလုံးလုပ်ဆောင်ခဲ့ကြတယ်။ ကျွန်တော်တို့မှာယုံကြည်ချက်၊ စွမ်းအင်နဲ့ အာရုံစူးစိုက်မှုတွေရှိနေတယ်။ အဆင်သင့်ဖြစ်နေပြီဆိုတာကို သူတို့မျက်လုံးထဲမှာမြင်နေရတယ်” လို့

ဒိန်းမတ်နဲ့ပွဲအပြီးမှာ ပြောဆိုသွားပါတယ်။

(Zawgyi)

ၾသစေၾတးလ်နဲ႔ပြဲစဥ္က အရမ္းကိုခက္ခဲလိမ့္မယ္လို႔ မက္ဆီ သတိေပးလိုက္

GOAT တစ္ေယာက္ျဖစ္တဲ့ မက္ဆီကေတာ့ ကမာၻ႔ဖလား ၁၆ သင္းအဆင့္ပြဲစဥ္မွာေတြ႕ဆုံရမယ့္ၿပိဳင္ဘက္ ၾသစေၾတးလ်အသင္းကိုေၾကာက္႐ြံ႕ေနတဲ့ပုံစံရွိပါတယ္။

ဒီပြဲစဥ္ဟာ အာဂ်င္တီးနားအတြက္အလြန္ခက္ခဲႏိုင္တယ္လို႔ မက္ဆီကစိတ္ပူတဲ့အသံမ်ိဳးလႊင့္လိုက္တာျဖစ္တယ္။ မက္ဆီဟာ အျမင့္ဆုံးအဆင့္ဗိုလ္လုပြဲေတြအပါအဝင္ အဆုံးအျဖတ္ပြဲစဥ္ေပါင္းမ်ားစြာကိုပါဝင္ကစားခဲ့သူျဖစ္ၿပီး

ၾသစေၾတးလ်နဲ႔စမ္းသပ္မႈကခက္ခဲလိမ့္မယ္လို႔ ခံစားေနရတာျဖစ္တယ္။ ၾသစေၾတးလ်ဟာ အုပ္စုတြင္းမွာလက္ရွိခ်န္ပီယံျပင္သစ္နဲ႔ ရမွတ္တူအေနအထား(၆မွတ္)နဲ႔ေနာက္တစ္ဆင့္တက္လွမ္းလာတဲ့အသင္းျဖစ္တယ္။

ၿပိဳင္ဘက္နဲ႔ပတ္သတ္လို႔ မက္ဆီက ေပါ့ေပါ့တန္တန္ေတြးထားပုံမရပါဘူး။ “ၾသစေၾတးလ်နဲ႔ေတြ႕ဆုံမႈက အရမ္းကိုခက္ခဲတဲ့ပြဲစဥ္ျဖစ္မွာပါ။ ဘယ္သူက ဘယ္သူ႔ကိုမဆိုအႏိုင္ယူႏိုင္စြမ္းရွိေနပါတယ္။

ကြၽန္ေတာ္တို႔အၿမဲတမ္းလုပ္ခဲ့သလိုပဲ ပြဲအတြက္ျပင္ဆင္ရပါလိမ့္မယ္” လို႔ မက္ဆီက သတိေပးေျပာဆိုထားပါတယ္။ ၾသဇီနည္းျပဂေရဟမ္အာႏိုးက “ဒိန္းမတ္ႏိုင္ပြဲအတြက္အားစိုက္ထုတ္ခဲ့ၾကတဲ့

ေကာင္ေလးေတြအတြက္ဂုဏ္ယူပါတယ္။ တိုေတာင္းလြန္းတဲ့အလွည့္အေျပာင္းကာလမွာ သူတို႔ရဲ႕ႀကိဳးစားအားထုတ္မႈကမယုံႏိုင္စရာပါပဲ။ ေကာင္းေလးေတြက စိတ္သေဘာထားႀကီးသူေတြျဖစ္တယ္။

ကြၽန္ေတာ္တို႔ ၄ႏွစ္ခြဲလုံးလုံးလုပ္ေဆာင္ခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔မွာယုံၾကည္ခ်က္၊ စြမ္းအင္နဲ႔ အာ႐ုံစူးစိုက္မႈေတြရွိေနတယ္။ အဆင္သင့္ျဖစ္ေနၿပီဆိုတာကို သူတို႔မ်က္လုံးထဲမွာျမင္ေနရတယ္” လို႔

ဒိန္းမတ္နဲ႔ပြဲအၿပီးမွာ ေျပာဆိုသြားပါတယ္။