သြဂုတ်မှာ အသက် ၃၄နှစ်ပြည့်တော့မယ့် လီဝန်ဒေါစကီးအတွက် ယူရိုသန်း ၆၀ ကျော်ပေးချင်နေတဲ့ ဘာစီလိုနာ

သတင်းတွေရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ

ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမယ့်
ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူဖို့
ကမ်းလှမ်းဖွယ်ရှိနေကြောင်း သိရပါတယ်။
လီဝန်ဒေါစကီးရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၃ နွေရာသီမှာ
ကုန်ဆုံးတော့မှာဖြစ်ပြီး ဘာစီလိုနာအသင်းဘက်က

လာမယ့်သြဂုတ်လဆိုရင် အသက် ၃၄ နှစ်ပြည့်တော့မယ့်
လီဝန်ဒေါစကီးအတွက် ယူရိုသန်း ၆၀အထိ ပေးချေဖို့ အသင့်ရှိနေပါတယ်။
မာကာသတင်းစာရဲ့ဖော်ပြချက်အရ ဘာစီလိုနာဟာ
ဘဏ္ဍာရေးအချက်အလက်တွေကြောင့် အဓိကပစ်မှတ်ဖြစ်တဲ့
ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူနိုင်စွမ်း

မရှိနိုင်မှုအပေါ် လက်သင့်ခံခဲ့ပြီးနောက် ပိုလန်လက်ရွေးစင်
လီဝန်ဒေါစကီးဘက်ကို မြားဦးလှည့်လာတာဖြစ်ကြောင်း သိရပါတယ်။
ဘာစီလိုနာဟာ လီဝန်ဒေါစကီးကို ယူရိုသန်း ၆၀နဲ့
ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေပြီး သူ့ရဲ့အေးဂျင့်ဖြစ်သူ
ဇဟာဗီနဲ့ အသင်းဥက္ကဋ္ဌ လာပေါ်တာတို့က ရင်းနှီးတဲ့

သူငယ်ချင်းတွေဖြစ်ကြောင်း မာကာက ဆက်လက်ရေးသားပါတယ်။
ဘာစီလိုနာဟာ ဟာလန်းကို မခေါ်ယူနိုင်ရင် တခြားပစ်မှတ်တွေဘက်
မြားဦးလှည့်ဖွယ်ရှိနေပြီး လီဝန်ဒေါစကီးအပြင်
၂၀၂၃ မှာ လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်
အီဂျစ်တိုက်စစ်မှူး ဆာလာလည်း အသင်းရဲ့ပစ်မှတ်ထဲမှာ ပါဝင်နေပါတယ်။

လီဝန်ဒေါစကီးဟာ ယခုရာသီမှာ အသင်းအတွက်
ပြိုင်ပွဲစုံ ၃၇ပွဲကစား ၄၅ဂိုးအထိ သွင်းယူထားပေမယ့်
အသင်းဘက်က အခုချိန်အထိ စာချုပ်သစ်
ချုပ်ဆိုဖို့ ကမ်းလှမ်းခြင်းမရှိသေးပါဘူး။
ဘာစီလိုနာအသင်းကလည်း လီဝန်ဒေါစကီးအနေနဲ့

အခုလိုအမြင့်ဆုံးအဆင့်မှာ နောက်ထပ်နှစ်အနည်းငယ်
ကြာတဲ့ဆက်လက်ကစားနိုင်ဦးမယ်လို့ ယုံကြည်နေပါတယ်။
လီဝန်ဒေါစကီးဟာ ၂၀၁၄ နွေရာသီက ဒေါ့မွန်ကနေ
ရောက်လာပြီးနောက် ဘိုင်ယန်အတွက် ဘွန်ဒက်စ်လီဂါ
၂၄၆ပွဲမှာ အံ့အားသင့်ဖွယ် ၂၃၄ဂိုးအထိသွင်းယူထားပါတယ်။

သူဟာ ဘိုင်ယန်နဲ့အတူ ၇ကြိမ်၊ ဒေါ့မွန်နဲ့အတူ ၂ကြိမ်အပါအဝင်
ဘွန်ဒက်စ်လီဂါဖလား ၉ကြိမ်အပြင် အောင်မြင်မှု
အများအပြားရရှိထားပါတယ်။

Zawgyi

ၾသဂုတ္မွာ အသက္ ၃၄ႏွစ္ျပည့္ေတာ့မယ့္ လီ၀န္ေဒါစကီးအတြက္ ယူရိုသန္း ၆၀ ေက်ာ္ေပးခ်င္ေနတဲ့ ဘာစီလိုနာ
သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလုိနာအသင္းဟာ
ဘ႑ာေရးဆုိင္ရာျပႆနာေတြနဲ႔ ရင္ဆုိင္ေနရေပမယ့္
ဘုိင္ယန္တုိက္စစ္မွဴး လီ၀န္ေဒါစကီးကို ေခၚယူဖို႔

ကမ္းလွမ္းဖြယ္ရွိေနေၾကာင္း သိရပါတယ္။
လီ၀န္ေဒါစကီးရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက ၂၀၂၃ ေႏြရာသီမွာ
ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ဘာစီလုိနာအသင္းဘက္က
လာမယ့္ၾသဂုတ္လဆိုရင္ အသက္ ၃၄ ႏွစ္ျပည့္ေတာ့မယ့္
လီ၀န္ေဒါစကီးအတြက္ ယူရိုသန္း ၆၀အထိ ေပးေခ်ဖုိ႔ အသင့္ရွိေနပါတယ္။

မာကာသတင္းစာရဲ႕ေဖာ္ျပခ်က္အရ ဘာစီလုိနာဟာ
ဘ႑ာေရးအခ်က္အလက္ေတြေၾကာင့္ အဓိကပစ္မွတ္ျဖစ္တဲ့
ေဒါ့မြန္တုိက္စစ္မွဴး ဟာလန္းကို ေခၚယူႏုိင္စြမ္း
မရွိႏိုင္မႈအေပၚ လက္သင့္ခံခဲ့ၿပီးေနာက္ ပိုလန္လက္ေရြးစင္
လီ၀န္ေဒါစကီးဘက္ကို ျမားဦးလွည့္လာတာျဖစ္ေၾကာင္း သိရပါတယ္။

ဘာစီလုိနာဟာ လီ၀န္ေဒါစကီးကို ယူရိုသန္း ၆၀နဲ႔
ေခၚယူႏိုင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနၿပီး သူ႕ရဲ႕ေအးဂ်င့္ျဖစ္သူ
ဇဟာဗီနဲ႔ အသင္းဥကၠ႒ လာေပၚတာတို႔က ရင္းႏွီးတဲ့
သူငယ္ခ်င္းေတြျဖစ္ေၾကာင္း မာကာက ဆက္လက္ေရးသားပါတယ္။
ဘာစီလုိနာဟာ ဟာလန္းကို မေခၚယူႏုိင္ရင္ တျခားပစ္မွတ္ေတြဘက္

ျမားဦးလွည့္ဖြယ္ရွိေနၿပီး လီ၀န္ေဒါစကီးအျပင္
၂၀၂၃ မွာ လီဗာပူးနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္
အီဂ်စ္တုိက္စစ္မွဴး ဆာလာလည္း အသင္းရဲ႕ပစ္မွတ္ထဲမွာ ပါ၀င္ေနပါတယ္။
လီ၀န္ေဒါစကီးဟာ ယခုရာသီမွာ အသင္းအတြက္
ၿပိဳင္ပြဲစုံ ၃၇ပြဲကစား ၄၅ဂိုးအထိ သြင္းယူထားေပမယ့္

အသင္းဘက္က အခုခ်ိန္အထိ စာခ်ဳပ္သစ္
ခ်ဳပ္ဆိုဖုိ႔ ကမ္းလွမ္းျခင္းမရွိေသးပါဘူး။
ဘာစီလုိနာအသင္းကလည္း လီ၀န္ေဒါစကီးအေနနဲ႔
အခုလိုအျမင့္ဆုံးအဆင့္မွာ ေနာက္ထပ္ႏွစ္အနည္းငယ္
ၾကာတဲ့ဆက္လက္ကစားႏုိင္ဦးမယ္လုိ႔ ယုံၾကည္ေနပါတယ္။

လီ၀န္ေဒါစကီးဟာ ၂၀၁၄ ေႏြရာသီက ေဒါ့မြန္ကေန
ေရာက္လာၿပီးေနာက္ ဘုိင္ယန္အတြက္ ဘြန္ဒက္စ္လီဂါ
၂၄၆ပြဲမွာ အံ့အားသင့္ဖြယ္ ၂၃၄ဂိုးအထိသြင္းယူထားပါတယ္။
သူဟာ ဘုိင္ယန္နဲ႔အတူ ၇ႀကိမ္၊ ေဒါ့မြန္နဲ႔အတူ ၂ႀကိမ္အပါအ၀င္
ဘြန္ဒက္စ္လီဂါဖလား ၉ႀကိမ္အျပင္ ေအာင္ျမင္မႈ

အမ်ားအျပားရရွိထားပါတယ္။